Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ - Political Football

$
0
0

ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ - Political Football
(Academic Weekly Journal, Yangon) မိုးမခ၊ စက်တင်ဘာ ၂၊ ၂၀၁၅

တိုးအောင်တက် - ကြံ့ဖွံ့ပါတီနဲ့ စစ်တပ်ရဲ့ Plan A, B, C

$
0
0
(၂၀၁၀ တုန်းက ဘီရုမာ ဆွဲခဲ့တဲ့ ကာတွန်း)

တိုးအောင်တက် - ကြံ့ဖွံ့ပါတီနဲ့ စစ်တပ်ရဲ့ Plan A, B, C
(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၁၅


ဒေါ်အောင်ဆန်းစုကြည်ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လာမယ့်ရွေးကောက်ပွဲမှာ သောင်ပြို ကမ်းပြိုအနိုင်ရဖို့ ကြိုးစားနေပါတယ်။ အနိုင်ရဖို့လည်း ရှိနေတယ်။  ဒေါ်စုသမ္မတ မဖြစ်နိုင်အောင်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်မှာ ကျင်းပတဲ့ ဒီရွေးကောက်ပွဲ၊ ပါတီတစ်ခုက ရာနှုန်းပြည့်အနိုင်ရရင်တောင် အခြေခံပဒေပြင်ဖို့ တပ်ရဲ့ထောက်ခံမှုမပါပဲ ၇၅ရာခိုင်နှုန်းကျော်ရန် မဖြစ်နိုင်တဲ့အခြေအနေ။ ဒီလိုအနေအထားမှာ ဒေါ်စုဟာ ရွေးကောက်ပွဲအပေါ်လုံးဝဦးတည်ချက်ထားပြီး သွားနေတာ သူမမှာအကြံအစည်ကောင်းတွေရှိလို့လား ဒါမှမဟုတ် လုပ်စရာ ဒီတစ်ခုတည်းရှိလို့ အာရုံစိုက်လုပ်နေရတာလား။  ရှေးဦးစွာ ရွေးကောက်ပွဲကို ပြည်သူ၊ အစိုးရ နဲ့ အတိုက်အခံများက ဘယ်လို အဓိပ္ပါယ်နဲ့မြင်ကြသလဲကို လေ့လာကြည့်ဖို့လိုပါတယ်

၂၀၁၅ ရွေးကောက်ပွဲရဲ့ အဓိပ္ပါယ်

 ဒီလာမယ့်ရွေးကောက်ပွဲကို ပြည်သူတွေက ဒီမိုကရေစီသွားမယ့်လမ်းအတွက်အတွက် အရေးကြီးတဲ့ အပြောင်းအလဲအဖြစ် မြင်ကြပေမယ့်  တစ်ကယ်တော့ အစိုးရဘက်ကရော အတိုက်အခံကပါ နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဆက်လက်လွှမ်းမိုးနိုင်ရေးက အဓိကဖြစ်ပါတယ်။ အစိုးရက ဒီရွေးကောက်ပွဲဟာ ပြယုဒ်တစ်ခုအဖြစ် အမေရိကန်နဲ့ အနောက်အုပ်စုကို သူတို့ လမ်းပြမြေပုံအတိုင်းသွားနေတယ်လို့ ပြနေခြင်းဖြစ်တယ်။  NLD အနေနဲ့လည်း သူတို့ဟာ အဓိကအတိုက်အခံဖြစ်ဆက်ရှိရန် ရွေးကောက်ပွဲမှာ မဲအများစုအနိင်ရရေး ဟာ အလွန်အရေးပါတယ်။ မနိုင်ခဲ့ရင် သူတို့ဟာ လူထုဦးဆောင်မှုပေးနိုင်တဲ့ အခြေအနေကနေ နောက်ရောက်သွားမှာဖြစ်တယ်။ တစ်ခြားပါတီကြီး၊ ငယ်တွေကလည်းနိုင်ငံရေးမှာတစ်နေရာရအောင်ကြိုးပမ်းနေရတာဖြစ်တယ်။

ရွေးကောက်ပွဲမဝင်ခင်နိုင်ငံရေးအခြေအနေ

 စစ်အစိုးရရဲ့ စည်းကမ်းရှိသောဒီမိုကရေစီသွားရာလမ်းစဉ်ဖြစ်တဲ့ ပထမအရေးအကြီးဆုံးခြေလှမ်းကို ၂၀၀၈ အခြေခံဥပဒေကိုပြဌာန်းအပြီး နောက် အခုဒုတိယအကြိမ် ရွေးကောက်ပွဲမှာ လူစုံတက်စုံပါလာခြင်းဟာ သူတို့ရဲ့ပြောင်းလဲခြင်းလမ်းစဉ် အလုပ်ဖြစ်ကြောင်းပြနေပြီး အခြေခံဥပဒေအရ စစ်တပ်ဟာ အရေးကြီးတဲ့နိုင်ငံတော်စောင့်ရှောက်ရေးကနေ ဆက်ရှိနေတယ်။

 အင်အားအကြီးဆုံးအတိုက်အခံဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒီပွဲကို ရာနှုန်းပြည့်အနိုင်ရအောင် မှန်းပြီး ဝင်ရန်ခက်ခဲတဲ့ဒေသမှအပ နေရာတိုင်းကို ဝင်ပြိုင်မှာဖြစ်တယ်။

 ဒီနေရာမှာ ပြည်သူတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာထက် ဒေါ်စုကို ယုံကြည်ပြီး မဲပေးခြင်းဖြစ်တယ်။ ဒေါ်စုအတွက်အရေးကြီးတာက ပြည်သူတွေကိုမဲဆွယ်ဖို့ထက် လူထုနဲ့ အတိုက်အခံများကို တစ်စည်းတစ်လုံးတည်း စုစည်းမိစေဖို့ဖြစ်တယ်။ လူထုက ဘယ်လိုဖြစ်ဖြစ်သူ့ကို မဲထည့်မှာဖြစ်ပြီး သူ့အတွက်အခက်အခဲဖြစ်မှာက တိုင်းရင်းသားပြည်နယ်များ၊ ဘာသာရေးအစွန်းရောက်များ၊ လစာနည်းအလုပ်သမားများ၊ မြေသိမ်းခံ လယ်သမားများ ဖြစ်တယ်။

ဘာသာရေးလူမျိုးရေးအစွန်းရောက်များကိုတော့ သူမ ဘာမှလုပ်ရမယ့်ပုံမမြင်ဘူး။ တိုင်းရင်းသားပြည်နယ်တွေမှာကိုယ်တိုင်ဝင်ပြိုင်ဖို့ထက် သြဇာရှိပြီးသားအဖွဲ့ပါတီခေါင်းဆောင်များနဲ့ နားလည်မှုရဖို့က ပိုအရေးကြီးတယ်။ လယ်သမား အလုပ်သမားကျောင်းသားများတွင်လည်း သူတို့ရဲ့ခေါင်းဆောင်များကို စည်းရုံးသိမ်းသွင်းနိုင်ဖို့ လိုအပ်တယ်။ သို့ရာတွင်NLD က ၈၈ကျောင်းသားများနဲ့ အခြားထင်ရှားသော ပြည်သူ့ခေါင်းဆောင်အချို့ကို ဒီရွေးကောက်ပွဲမှာ နေရာမပေးပဲထားလိုက်ခြင်းက  တစ်စုတစ်စည်းတည်းဖြစ်စေရန် အားနည်းစေလိမ့်မည်။ ရွေးကောက်ပွဲတွင် မဲနိုင်စေကာမူ နောက်ပိုင်းတွင် ပြသနာများပေါ်လာပါက ထိုသူများရဲ့ထောက်ခံစည်းရုံးမှု လိုအပ်လာနိုင်သည်။

ရွေးကောက်ပွဲပြီးအခြေအနေ

စစ်အုပ်စုဟောင်းက Plan A - ကြံ့ဖွံ့အာဏာပြန်ရရေး၊  plan B - ညွန့်ပေါင်းအစိုးရ၊  plan C - NLD အစိုးရ အထိပြင်ဆင်ထားနိုင်သည်။ 

ကြံဖွံ့ပါတီအနေနဲ့  ရွေးကောက်ပွဲကို၂၆ရာနှုန်းနိုင်ဖို့သို့မဟုတ် ညွန့်ပေါင်းအစိုးရပေါ်လာရန် မျှော်လင့်ထားနိုင်သည်။ ရွေးကောက်ပွဲကော်မရှင် ကလည်း သူတို့လက်တွင်းမှဖြစ်ကာ နည်းမျိုးစုံသုံး၍ အနိုင်ရရေးကြိုးပမ်းနိုင်သည်။ သို့ရာတွင် ရွေးကောက်ပွဲကို မှန်မှန်ကန်ကန်ကျင်းပပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၅၁ရာခိုင်နှုန်း အသာလေး အနိုင်ရနိုင်ပါသည်။

 ထိုသို့အနိုင်ရလျင် စစ်တပ်ကလည်း Plan C အနေနဲ့ အေးအေးဆေးဆေး သူတို့အား အစိုးရဖွဲ့ခွင့်ပေးပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့လက်ထဲက ကန့်သတ်ခံ အစိုးရတစ်ရပ်သာ ပုံဖော်နိုင်မည်ဖြစ်၍ ဖြစ်သည်။ ထို Plan C တွင် ဒီချုပ်ဘာတွေလုပ်နိုင်မလဲ? ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့ပြီးနောက် ဘာတွေပြောင်းလဲနိုင်မလဲ

- အခြေခံဥပဒေပြင်ဖို့မဖြစ်နိုင်ပါ

 ၇၅ရာနှုန်းကျော်မှ ပြင်နိုင်မည်ဖြစ်ရာ NLD နဲ့တစ်ခြားပါတီများပေါင်းရင်တောင် တစ်မတ်သားစစ်တပ်ရဲ့ထောက်ခံမှုလိုအပ်နေရာ မဖြစ်နိုင်ပါ။

- တိုင်းရင်းသားတွေနဲ့ ဖက်ဒရယ်မူ မလွယ်ပါ

 အပစ်ရပ်ရေးသည် အာဏာရပါတီပေါ်တွင်မူတည်မှာမဟုတ်ဘဲ တပ်အပေါ်မှာဘဲ မူတည်မှာဖြစ်တယ်။ NLD အနေနဲ့ တပ်အပေါ် ထိန်းချုပ်ရန်သို့မဟုတ် သြဇာပေးနိုင်မည်မထင်။

- လယ်သမား ပြဿနာများ ပြေလည်မည်မဟုတ်

 လယ်သမားပြသနာများဟာ ဦးပိုင်စာချုပ်ဟောင်းများနဲ့ ယခင်အစိုးရဟောင်းရဲ့အဓမ္မသိမ်းမှု အမွေဆိုးများဖြစ်ပြီး အလုံးစုံပြန်ပြင်ဖို့ မလွယ်သလို ညိုနှိုင်းပေးဖို့ကလည်း လယ်သမားများကို ကြိုးကိုင်နေသော အဖွဲ့ခေါင်းဆောင်များနဲ့ ဆွေးနွေးစည်းရုံးဖို့လိုမည်ဖြစ်သည်။

 -လူမျိုးရေးပြဿသနာများ ပြေလည်မည်မဟုတ်

 လူမျိုးရေး ဘာသာရေးပြဿသနာများမှာ ဒေါ်စုမှမဟုတ် ဘယ်သူမှပြေလည်အောင် ရှင်းနိုင်မှာ မဟုတ်ဘဲ၊ ထိုအမြင်ပျာက်ကွယ်ရန် အချိန်ကာလ တော်တော်ယူရဦးမည်။

- စီးပွားရေးရင်းနှီးမြှုပ်နှံမှု ထင်သလိုမလွယ်

 စီးပွားရေးရင်းနှီးမြှုပ်နှံမှုသည် တိုင်းပြည်တည်ငြိမ်ရေးပေါ်မူတည်နေရာ အမျိုးသားဒီမိုကရေစီ အစိုးရဖွဲ့ပြီးနောက် အထက်ကပြသနာများရှိနေဆဲဖြစ်ရင် မလွယ်ပါ။ တစ်ဖန် စစ်တပ်နဲ့ ကြံ့ဖွံ့မှ ခြေဥပြင်ရေး တင်းထားမည်ဖြစ်ရာ၊ အမေရိကန်နဲ့ ဥရောပနိုင်ငံများမှ ဖိအားနဲ့ ရင်ဆိုင်ရနိုင်သည်။  ပြည်တွင်းတွင် ဘာသာရေးလူမျိုးရေးပြသနာများက တစ်ဆင့် အစိုးရအပေါ် ယုံကြည်မှု လျော့ကျလာပြီး ပြသနာပေါင်းစုံမီးမွှေးမည့် သူများ ပေါ်လာနိုင်သည်။ တစ်ဖန် ရှေ့လာမယ့်နှစ်တွင် ကမ္ဘာ့ (အာရှ) စီပွားရေးကျဆင်းဖို့ ရှိသလို နိင်ငံကြီးတစ်ချို့ရဲ့နိုင်ငံရေးအခြေအနေများလည်း ပြောင်းဖွယ်ရှိနေသည်။

 မြန်မာ့အိမ်ခြံမြေဈေးကွက်ကို ကျားကန်ပေးထားသော တရုတ်ရှယ်ယာထိုးကျမှု၊ ကမ္ဘာ့ရေနံဈေး၊ သတ္ထုဈေးများ ကျဆင်မှုတို့ကြောင့် တရုတ်ကိုမှီခိုနေရသော မြန်မာ့စီးပွားရေးတက်လမ်း မမြင်သလို အမေရိကန်နဲ့ အနောက်အုပ်စုတို့စိတ်ဝင်စားမှုလည်း တက်လာဖွယ် သိပ်မရှိချေ။ တစ်ဖန် - အာရှတွင်ရှိသောနိုင်ငံရေးတင်းမာမှုများ၊ အိမ်နီးချင်းအာဆီယံတို့ မတည်ငြိမ်မှုများကလည်း အခုမှ ကမ္ဘာကိုခြေလှမ်းပြင်သော မြန်မာတို့အဖို့ အချိန်ကောင်းရဖို့ စောင့်ရဦးမည်ဖြစ်သည်။

 ထို့ကြောင့် ၂၀၁၅ရွေးကောက်ပွဲအလွန်တွင် စစ်တပ်ရဲ့အခန်းကဏ္ဍရှေ့တန်းတင်ထားသောခြေဥဖြင့် ထိန်းချုပ်ခံထားရသော အတိုက်အခံအစိုးရ ဖြစ်လာပြီးနောက် နိုင်ငံရေးတိုက်ပွဲပြင်းထန်လာမည်။ ပြည်တွင်းဆန္ဒပြပွဲများ တစ်ခြိမ်းခြိမ်း ပေါ်ထွက်လာမည်။ ပဋိပက္ခများအသွင်ပေါင်းစုံနဲ့ မြန်မာပြည်ဟာ စစ်တပ်ကဏ္ဍ မပါမဖြစ် အခြေအနေများ တွန်းပို့နိုင်ရာ ပြည်သူတို့အဖို့ မျက်စိဖွင့် နားဖွင့်ထားရန်လိုအပ်သည်။

ဤပြသနာများက ရှေ့တွင်စောင့်ကြိုနေကြောင်း ရေးသားရခြင်းမှာ တိုင်းပြည်အား ဆိုးစေလို၍ မဟုတ်ပဲ ပြသနာကိုမြင်ထားမှ ရှောင်ရှားနိုင်မည်ဖြစ်သောကြောင့်ဖြစ်သည်။ လက်ရှိ စစ်တပ်ကို အတင်းပြောင်းခိုင်းခြင်းသည်အန္တရာယ်ကျရောက်စေနိုင်သလို၊ လူထုခေါင်းဆောင်တစ်ရပ် မရှိခြင်းသည်လည်း ပန်းတိုင်မရောက်ဖြစ်နိုင်ရာ - လူထုအားကိုးသော ဒေါ်အာင်ဆန်းစုကြည်သည် လူတန်းစားအားလုံးအလွှာအသီးသီးက ခေါင်းဆောင်များကို စည်းရုံးနိုင်ရေးသည် ဒီမိုကရေစီအရောက်သွားဖို့ သော့ချက်ဖြစ်သည်။

လောလောဆယ်တွင် NLDသည် လူများစုထောက်ခံမှုကိုရထား၍ တစ်ခြားအင်အားစုမှားကို လျစ်လျူ ရှုကာ မိမိတို့ဘာသာချီတက်မည်ဆိုလျင် ရှေ့မကြာသောကာလတွင် တပ်ပေါင်းစုံ အဖွဲ့ပေါင်းစုံနဲ့ သဘောထားကွဲကွဲပြားပြားဖြစ်လာပြီး လိုရာမရောက်ဖြစ်လာမည်။ လူအများစုမျှော်လင့်နေသော -  ဒေါ်စုပါတီ အနိင်ရ၊ ခြေဥ အတင်းပြင်၊ နိုင်ငံတစ်ကာ ရင်းနှီးမှုတို့စုပြုံဝင်၊  စီးပွားရေးတက်လာပြီး နိုင်ငံရေးမှာ စစ်တပ်ကို နောက်ပြန်ပို့၊  ဆိုသောအရာသည် စိတ်ကူးယဉ်ချက်သာ ဖြစ်သည်။

 ပြသနာများကို မျှော်မှနြး်ပင်ဆင်ထားမှသာ လက်တွေ့ကျသော ဖြေရှင်းချက်တို့ ပေါ်လာမည်ဟု အပြုသဘော ရေးသားလိုက်ပေသည်။

မောင်မောင်စိုး - ငြိမ်းချမ်းရေးလော စစ်ပွဲလော - အပိုင်း (၃)

$
0
0
မောင်မောင်စိုး - ငြိမ်းချမ်းရေးလော စစ်ပွဲလော - အပိုင်း (၃)
(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၁၅
• လက်နက်ဖြုတ်သိမ်းရေး
မြန်မာစစ်ဖက်ခေါင်းဆောင်များ၏ သဘောထားဖြစ်သော NCA လက်မှတ်ထိုးပြီးနောက် လက်မှတ်ထိုးသည်အဖွဲ့ရော လက်မှတ်မထိုးသည့် အဖွဲ့ပါ DDR/SSR နှင့်လက်နက် ဖြုတ်ရမည် ဆိုခြင်းသည်၎င်း MNDAA/TNLA/AA နှင့် KIA တပ်မဟာ ၄ တို့လက်နက်ချရမည်ဆိုသည်မှာ လက်တွေ့ဖြစ်နိုင်ချေအရ မလွယ်ကူလှပေ။

တိုင်းရင်းသားလက်နက်ကိုင်များတင်ပြသည့် SSR လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းမှုဆိုရာ၌ ၎င်းတို့၏တပ်များအား သင့်လျော်သည့်ဖွဲ့စည်းမှုအဖြစ်ပြန်လည်ဖွဲ့စည်းရန် ရည်ရွယ်သည်။ ပြည်နယ်တပ် သို့မဟုတ် စစ်ရဲတပ်ရင်းများစသည့် ပုံစံတမျိုးမျိုးပြန်လည်ဖွဲ့စည်းနိုင်ရေးကို ရည်ရွယ်သည်။ သို့အတွက် ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကိုပြုလုပ်သွားလိုသည်။ ထို့ပြင် စစ်တပ်လက်ရှိပါဝင်နေသည့် အခန်းကိုလည်း လျော့ချဘို့လိုသည်ဟု သူတို့သဘောထားကို အရိပ်အမြွက်ဆို ထားသည်။

သို့ဖြစ်ရာ NCA လက်မှတ်ထိုးပြီးနောက် မလွှဲမရှောင်သာ နိုင်ငံရေးဆွေးနွေးပွဲတွင် တွေ့ရမည်အချက်ဖြစ်သည်။ တိုင်းရင်း သားလက်နက် ကိုင်အဖွဲ့များရှိနေသ၍ စစ်တပ်အနေနှင့် မြန်မာ့နိုင်ငံရေးမှ နောက်မဆုတ်နိုင်ဟု ဆိုထားသည်။ တိုင်းရင်းသားလက်နက်ကိုင်များကလည်း SSR အရ စစ်တပ်အခန်းကိုလျော့ချနိုင်မှ တိုင်းရင်းသားတို့ အခွင့်အရေးရနိုင်မည်ဟု ယူဆ ထားပေရာ ကြက်ဥနှင့် ကြက် ဘယ်ကအရင်စသနည်းဟူသော အငြင်းအခုံမျိုး ဖြစ်ပေလိမ့်မည်။

လက်တွေ့ကျကျစဉ်းစားလျှင် လက်ရှိ MNDAA/AA/TNLA/ KIA တပ်မဟာ ၄ တို့အား လက်နက်ချခိုင်းခြင်းသည်လည်းကောင်း၊ တဖန် NCA လက်မှတ်ထိုးရန်ငြင်းပယ်ထားသည့် UWSA နှင့်မိုင်းလားအဖွဲ့တို့ကို လက်နက်ဖြုတ်သိမ်းခြင်းသည်လည်းကောင်း လွယ်ကူလိမ့်မည် မဟုတ်ပေ။ ဖြစ်နိုင်ချေအလွန်နည်းသည်။ မြန်မာစစ်တပ်အနေနှင့် မိမိရည်မှန်းချက်ကို စစ် အင်အားနှင့် ရယူခဲ့သကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအဖို့ သူတို့၏အခွင့်အရေးကို လက်နက်ကိုင်၍ ကာကွယ် ရမည်ဆိုသည့်အမြင်မှာ ရှည်ကြာခဲ့သောပြည်တွင်းစစ်အတွင်း အရိုးစွဲလာသော အယူအဆ ဖြစ်သည်။

သို့ဖြစ်ရာ ထိုအဖွဲ့များ လက်နက်မချလျှင် လက်နက်ဖြုတ်သိမ်းရန်လက်မခံလျှင် မည်သို့ဆောင်ရွက်မည်နည်း။ စစ်မှအပ အ ခြားနည်းလမ်း မရှိတော့ပေဘူးလော။ ထိုသို့ အခြားလမ်းကိုမရွေးနိုင်ပါက တပြည်လုံး အပစ်ရပ်ရေးဆိုသည်မှာ ဖြစ်နိုင် တော့မည် မဟုတ်ပါ။ လက်ရှိ ချန်ထားမည့်အဖွဲ့များကိုကြည့်လျှင်ပင် ရှမ်းပြည်မြောက်ပိုင်းသည် ငြိမ်သက်ဘွယ် မမြင်ပေ။ ဤမီးစသည် တရုတ်နယ်စပ်တလျောက် ထိမ်းသိမ်းရန်ခက်ခဲသည့်အခြေအနေမျိုး ဆိုက်ရောက်နိုင်သည်ကို ဂရုပြုရန် လိုပေ လိမ့်မည်။

• နိုင်ငံရေးပြဿနာ
တကယ်တော့ နိုင်ငံရေးပြဿနာသည် လက်နက်ကိုင်တပ်ဖွဲ့ပြဿနာထက် ပိုအရေးကြီးသည်။ နိုင်ငံရေးပြဿနာ ဖြေရှင်း နိုင်မှ လက်နက်ကိုင်တပ်ပြဿနာအပါ ကျန်ပြသနာများကို ဖြေရှင်းနိုင်ပေလိမ့်မည်။ ထို့ပြင် တိုင်းရင်းသားတို့နှင့်ပြဿနာမှာ ဒီမိုကရေစီပြဿနာမဟုတ်ပေ။ တန်းတူရေးပြဿနာဖြစ်သည်။ တိုင်းရင်းသားတို့တောင်းဆိုနေသည့် ဖက်ဒရယ်ပြည်ထောင်စု ဆိုသည်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ဥပဒေပြဌာန်းခွင့်တို့ ပါဝင်သည်။ တိုင်းရင်းသားပြည်နယ်များမှ သယံဇာတ များ အား ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ပိုင်ခွင့်တို့ ပါဝင်သည်။သူတို့အားကာကွယ်ပေးမည့် ပြည်နယ်အလိုက် လက်နက်ကိုင်တပ်ဖွဲ့ များပါသည်။

ဤနိုင်ငံရေးပြဿနာသည် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဘို့လိုသည်ကို ရည်ညွှန်းသည်။ လက်ရှိ အစိုးရကလက်ခံသည် ဆိုသည် ဖက်ဒရယ်ပုံစံနှင့် တိုင်းရင်းသားများလိုလားသည့် ပုံစံကြားကွာဟမှုများ ရှိနေဆဲဖြစ်သည်။ ထိုအခြေအနေအောက် တွင် NCA စာချုပ်တွင်ကျော်လွှားခဲ့သည့်အချက်များသည်နိုင်ငံရေးဆွေးနွေးပွဲတွင် ထိပ်ရောက်လာပေမည်။ အစိုးရဖက်က ၂၀၀၈ အတိုင်းကိုင်တွယ်ရန် ကြိုးစားပါက ဖြစ်နိုင်မည်မဟုတ်ပေ။ တိုင်းရင်းသားလက်နက်ကိုင်များက ၂၀၀၈ အခြေခံ ဥပဒေကို လက်မခံဟု စောစီးစွာ ပြောခဲ့ပြီးဖြစ်သည်။ ၂၀၁၅ ဇူလိုင်၁၈ ရက်နေ့ ဧရာဝတီသတင်းဌာနနှင့် ပြုလုပ်သောအင်တာ ဗျူးတွင် SD အဖွဲ့ခေါင်းဆောင် နော်စီဖိုးရာစိန်က ၂၀၀၈ အခြေခံဥပဒေကို လက်မခံဟု ထပ်မံပြောဆိုခဲ့သေးသည်။

နိုင်ငံရေးပြဿနာ တန်းတူရေးပြဿနာသည် လက်နက်တပ်ဖွဲ့ပြဿနာဖြေရှင်းရေးအတွက် အခရာဖြစ်သည်။ နိုင်ငံရေးပြ ဿနာ မဖြေရှင်းနိုင်ဘဲ တိုင်းရင်းသားအဖွဲ့တို့ လက်နက်ကိုင်တပ်ကိုအထိပါးခံမည့်ပုံမပေါ်ချေ။

• NCA အမြန်ထိုးနိုင်ရေးလော
NCA အား လက်မှတ်အမြန်ထိုးနိုင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအမြန်ရရှိအောင် ဆောင်ရွက်ရေးသည် တူသလိုလို ရှိသော် လည်းကွဲလွဲမှုရှိသည်။ လက်ရှိ NCA လက်မှတ်ထိုးခြင်းသ ည်ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲတခါးဖွင့်ခြင်းဖြစ်သည်။ ထို့ပြင် လက်ရှိ NCA တွင်ပါဝင်သည့် အချက်များမှာ ယခင်ကကဲ့သို့ အခုအပစ်ရပ် နိုင်ငံရေးပြဿနာ နောက်မှဆွေးနွေးမည်ဆိုသည် ထက်ပိုပါသည်။

ယခု NCA တွင် နိုင်ငံရေးဆွေးနွေးပွဲအတွက် အခြေခံအချက်များ တိုင်းရင်းသားအဖွဲ့များအဆိုအရ နိုင်ငံရေးအာမခံချက်များ ထည့်သွင်းလိုသည်။ ထို့ကြောင့်လည်း ကြန့်ကြာနေခြင်းဖြစ်သည်။ အမှန်တော့ ဤကဲ့သို့သော အခြေခံအချက်များကိုထည့်သွင်းနိုင်မှသာ အစကောင်း၍ အနှောင်းသေချာပေလိမ့်မည်။ ပြီးစလွယ် မကျော်လွှားသင့်ပေ။ သေချာစွာ ဂရုစိုက်ဘို့ လိုပေ လိမ့်မည်။

NCCT နှင့် UPWC တို့၏ ၇ ကြိမ်မြောက်ဆွေးနွေးပွဲတွင် NCA မူကြမ်းအားရေးဆွဲနိုင်ခဲ့သည်။ သို့သော် ထိုမူကြမ်းနှင့်ပတ်သက်ပြီး တိုင်းရင်းသားခေါင်းဆောင်များညီလာခံ တွင် ပြန်လည်တင်ပြပြီး ပြန်လည်ဖြည့်စွက် ပြင်ဆင်သင့်သည်များကို ပြင်ဆင် မည်ဟု ဆွေးနွေးပွဲတွင် ဂတိကဝတ်ထားခဲ့ကြသည်။ သို့သော် အစိုးရဖက်မှ ဦးစီး၍ အစိုးရဝန်ထမ်းအများစုပါသော NCA လက်မှတ်ထိုးရေးလှုပ်ရှားမှု ပြုလုပ်လာသည်။ EAOs ညီလာခံအပြီး SD ပြန်လည်ဖွဲ့စည်းကာ NCA မူကြမ်းပါအချက်များကို ပြန်လည်ဆွေးနွေးမည်ပြုသောအခါ အစိုးရဖက်က အင်တင်တင်ဖြစ်ခဲ့သည်။ ထို့ကြောင့် နိုင်ဟံသာက မူကြမ်းရေးဆွဲ အတည်ပြုစဉ်က ပြင်ဆင်သင့် သည်များကို ပြန်လည်ညှိနှိုင်းမည်ဟူသော ကတိကဝတ်ကို အစိုးရနှင့် UPWC ကပျက်ကွက်၍ ပျက် ကွက်၍ ရှေ့ဆက်ဘယ်လိုယုံကြည်မှုနှင့် သွားရမလဲဟူ၍ မေးခွန်းထုတ်ခဲ့သည်။

သို့သော် ပြီးခဲ့သောပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေးတွင် ဦးအောင်မင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား လာရောက်တင်ပြရာတွင် ၂၀၁၅ မတ်လ ၃၁ ရက်နေ့က NCA မူကြမ်းအား အတည်ပြုနိုင်ခဲ့ကြောင်း သို့သော် တိုင်းရင်းသားတို့လက်နက်ကိုင်အဖွဲ့များ၏ လော်ခီးလာညီလာခံမှ အချက် ၁၁ ချက်ကို ပြန်လည်ပြင်ဆင်ဆွေးနွေးရန် တင်ပြလာသဖြင့် တိုင်းပြည်အကျိုး ငြိမ်းချမ်းရေးအကျိုးရှေးရှုပြီး အစိုးရမှ ထပ်မံဆွေးနွေးရန် ဆုံးဖြတ်ခဲ့ဟု တင်ပြသွားသည်ကိုတွေ့ရသည်။

သို့ဖြစ်ရာ UPWC အဖွဲ့ခေါင်းဆောင် ဦးအောင်မင်း၏ ပြောကြားချက်နှင့် တိုင်းရင်းသားခေါင်းဆောင်တို့၏ နားလည်မှုလုံးဝ မတူပေ။ NCCTအနေနှင့် အဆိုပါ NCA မူကြမ်းအား တိုင်းရင်း သားခေါင်းဆောင်ဆောင်များညီလာခံတွင် ပြန်လည်တင်ပြပြီး ပြင်ဆင်သင့်သည့်အချက် အချက်မများအားထပ်မံဆွေးနွေးမည်ဆိုသည်မှာ နှစ်ဖက်သဘောတူပြီးသားဖြစ်သည်။ အသစ် ပြန်လည်တင်ပြမှုမျိုးမဟုတ်ပေ။ တကယ်တော့ NCA ဆွေးနွေးပွဲ နှစ်ဖက်သဘောတူထားကြသော အချက်များကွဲလွဲစွာ ဖေါ်ပြနေခြင်း ဆွေးနွေးဖက်များကြားနားလည်မှု အပြည့်အဝမရသည်ကို ဖေါ်ပြနေခြင်းဖြစ်သည်။ ဤသို့သော နားလည်မှု လွဲမှားနေသည့်အခြေအနေမျိုးနှင့် NCA လက်မှတ်ထိုးနိုင်ရေးမှာသဟာဇာတမဖြစ်ဟု ဆိုရပေမည်။

နှစ်ဖက်သဘောတူ လက်မှတ်ထိုးခြင်းမှာ နားလည်မှု အပြည့်အဝရှိရန် လိုပေသည်။ ထို့ကြောင့်ပင် ငြိမ်းချမ်းရေးအမြန်ရရှိ ရန်လိုအပ်သော်လည်း နှစ်ဖက်ကျေကျေလည်လည်ရှိရန် နားလည်မှုအပြည့်အဝရှိရန်က ပိုအရေးကြီးသည်ဟု ဆိုရပေမည်။ နားလည်မှုအပြည့်အဝမရှိဘဲ အလောသုံးဆယ်လုပ်နေခြင်းသည် ရေရှည်အကျိုး မရှိနိုင်ပေ။

တဖန် NCA လက်မှတ်အမြန်ထိုးရေးအတွက် ဤအစိုးရကျန်သည့်သက်တမ်းအတွင်း မထိုးနိုင်ပါက နောင်အစိုးရသက်တမ်း ရောက်ပါက တစ်ကပြန်စနေရလိမ့်မည်ဟူသော အပြောမျိုးသည်လည်း အဓိပ္ပါယ်မရှိချေ။ နောက်သက်တမ်း တက်လာမည့် အစိုးရသည် ယခင်အစိုးရလုပ်ဆောင်ခဲ့သည်များကို ဆက်ခံရသည်သာဖြစ်သည်။ ပြောရလျှင်နောက်အစိုးရ ယခုအစိုးရချေး ထားသော နိုင်ငံတကာချေးငွေများကို မဆပ်ဘဲရှောင်လွှဲ၍ မရ။ အလားတူ ယခုအစိုးရကလည်း ကိုယ်ချေးငှားသည့်ချေးငွေ ကိုယ့်သက်တမ်းမကုန်မှီ ဆပ်မည်ဟူ၍မရှိပေ။

ထို့ပြင် အပစ်ရပ်ရေးသဘောတူညီချက်နှင့်ပတ်သက်၍ နော်စီဖိုးရာစိန်နှင့် နိုင်ဟံသာတို့၏ပြောဆိုချက်အရ လက်မှတ်ထိုးခြင်း မထိုးခြင်းမှာတိုင်းရင်းသားများအတွက် နိုင်ငံရေးအာမခံချက်သဘောတူမှုနှင့်သာ သက်ဆိုင်သည်။ ယနေ့သဘောတူမှုရလျှင် နောက်နေ့လက်မှတ်ထိုး၍ရသည်ဟု ဆိုကြပါသည်။ အချိန်ပြဿနာမဟုတ်။ နိုင်ငံရေးအာမခံချက်သာ အခရာကျပေသည်။အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုက အဓိကကျပေသည်။ သို့သော် မြန်လေကောင်းလေဖြစ်သည် ဆိုသည်ကိုတော့ ငြင်းပယ်ရန်မရှိပါ။

• တိုင်းရင်းသားအဖွဲ့များအပေါ်အမြင်

တိုင်းရင်းသားအဖွဲ့များအပေါ်အမြင်သည် ပြဿနာ ဖြေရှင်းရေးအတွက်အရေးကြီးသည်။ တိုင်းရင်းသားတဖွဲ့ (သို့မဟုတ်) လူတယောက်၏ အားနဲချက်ပေါ် ရှုမြင်ပြီး လက်နက်ကိုင် စစ်ဘုရင်များ၏တပ်ဟု ရှုမြင်လျှင် ပြဿနာဖြေရှင်းရန် လမ်းပျောက် သွားပေမည်။ နယ်ခံဗိုလ်ကျ စစ်ဘုရင်ဟု ရှုမြင်သုံးသပ်သည်နှင့် ထိုအဖွဲ့အား အင်အားသုံး ချေမှုန်းသာဖြစ်ပေတော့မည်။ အပစ်ရပ်ရေး ငြိမ်းချမ်းရေး တန်းတူရေး ကိုယ်ပိုင်အုပ်ချုပ်ရေးပြဿနာများ ဘေးရောက်သွားပေလိမ့်မည်။ ဤသို့ဖြစ်ပါက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရော သူတို့အား ထောက်ခံသည့် တိုင်းရင်းသားများပါ လက်ခံနိုင်လိမ့်မည်မဟုတ်ပေ။

တိုင်းရင်းသားတို့၏ပြသနာကို ဖြေရှင်းရာတွင် သူတို့၏အမျိုးသားလက္ခဏာကို မပျက်မကွက်ထည့်သွင်းစဉ်စားရန်လိုပေ သည်။ သီပေါဘုရင် သည် တဦးချင်းအရ အရည်အသွေးညံ့ကောင်း ညံ့မည်။ ပဒေသရာဇ်စနစ်သည် ခေတ်နောက်ကျကောင်း နောက်ကျမည်။ သို့သော် သီပေါနှင့် ရတနာပုံမင်းနေပြည်တော်သည် မြန်မာတို့အတွက်တော့ အမျိုသားလက္ခဏာကို ဖေါ် ညွှန်းသည်ကိုပြသည်။ အလားတူပင် တိုင်းရင်းသားများ အတွက်လည်း သူတို့လူမျိုးများ၏ အမျိုးသားလက္ခဏာများရှိသည်ကို သတိပြုသင့်သည်။

ယခုနှစ်ဆန်းပိုင်းက မြန်မာစစ်ဖက်၏ စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခြင်းခံရသော်လည်း ကိုးကန့်အဖွဲ့ပြုတ်မ သွားဘဲ ကိုးကန့်ဒေသနဲ့အနီးပတ်လည်တွင် ကုတ်ကပ်နေနိုင်ခြင်းသည် ကိုးကန့်တို့၏ အမျိုးသားစိတ်က တောင့်ခံအားပေး ထားခြင်းကြောင့်ဖြစ်သည်။ မည်သည့်လူမျိုးတွင်မဆိုရှိသော အမျိုးသားစိတ်ဆိုသည်မှာ အင်မတန်ပြင်းထန်သော တုန့် ပြန်မှု ခွန်အားနှင့် ပေါက်ကွဲမှုကို ပေးနိုင်စွမ်းရှိသည်ဟု ဆိုရမည်။ သတိပြုရန်လိုအပ်သည်။

ဆက်လက်ဖေါ်ပြပါမည်

ကာတွန်း စောငို - ပြည်တွင်းစစ် ၆၇ နှစ်၊ ရွေးကောက်ပွဲ လက် ငါးချောင်း

$
0
0

ကာတွန်း စောငို - ပြည်တွင်းစစ် ၆၇ နှစ်၊ ရွေးကောက်ပွဲ လက် ငါးချောင်း
(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၁၅

ခက်ဦး - ငြိမ်းချမ်းရေး

$
0
0
 ခက်ဦး - ငြိမ်းချမ်းရေး
(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၁၅

အချင်းချင်းသတ်လို့
မသေပဲပြန်လာတဲ့အခါ
သူ့ဘက်ကိုယ့်ဘက်
ပျော်ရမော်ရ သူတွေနဲ့

ကျိုးသွားပြတ်သွား
အလောင်းပါမလာတော့ရင်
ကိုယ့်ဘက်သူ့ဘက်
ချုံးပွဲချ ငိုလိုက်ရသူတွေကြား

အစွပ်ခံ အကမ်းခံနေရတဲ့
ပန်းကုံးပန်းစည်းလေးတွေ

ကြဲဖြန့် ချိတ်တင်ခံလိုက်ရရှာသော
ပန်းမွှေးမွှေးကလေးတွေ

လည်အကြိမ်ကြိမ်စင်း သေပေးနေရတာ
ဘယ်ခါအဆုံးသတ်မှာလဲကွယ်

ခက်ဦး
၂ . ၉ . ၂၀၁၅

ကာတွန်း လိုင်လုဏ် - ဆုတောင်းစာ

$
0
0

ကာတွန်း လိုင်လုဏ် - ဆုတောင်းစာ
စက်တင်ဘာ ၂၊ ၂၀၁၅

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး သရုပ်ဆောင်သင်တန်းဆင်းပွဲ ပြုလုပ်

$
0
0
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး သရုပ်ဆောင်သင်တန်းဆင်းပွဲ ပြုလုပ်

ရန်နောင်(ဗိုလ်တထောင်)      မိုးမခ     စက်တင်ဘာ ၂ -၂၀၁၅




















          မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ၁/၂၀၁၅ သရုပ်ဆောင်သင်တန်းဆင်းပွဲ ကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးခန်းမတွင် စက်တင်ဘာလ (၁) ရက်နေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
          ရှေးဦးစွာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ၊နာယကကြီး စည်သူဦးဗိုလ်ကလေးတင့်အောင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ဆက်လက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းမှ သင်တန်းဆင်းကျောင်းသား၊သူများအား မိန့်ခွန်းပြောကြားခဲ့သည်။
          ထို့နောက် စည်သူဦးဗိုလ်ကလေးတင့်အောင် မှ သင်တန်းဆရာများအား ဂုဏ်ပြုလက်မှတ်ချီးမြှင့်ပေးအပ်ရာ  ဦးဇင်ဝိုင်း မှ လက်ခံရယူခဲ့သည်။
          စည်သူဗိုလ်ကလေးတင့်အောင် မှပင် ဆက်လက်၍ နံနက်ပိုင်း သင်တန်းသား/သူများကို သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့သည်။
          ဥက္ကဋ္ဌ ဦးလူမင်းက ညနေပိုင်း သင်တန်းသား/သူများကို သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့သည်။
          ၁/၂၀၁၅  သရုပ်ဆောင်သင်တန်းတွင် သရုပ်ဆောင်အရည်အချင်းစစ်ဆေးသည့်စာမေးပွဲတွင် နံနက်ပိုင်း သင်တန်းမှ ပထမဆု မောင်ကျော်သန်းထိုက်၊ဒုတိယဆု မယမင်းအိမ်၊တတိယဆု ပွင့်ဆန်းဦး တို့ရရှိခဲ့သည်။ညနေပိုင်း သင်တန်းမှ ပထမဆု  မောင်မြင့်ထွန်း၊ ဒုတိယဆု မရွှေသိမ့်သိမ့်စံ၊တတိယဆု ထွန်းလင်းယံ တို့ရရှိခဲ့သည်။
          သင်တန်းတက်မှန်သူ နံနက်ပိုင်းသင်တန်းတွင် (၅)ဦးရှိပြီး  ညနေပိုင်း သင်တန်းတွင် (၆)ဦးရှိခဲ့သည်။ သင်တန်းတက်မှန်သူများအား ဆုချီးမြှင့်ပေးခဲ့သည်။
          ထို့နောက် သရုပ်ဆောင်သင်တန်းသား/သူများမှ ဖျော်ဖြေတင်ဆက်ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

          

၂၃ပါတီဖြင့် စုစည်းထားသော (NBF)ညီနောင်တိုင်းရင်းသားပါတီ မှ သတင်းထုတ်ပြန်

$
0
0

၂၃ပါတီဖြင့် စုစည်းထားသော (NBF)ညီနောင်တိုင်းရင်းသားပါတီ မှ သတင်းထုတ်ပြန်

ဟန်သစ်နိုင်၊ မိုးမခ၊ စက်တင်ဘာ ၂ရက်၊ ၂၀၁၅ခုနှစ်


ညီနောင်တိုင်းရင်းသားပါတီ (၂၃)ပါတီဖြင့် ဖွဲ့စည်းထားသော( NBF) NATIONALITIES  BROTHERHOOD FEDERATION သည် ၂၀၁၅ပါတီစုံအထွေထွေရွေးကောက်ပွဲ အတွက် စက်တင်ဘာ (၂)ရက်၊ ၂၀၁၅ခုနှစ်တွင် လသာမြို့နယ်ရှိ NBF ရုံးခန်းတွင် သတင်းထုတ်ပြန် ရှင်းလင်းခဲ့သည်။
          NBF ၏ အဓိကရည်ရွယ်ချက်မှာ (၁)ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ (၂)တိုင်းရင်းသား များအားလုံး တန်းတူဖွံ့ဖြိုးတိုးတက်ရေး၊ (၃)ဒီမိုကရေစီစနစ်ထွန်းကားရေး ဟူသောလမ်းစဉ်ဖြင့် ရည်တည် နေသည်။ NBF သည် ၂၀၁၀ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၉၄)ဦး၊ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် (၂၄)ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၄၂)ဦး၊ စုစုပေါင်း ကိုယ်စားလှယ်(၁၆၀)ဦးဖြင့် လွှတ်တော်ထဲတွင်ထမ်းဆောင်ခဲ့ပြီး၊ ယခု ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတွင် NBF သည် မြန်မာပြည်အနှံ့ တိုင်းရင်းသားဒေသများအားလုံးအပါအဝင် ပြည်နယ်\တိုင်းဒေ သကြီးလွှတ်တော်ကိုယ်စားလှယ် (၃၈၁)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁၁၆)ဦး ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(၁၈၄)ဦးနှင့် တိုင်းရင်းသား ရေးရာဝန်ကြီး (၂၉)ဦး၊ စုစုပေါင်း (၇၁၀)ဦး ပါဝင်ယှဉ်ပြိုင်သွား မည်ဖြစ်သည်။
          ၂၀၁၀ရွေးကောက်ပွဲတွင် NBF သည် စစ်တပ်နောက်လိုက်ပါတီမဟုတ်သလို၊ NLD ပါတီနောက်လိုက် မဟုတ်ခဲ့ကြောင်း၊ တိုင်းရင်းသားအရေးအတွက် တိုင်းရင်းသားမဟာမိတ်များစုစည်း ထားပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ် တည်နေတဲ့ အဖွဲ့ဖြစ်ကြောင်း၊ လာမည့် ၂၀၁၅ရွေးကောက်ပွဲ အနိုင်ရလဒ်ပေါ် မူတည်ပြီး တိုင်းရင်းသားများအရေးအတွက် အနိုင်ရပါတီနှင့် ညှိနှိုင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရခိုင်းအမျိုးသားပါတီမှ ဦးလှစောက ပြောပြသည်။
          ဆက်လက်၍ “ကျနော်တို့ NBFဟာ စုစုစည်းစည်း ကျစ်ကျစ်လစ်လစ်ဖွဲ့ထားတဲ့ တိုင်းရင်းသား များမဟာမိတ် အဖွဲ့ဖြစ်ပါတယ်၊ လောလောဆယ်ဘယ်ပါတီနဲ့မှ မဟာမိတ်ဖွဲ့တာမရှိဘူး” ဟု ပြောသည်။
          NBF သည် ၂၀၁၀ရွေးကောက်ပွဲတွင် ရခိုင်၊ မွန်၊ ကရင်၊ ရှမ်း၊ ချင်း(၅)ပါတီဖြင့် စတင်ထူထောင်ခဲ့ပြီး၊ ၂၀၁၀ နောက်ပိုင်းတွင် ထပ်ပြီးစုစည်းတိုးချဲ့ထားသဖြင့် (၂၃)ပါတီဖြစ်လာပြီး ပြည်နယ် (၇)ခုတွင် အင်အားအကြီးဆုံးအဖွဲ့ဖြစ်သည်။  ၂၀၁၆ ပြည်ထောင်စုလွှတ်တော်အတွင်း သမ္မတရွေးချယ်မှုတွင် NBF ၏အခန်းကဏ္ဍသည် အဓိကအရေးပါသည်ဟု သိရသည်။
          ကျားဖြူပါတီ၏အထွေထွေအတွင်းရေးမှူး ဦးစိုင်းလှကျော်၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးဇိုဇမ်း၊ ရခိုင်းအမျိုးသားတိုးတက်ရေးပါတီ မှဦးလှစော၊ ဖက်ထရယ်ပြည်ထောင်စုပါတီမှ ဦးစောသန်းမြင့်တို့မှ ရှင်းလင်းပြောကြားခဲ့သည်။

မောင်စိန်ဝင်း(ပုတီးကုန်း)၊ ဦးဘုန်း(ဓာတု)၊ ညီမင်းညို ☮ စာပေဟောပြောပွဲ ☮ ၀ါရှင်တန်မက်ထရို ဧရိယာ ကြေညာ

$
0
0
 
မောင်စိန်ဝင်း(ပုတီးကုန်း)၊ ဦးဘုန်း(ဓာတု)၊ ညီမင်းညို
☮ စာပေဟောပြောပွဲ ☮ ၀ါရှင်တန်မက်ထရို ဧရိယာ ကြေညာ
(မိုးမခ) ကိုမျိုး ဂရပ်ဖစ်၊ စက်တင်ဘာ ၃၊ ၂၀၁၅

☮ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၆ရက်၊ စနေနေ့၊ ☮
ညနေ ၄ နာရီ မှ ည ၈ နာရီ အထိ၊

☮ “သပြေညို မြန်မာစာကျောင်းခန်းမ” ☮
Twinbrook Elementary School,
5911 Ridgway Ave, Rockville, MD. 20851.

☮ စီစဉ်သူ ☮
Burmese Community Association,
Metropolitan Area, Washington D.C.

အိချယ်ရီအောင် (Myanmar NOW) - ဒုက္ခသည်များအတွက် “စံပြကျေးရွာ”

$
0
0



ငွေပျော်စံပြကျေးရွာမှ ကလေးများ (ဓာတ်ပုံ - ခွန်းလတ် / Myanmar Now)
 

အိချယ်ရီအောင် (Myanmar NOW) - ဒုက္ခသည်များအတွက် “စံပြကျေးရွာ”
(Myanmar NOW) မိုးမခ၊  စက်တင်ဘာ ၃၊ ၂၀၁၅ 

မြစ်ကြီးနား (Myanmar Now) -ကချင်ပြည်နယ် တောင်ပြာတန်းတွေကြားထဲက ငွေပျော်စံပြကျေးရွာကို ဆက်သွယ်နိုင်တဲ့ တစ်ခုတည်းသောလမ်းကတော့ မိုးတွင်းမှာ ဗွက်ထူတဲ့ မြေနီလမ်းလေးဖြစ်ပြီး မြစ်ကြီးနားမြို့ကနေ တစ်နာရီခွဲကြာအောင် ကားနဲ့သွားရပါတယ်။
အစိုးရက ၂ဝ၁၄ မေလမှာ ထူထောင်ပေးတဲ့ ဒီစံပြကျေးရွာမှာ အရိပ်ရအပင်ကြီးများ မရှိပါဘူး။ ပုံစံတူအိမ် ၃ဝဝ နီးပါးကို တွေ့ရပါတယ်။ စံပြရွာရဲ့မြေသားက ဂဝံမြေဖြစ်တဲ့အတွက် စိုက်ပျိုးလုပ်ကိုင်စားသောက်ရေး မအောင်မြင်ရုံသာမက နေ့စားအလုပ်အကိုင်ကလည်း ရှားပါးတဲ့အတွက် အပိုငွေရှာဖို့ မလွယ်ဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။

“တစ်လလုံးနေမှ သုံးလေးကြိမ်လောက်ပဲ နေ့စားလုပ်လို့ ရပါတယ်။ နေ့စားလုပ်လို့ ရတဲ့ငွေကို လည်းချက်ချင်း မရှင်းပေးပါဘူး။ အလုပ်လုပ်ပြီး သုံးလေးရက်ကြာမှရှင်းပေးပါတယ်” လို့ အသက် ၂၇ နှစ်အရွယ် မလဲ့ဝေခိုင်က ပြောပြပါတယ်။

စံပြရွာရောက်နေသူတွေထဲက တချို့လည်း ပယင်းကျောက် လက်ဝတ်ရတနာပစ္စည်း ထုတ်လုပ်တဲ့ အိမ်တွင်းမှုလုပ်ငန်း၊ အနီးအနား ရာဘာခြံများမှာ နေ့စား၊ သုံးဘီးနဲ့ ဆိုင်ကယ်တက္ကစီမောင်းခြင်း စသဖြင့် လုပ်ကိုင်ပြီး ငွေရှာကြတယ်လို့ သူက ရှင်းပြပါတယ်။

မိသားစုဝင်တွေ အလုပ်အကိုင်ရှာဖွေရင်းနဲ့ တစ်ကွဲတစ်ပြား ဖြစ်သွားကြရာမှာ စံပြရွာ လူလတ်ပိုင်းအများစုက မြစ်ကြီးနားနဲ့ တခြားမြို့ကြီးတွေအထိ သွားကြပါတယ်။

အသက် ၅၄ နှစ်အရွယ် ဒေါ်ခင်ချိုကြည်ကတော့ ရွာထဲမှာ အဝတ်လျှော်၊ တောထဲထင်းသွားခွေတဲ့နည်းနဲ့ အပိုငွေနည်းနည်း ရှာနိုင်သူပါ။ သူ့မိသားစုဝင်တွေလည်း ဟိုရောက်ဒီရောက်ပါပဲ။

“ကျွန်မ သမီးက ပယင်းအတိုအစလေးတွေယူပြီး ရန်ကုန်မှာသွားရောင်းပါတယ်။ မြေးမလေးနဲ့  ကျွန်မ နှစ်ယောက်တည်း ကျန်ခဲ့တာပါ” လို့ သူက ပြောပါတယ်။

သူက ပယင်းကျောက်သွေးတဲ့အလုပ်နဲ့ အနီးအနားခြံများမှာ နေ့စားသွားလုပ်လိုပေမဲ့ သူ့အသက်အရွယ်ကြောင့် သူ့ကိုအလုပ်ပေးမယ့်သူ မရှိဘူးလို့ ဆိုပါတယ်။

ဝိုင်းမော်ဒုက္ခသည် စခန်းကနေ စံပြရွာ ရောက်လာသူ ဒေါ်လဲ့ဝေခိုင်က ရွာကနေ ခွာဖို့ ခက်ခဲနေပါတယ်။ ကားမတော်တဆမှုတစ်ခုမှာ ထိခိုက်ဒဏ်ရာ ရရှိထားတဲ့ သူ့ညီမကို ထားခဲ့ပြီး မြို့မှာ အလုပ်သွားလုပ်ဖို့က သူ့အတွက် မဖြစ်နိုင်ပါဘူး။

ထရံကာသွပ်မိုးအိမ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီရွာအတွက် သောက်သုံးရေကန်က သုံးကန် ရှိပါတယ်၊ တစ်ရွာလုံးအတွက် တစ်ခုတည်းသော ဆေးခန်းကတော့ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် လွန်ခဲ့တဲ့လအနည်းခန့်အထိ တာဝန်ယူခဲ့သူ ဦအောင်ဆွေရဲ့အိမ်မှာပါ။

“နေရေးအတွက်တော့ ပူစရာမလိုပေမဲ့ စားရေးအတွက်တော့ပူနေရတယ်” လို့ ဦးအောင်ဆွေက ပြောပါတယ်။

သို့ပေမဲ့ အမိုးအကာ ဆွေးမြည့်လာကြတဲ့ ရွာထဲကအိမ်တွေကို ဒီမိုးတွင်းအလွန်မှာ ပြန်လည်ပြုပြင်သင့်ပြီလို့ သူက ဆိုပါတယ်။

၂ဝ၁၁ နောက်ပိုင်း မြန်မာပြည်မြောက်ပိုင်းမှာ အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ဖြစ်ပွားတဲ့ စစ်ရေးပဋိပက္ခကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရသူ အရပ်သားတွေကို နေရာပေးဖို့ ဆိုပြီး အစိုးရက ငွေပျော်စံပြရွာကို စစ်ရှောင်စခန်းတွေနဲ့ မတူတဲ့ ခိုလှုံစရာနေရာတစ်ခုအဖြစ် ထူထောင်ခဲ့တာပါ။

စစ်ပွဲ ၄ နှစ်ကြာမှာတော့ ကချင်နဲ့ရှမ်းပြည်မြောက်ပိုင်းဘက်မှာ နေရပ်စွန့်ခွာထွက်ပြေးရသူ အရပ်သားအရေအတွက် တစ်သိန်းကျော် ရှိလာပါပြီ။ အဲဒီထဲက ထက်ဝက်ခန့်ဟာ အစိုးရထိန်းချုပ်နယ်မြေထဲက ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတယ်၊ ကျန်တဲ့ထက်ဝက်က ကချင်လွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်နယ်မြေထဲက စခန်းတွေမှာ ခိုလှုံနေကြတယ်လို့ ရန်ကုန်မြို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (UNOCHA)ရဲ့ စာရင်းတွေအရ သိရပါတယ်။

အစိုးရထိန်းချုပ်နယ်မြေထဲမှာတော့ ကုလသမဂ္ဂနဲ့  နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေက ထောက်ပံ့နေပါတယ်။ သူပုန်ထိန်းချုပ်နယ်မြေတွေကိုတော့ အစိုးရရဲ့ ကန့်သတ်ချက်တွေ ရှိတာကြောင့် လက်လှမ်းမမီနိုင်ပါဘူး။
ငွေပျော်မှာတော့ ဒုက္ခသည်တစ်ဦးကို ကျပ် ၁၂,၅ဝဝ လစဉ် ထောက်ပံ့တယ်လို့ ရန်ကုန် UNOCHA က ဆိုပါတယ်။ ဝိုင်းမော်၊ သာကရ၊ မြစ်ကြီးနား၊ မိုင်းနား စတဲ့ မြို့တွေကနေ စစ်ရှောင်လာကြတဲ့ ကချင်၊ ရှမ်း၊ ဗမာ စတဲ့ တိုင်းရင်းသားတချို့ ငွေပျော်မှာ ရှိနေတာပါ။

ဝိုင်းမော်မြို့နယ်၊ နမ့်ဆာရမ်ကျေးရွာကနေ တိမ်းရှောင်လာရတဲ့ဒေါ်ခင်ချိုကြည်က လွန်ခဲ့တဲ့ လေးနှစ် ဇွန်လရဲ့ မနက်ခင်းတစ်ခုမှာ “ဝုန်း” “ဒိုင်း” ဆိုတဲ့ သေနတ်သံ၊ ဗုံးသံတွေကြောင့် သူတို့မိသားစုပိုင်တဲ့ လက်ဖက်ရည်ဆိုင်ကို ပစ်ထားပြီး တခြားသော ဒေသခံတွေလိုပဲ မြို့ပေါ်က ဒုက္ခသည်စခန်းကို ဦးတည် ထွက်ခွာခဲ့သူပါ။

“ရွာက ထွက်ပြေးတုန်းက မသေအောင်မနည်း အသက်လုပြီး ပြေးခဲ့ရတာ၊ ဘာပစ္စည်းမှ ယူချိန် မရလိုက်ဘူး” လို့ ဒေါ်ခင်ချိုကြည်က ပြန်ပြောပြပါတယ်။

အိမ်ထောင်ကျပြီးနောက်ပိုင်း ကချင်ပြည်နယ်ရောက်လာတဲ့ ရန်ကုန်သူ ဒေါ်ခင်ချိုကြည်က ဒုက္ခသည်စခန်းမှာ ၃ နှစ်ဝန်းကျင် ခိုလှုံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဒေသခံအာဏာပိုင်တို့ ထူထောင်ပေးတဲ့ “စံပြကျေးရွာ” ကို ပြောင်းရွှေ့နေထိုင်သူတွေထဲမှာ ဒေါ်ခင်ချိုကြည်တို့ မိသားစုလည်း ပါဝင်သွားပါတယ်။

ငွေပျော် အပါအဝင် ကချင်ပြည်နယ် ဒေသအသီးသီးရှိ စစ်ဘေးရှောင်သူများနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရကို မေးမြန်းဖို့ အကြိမ်ကြိမ် ကြိုးပမ်းပေမဲ့လည်း အဆက်အသွယ် လုပ်လို့ မရသေးပါဘူး။

စံပြကျေးရွာထက် ပိုမို ကောင်းမွန်တဲ့ အစီအစဉ်တွေကို အကောင်အထည် ဖော်သင့်တယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်မှာ လုပ်ကိုင်နေတဲ့ ဒေါ်ခွန်ဂျာက မှတ်ချက်ပြုပါတယ်။

“ငွေပျော်စံပြကျေးရွာ တည်ထောင်ပေးတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့က ပိုအရေးကြီးပါတယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အပစ်ရပ်မှ သူတို့ ပြန်နိုင်မှာပါ” လို့ သူက Myanmar Now ကို ပြောပါတယ်။ ။

မူရင်းလင့်ခ် - 

http://www.myanmar-now.org/my/news/i/?id=1b450855-9d52-48f6-9bb3-e649660d8aab

အုန်းနိုင် - “ခေါင်းဆောင်ဘယ်သူလဲ”

$
0
0
A picture provided by Myanmar News Agency shows Myanmar detained democracy leader Daw Aung San Suu Kyi (L) meet with her party's senior leader Aung Shwe in Yangon, 09 November 2007.
 
အုန်းနိုင် - “ခေါင်းဆောင်ဘယ်သူလဲ” 
 ၁၉၉၁ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်ခြင်း (၁၇)
(မိုးမခ) စက်တင်ဘာ ၃၊ ၂၀၁၅

ဒါနဲ့ ထမင်းစားကြပြီး တိုင်းငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးရုံး(တ၀တ)ကို သွားကြတယ်…။ တ၀တ ရုံးမှာ တစ်တိုင်းလုံး က ကိုယ်စားလှယ်အစုံ လာပါတယ်..။ တိုင်းစည်းရုံးရေးအဖွဲ့ တွေဖြစ်တဲ့ ဦးမြလေး..၊ ဦးညွန့်ဝေ၊ ဦးမောင်အေး၊ ဦးပိုက်ခြုံ တို့နဲ့အတူ သူတို့နဲ့နီးစပ်တဲ့ ဘာအဖွဲ့ဝင်မှန်း မသိတဲ့ ဦးစံဝင်း..၊ ဦးသောင်းစိန်၊ ဦးအေးမြင့် ၊ ဦးအောင်မြင့်တို့က တအုပ်စုလို နေပါတယ်..။ ကျနော်တို့ကိုတော့ စကားပြောနှုတ်ဆက်တောင် သိပ်မလုပ်ပါ..။ ပဲခူးတိုင်းရဲ့  တဦးတည်းသော အမျိုးသမီးကိုယ်စားလှယ် ဒေါ်လှလှမိုးကလည်း ကျနော်တို့ အစုဘက်မှာ လာထိုင်ပါတယ်..။ တ၀တရဲ့  အခန်းထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်တဲ့ ကိစ္စကို ထပ်မပြောကြတော့ပါ..။ ဒါပေမဲ့ အုပ်စုတစုစီ ကွဲနေတဲ့ ပုံတော့ ပေါ်နေပါတယ်..။ ကျနော်တို့ကလည်း တိုင်းစည်းရုံးရေးအဖွဲ့ အုပ်စုကိုရော သူတို့နဲ့တွဲတဲ့ အုပ်စုကိုရော ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်တဲ့အစုလို့ သဘောထားပြီး လှည့်တောင်မကြည့်ပါ..။

 တ၀တအတွင်းရေးမှူးဆိုတဲ့ ဗိုလ်မှူးတယောက် ၀င်လာပြီး စာရွက်တွေဝေပါတယ်..။ အဲဒီစာရွက်တွေမှာ အချက်အလက်တွေဖြည့့် ခိုင်းပါတယ်..။ အခု ဖြေတဲ့အဖြေကိုပဲ အတည်ယူမယ်..။ အရင်မြို့ နယ်မှာ ဖြေခဲ့တာတွေ ရှိပေမဲ့ အခုဖြေတာကသာ နောက်ဆုံးအတည်ပြုချက် လို့ ပြောပါတယ်..။

ဒီတော့မှ ပေးထားတဲ့စာရွက်တွေကို ဖတ်ကြည့်တော့

၁။ အမည်
၂ ။မြို့ နယ်
၃။ ဂန္ဒီအစည်းအဝေးတက်ခဲ့လား။
၎။ ဂန္ဒီအစည်းအဝေးရက်စွဲ..။
၅။ တောင်းဆိုချက်
၆။ ဗိုလ်အောင်ကျော်လမ်း တောင်းဆိုချက်က ဘာလဲ..။
၇ ။ကြေညာချက်အမှတ် (၁/၉၀)ကို လက်မှတ်ထိုးခဲ့သည့် ရက်စွဲ။
၈။ ခေါင်းဆောင်ဘယ်သူလဲ။
၉။ ယခင်ပါတီနှင့် တာဝန်
၁၀။ ဘာကြောင့်ထွက်ခဲ့သလဲ
၁၁။ နိုင်ငံရေးပင်စင် ခံစားနေသလား
၁၂။ မြို့ ပြပင်စင် ခံစားနေသလား..။
၁၃။ မည်သည့်ဝါဒ သဘောတရားယုံကြည်သလဲ..။
၁၄။ ဒီမိုကရေစီဟာ ၀ါဒလားကျင့်စဉ်လား.. ဆိုတာတွေ ဖြေရပါတယ်..။

အခြားအချက်တွေထက် အဓိကထားတဲ့အချက်ကတော့ အမှတ်(၈)ခေါင်းဆောင်ဘယ်သူလဲ ဆိုတာ ဖြစ်မယ်ထင်ပါတယ်..။ ဒီခေါင်းဆောင်နေရာမှာ အင်းမဦးအေး အနားက ရင်းနှီးတဲ့ကိုယ်စားလှယ်တဦးက "ဦးအောင်ရွှေ"လို့ရေးထားလို့ အင်းမဦးအေးက ကျနော့်ကို ပြောပါတယ်.။ “ဆရာကြီးရေ..ဒီမှာ ကြည့်ပြောပါဦး” တဲ့။ ကျနော် ပြန်ပြောလိုက်ပါတယ်..။ “ဒါ.. သူ့ယုံကြည်ချက်နဲ့သူပဲဗျာ..။ ဒါမျိုးတော့ ကျနော်ဘာမျှ ၀င်မစွက်ချင်ဘူး.။ အခုပဲ.. ၀ါဒသဘောတရား ဆိုတဲ့နေရာမှာ လစ်ဘရယ် (Liberalism) လို့ .ကျနော်ရေးထားတယ်ဗျာ” ။

တ၀တကနေ တိုင်းအတွင်းက ကိုယ်စားလှယ်တွေ အားလုံးကို ဆင့်ခေါ်ထားတဲ့ ကိစ္စက ဒါပါပဲတဲ့..ဗျား။ အလုပ်မရှိကြောင်မရေချိုး ဆိုတဲ့ ဗိုလ်ခင်ညွန့်ရဲ့  ထောက်လှမ်းရေးနဲ့ ခြောက်လှန့်ရေး မဟာစီမံချက်ကြီးပဲ ဖြစ်မယ်ထင်ပါတယ်..။

တ၀တကိစ္စပြီးတော့ ရန်ကုန်ကို ပြန်ပါတယ်..။ ရန်ကုန် ဇေယျဝတီလမ်းအိမ်မှာ ဆိပ်ဖြူဦးစိုးဝင်းက လာစောင့်နေပါတယ်..။ရွှေဘထမင်းဆိုင်မှာ ထမင်းကျွေးပြီး ပဲခူးမှာ ဘာတွေပြောသလဲ လို့ မေးတယ်..။ ကျနော်က မေးခွန်းပုံစံတွေ ဖြည့်ရကြောင်းပြောလို့ ရန်ကုန်မှာလည်း ဒီမေးခွန်းတွေ မေးပြီးပြီလို့ ပြောပါတယ်။

သူ့ဆီက ကြားရတဲ့ သတင်းတခုကတော့ အဓိကမေးခွန်းက ခေါင်းဆောင်ဘယ်သူလဲ ဆိုတာပဲ..။ ဒါလောက်နဲ့ မနေသေးဘူး..။ အဖွဲ့ ချုပ်ရုံးတွေမှာ ဒေါ်စုဓါတ်ပုံ မချိတ်ရဆိုတဲ့အထိ လာဦးမယ်..။ အဖွဲ့ ချုပ် ဗဟိုကလည်း ဒီဟာကို အလျှော့ပေးပြီး အောက်ကို ဆက်ညွှန်ကြားဦးမှာဘဲ လို့ ပြောပါတယ်..။ ကြားရကြားရ နားဝမချမ်းသာဆိုသလို ဖြစ်နေပြီ..။

စိတ်မကောင်းစွာနဲ့ပဲ ရန်ကုန်က ပြန်ခဲ့ပါတယ်..။ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်တဲ့ကိစ္စအတွက် လူတွေ့ပြီး တာဝန်ခံရှင်းလင်းမဲ့သူ မရှိပါ..။ ရွှေဂုံတိုင်ရုံးကို ရောက်ခဲ့ပေမယ့် ဗဟိုအလုပ်အမှုဆောင်က ဘယ်သူ့ကိုမှ မတွေ့ ခဲ့ရပါ..။ ကျနော်တို့ ပဲခူးတိုင်းက ဦးမြလေးတို့၊ ဦးညွန့်ဝေတိုလည်း ရှောင်ပဲနေလေသလား မသိ..။ မေးလို့မြန်းလို့တောင် မရပါ..။ ဦးစိုးဝင်း ရှာဖွေပေးထားတဲ့ စာရွက်စာတမ်းတချို့ နဲ့ ဦးစိုးဝင်း ပြောပြချက်တချို့ နဲ့ပဲ ပြန်ခဲ့ရပါတော့တယ်..။ ။

(အပိုင်း (၁၈) - မြို့ နယ်စည်းရုံးရေးကော်မတီရဲ့ ဆုံးဖြတ်ချက် (သို့) ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီ..ကို ဆက်ပါမယ်။

ကာတွန်း ကူမိုးကြိုး - တမတ်သား အသာ ... မဲပေးပါ

$
0
0
 

ကာတွန်း ကူမိုးကြိုး - တမတ်သား အသာ ... မဲပေးပါ
(မိုးမခ) စက်တင်ဘာ ၃၊ ၂၀၁၅

မောင်မောင်စိုး - ငြိမ်းချမ်းရေးလော စစ်ပွဲလော - အပိုင်း (၄)

$
0
0
မောင်မောင်စိုး - ငြိမ်းချမ်းရေးလော စစ်ပွဲလော - အပိုင်း (၄)
(မိုးမခ) စက်တင်ဘာ ၃၊ ၂၀၁၅

• ပြည်တွင်းစစ်နှင့် ခြေဥ
NCA လက်မှတ်ရေးထိုးရေးနှင့်ပတ်သက်ပြီး KIA သည် လိုင်ဇာတွင်လည်းကောင်း၊ KNPP သည် လွိုင်ကော်တွင်လည်းကောင်း၊ သက်ဆိုင်ရာ လူထုကိုယ်စားလှယ်များ ဘာသာရေး လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလည်များနှင့်တွေ့ဆုံပြီး လူထု သဘောထားယူခဲ့သည်။ ကျယ်ပြန့်မှု အတိုင်းအတာအရ အကန့်အသတ်များရှိနေသော်လည်း တာဝန်ရှိသူများအနေနှင့် ပြည်သူများနှင့်ပတ်သက်နေသော စစ်ပွဲနှင့်ပတ်သက်ပြီး ပြည်သူများ၏ သဘောထားယူခြင်းသည်လိုလားအပ်သော ကိစ္စဖြစ် သည်။

မြန်မာပြည်သူတွေအနေနှင့် ပြည်သူတရပ်လုံးနှင့် သက်ဆိုင်သည့် စစ်နှင့်ငြိမ်းချမ်းရေးပြဿနာတွင် ပြည်သူများ၏ သဘော ထား မည်၍ မည်မျှ ဖော်ပြဆုံးဖြတ်ပေး၍ရပါသနည်း။

လက်ရှိပြည်သူလွှတ်တော်သည် ပြည်သူက ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလည်များဆိုလျှင် လွှတ် တော်အနေနှင့် စစ်ပွဲနှင့်ပတ်သက်၍ စစ်တိုက်ခြင်း ငြိမ်းချမ်းခြင်းနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်နိုင်ခွင့်ရှိပါသလော။ ပြီးခဲ့သော လွှတ်တော်သက်တမ်း လေးနှစ်သက်တမ်းအတွင်း စစ်တိုက်ခြင်း ရပ်ခြင်း စစ်ပွဲစားရိတ်သတ်မှတ်ခြင်းတို့တွင် ပြည်သူ့ကိုယ် စားပြုလွှတ်တော်တွင် အရေးပါသောဆုံးဖြတ်ချက်များ ချမှတ်ခြင်းမတွေ့ရပေ။

မြန်မာအရေးလေ့လာသုံးသပ်သူ Ashin Pan ၏အဆိုအရ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄၀ (ခ) အရ မည်သည့်ဒေသတွင်မဆို ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် (သို့မဟုတ်) ပေါ်ပေါက်ရန် အကြောင်းရှိလျှင် တပ်မတော်အနေနှင့် တားဆီးကာကွယ်စောင့်ရှောက်နိုင်သည်ဟု ဆိုပါသည်။ ဤနေရာတွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုသည်ဆိုသည်မှာ အဓိပ္ပါယ်ကျယ်ဝန်းသော်လည်း စစ်တပ် အခန်းနှင့်ပတ်သက်ပြီး ထည့်သွင်းဖေါ်ပြထား၍ ပြည်တွင်းစစ်ကို အဓိကရည်စူးသည်ဟု Ashin Pan က သုံးသပ်ပါသည်။

ကာလုံ၏တာဝန်ထဲမှာ စစ်နှင့်ပတ်သက်၍ ပြည်ပကျူးကျော်စစ်သာထည့်သွင်းထားပြီး ပြည်တွင်းစစ်ကို ထည့်သွင်းဖေါ်ပြ ထားခြင်းမရှိဟု ဆိုပါသည်။ ပြည်တွင်းစစ်နှင့်ပတ်သက်ပြီး သမတကာလုံတို့နှင့် တိုင်ပင်ကောင်း တိုင်ပင်နိုင်ပေမဲ့ အခြေခံ ဥပဒေပါ အခွင့်အရေးအရ ပြည်တွင်းစစ် တိုက်ခွင့် ရပ်ခွင့် လုပ်ပိုင်ခွင့်အာဏာသည် စစ်တပ်၏ လက်ထဲတွင်ရှိသည်ဟု Ashin Pan က သုံးသပ်ပါသည။်

ပြည်သူ့စစ်မဟာဗျူဟာပုဒ်မဟု ထင်ရှားသည့်ပုဒ်မ ၃၄၀ တွင် ဖေါ်ပြထားသည်မှာ တပ်မတော်သည် အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော် လုံခြုံရေးကာကွယ်ရေးတွင် ပြည်သူတရပ်လုံး ပါဝင်ရေးအ တွက် စီမံဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်၏ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာ ကို ဖေါ်ဆောင်ရမည်ဟု ဖေါ်ပြထား သည်ဟု ဆိုပါသည်။

သို့ဖြစ်ရာ Ashin Pan က စစ်တပ်၏ဦးဆောင်မှုဟုဆိုထားသဖြင့် ကျန်သူများ၏ ပါဝင်ပတ်သက်မှုကို ကန့်သတ်ထားသည့်ပြင် စစ်နှင့်ပတ်သက်သည့်အရေးကိစ္စအားလုံးအား ပြည်သူများ ပါဝင်ဆောင်ရွက်ရမည့်အဓိပ္ပါယ်သက်ရောက်သည်ဟုဆိုပါ သည်။

ထို့ပြင် ကာလုံ ၁၁ ဦးတွင်လည်း ကာချုပ် ဒုကာချုပ် စစ်တပ်မှတင်သော ဒုသမတတစ်ဦးနှင့် ကာချုပ်မှခန့်အပ်သည့် စစ်သားဝန်ကြီး ၃ ဦးပေါင်း ၆ ဦးဖြင့် အသာစီးရယူထားသည်။ ၎င်းပြင်စစ်တပ်မှတင်သည့် ဒုသမတက သမတသာ ဖြစ်သွားပါက နိုင်ငံခြားရေးဝန်ကြီးသည်လည်း သူခန့်သူဖြစ်ရာ ကာလုံတွင် ကာချုပ်နှင့်စစ်ဖက်မှ သိသိသာသာ အသာစီးရ ထားမည်ဖြစ်ရာ စစ်ဖက်ခေါင်းဆောင်များ၏သဘောသည် အခရာဖြစ်နေပေလိမ့်မည်။

သို့ဖြစ်ရာ လက်ရှိအခြေခံဥပဒေအရ ပြည်သူရွေးကောက်သည့် သမတ တက်ရောက်နိုင်ဦးတော့ ပြည်တွင်းစစ်နှင့်ပတ်သက်၍ မြန်မာစစ်တပ်၏သဘောသည် အဆုံးအဖြတ်ဖြစ်မြဲ ဖြစ်နေမည်ဖြစ်သည်။ ထို့ကြောင့် ပြည်တွင်းစစ်နှင့်ပတ်သက်၍ ပြည် သူလူထုကိုယ်စားပြု လွှတ်တော်နှင့် ၎င်းလွှတ်တော်က တင်မြှောက်သည့်အစိုးရက ဆုံးဖြတ်ချက်ချနိင်ရေးအတွက် လက်ရှိ အခြေခံဥပဒေကို မပြင်ဆင်ဘဲ မဖြစ်နိုင်ဟု ဆိုရပေမည်။

• နိုင်ငံတကာပါဝင်ပတ်သက်မှု
လက်ရှိ NCA လက်မှတ်ထိုးနိုင်ရေးတွင် နိုင်ငံတကာက ပါဝင်ပတ်သက်မှုများကို တွေ့နေရ၏။ EU ဂျပန် တရုတ်တို့အား တိုင်းရင်းသားအဖွဲ့များနှင့်အတူ နီနီးကပ်ကပ် တွေ့နေရသည်။

အကဲခတ်များ၏ အဆိုအရ KNU/KPC/DKBA/RCSS တို့သည် ကျန်တိုင်းရင်းသားအဖွဲ့များနှင့်သဘောထားမတူဘဲ NCA လက်မှတ်ထိုးရေးတွင် ပိုမိုတက်ကြွနေသည်ဟု ယူဆကြသည်။ KNU ဆိုလျှင် UNFC ကပင် နှုတ်ထွက်ထားသည်ဖြစ်သည်။ဤလေးဖွဲ့နှင့် အတူတွဲတွေ့နေသည်မှာ EBO မှ ဦးဟန်ညောင်ဝေဖြစ်ပေရာ အနောက် ဥရောပ၏သြဇာသက်ရောက်မှုသည် ထိုလေးဖွဲ့အနက် အထူးသဖြင့် KNU နှင့် RCSS ၏ အဓိကခေါင်းဆောင်ပိုင်းပေါ်တွင်ရှိသည်ဟု သုံးသပ်ကြသည်။ ထိုသို့ သြဇာသက်ရောက်မှုရရှိရန် ထိုအဖွဲ့များသို့ သင့်လျော်သည့် ပံ့ပိုးမှုများရှိနိုင်သည်ဟု သုံးသပ်ရပေသည်။

ဂျပန်နိပွန်ဖေါင်ဒေးရှင်းမှ KNU ဒေသတွင်းဖွံ့ဖြိုးရေးလုပ်နေသည်ဟုဆိုသော်လည်း ဂျပန်အနေနှင့် အနောက်အုပ်စုနောက်မှ သာ ကပ်လိုက်နေပုံရသည်ဟု သုံးသပ်ရသည်။

တရုတ်အနေအထားမှာ စိတ်ဝင်စားဘွယ်ဖြစ်သည်။ သူ၏ နယ်စပ်တလျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် နီးနီးစပ်စပ်ရှိပြီးဖြစ်သည်။ လက်ရှိ မြန်မာစစ်ဖက်က NCA လက်မှတ်ထိုးရန်သဘောမတူဘဲ လက်နက်ချရန် တောင်းဆိုထား သည့် အဖွဲ့များသည်လည်းကောင်း၊ လက်ရှိ NCA တွင်လက်မှတ်ထိုးရန်မလိုဟု ငြင်းဆန်ထားသော UWSA နှင့် မိုင်းလား အဖွဲ့သည်လည်းကောင်း၊ UNFC ကိုဦးစီး၍ NCA တွင်အားလုံးပါဝင်ရေးကို ရှေ့ဆာင်နေသော KIA သည်လည်းကောင်း၊ တရုတ်နယ်စပ်မှ အဖွဲ့များဖြစ်သည်။

ဤသို့သောအခြေအနေတွင် လက်နက်မချ၍ဖြစ်စေ NCA လက်မှတ်မထိုး၍ဖြစ်စေ စစ်ပွဲဖြစ်လာနိုင်ချေသည် တရုတ်နယ်စပ် တလျှောက်တွင်ဖြစ်သည်။ ထို့ပြင် ကိုးကန့်သည်သူတို့၏မျိုးနွယ်တူ ဟန်လူမျိုးများဟု ဆိုထားသူများဖြစ်သည်။ ယခုအချိန်ထိ လည်း ကိုးကန့်နယ်စပ်တလျှောက် လေယာဉ်ပျံသန်းခွင့်ကို ပိတ်ထားဆဲဖြစ်သကဲ့သို့ အကန့်အသတ်မရှိ ကျည်အစစ်ဖြင့် စစ်လေ့ကျင့်ခြင်းကို ရုပ်သိမ်းခြင်းမရှိသေးပေ။

အာရှပစီးဖိတ်ဒေသတွင်း အနောက်နှင့် စစ်မက်ပြိုင်ဆိုင်အားကြီးလာသော တရုတ်အနေနှင့် မြန်မာပြည်အား သေနင်္ဂဗျူဟာအမြင်ထား၍ကြည့်လေ့ရှိသော တရုတ်အနေနှင့် သူနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မည်သို့သဘောထား ကိုင်တွယ်မည်နည်း။

တရုတ်အစိုးရအနေနှင့် မြန်မာ့ပြည်တွင်းရေးအား ဝင်မစွက်ဖက်သည့် မူကိုကျင့်သုံးသည်ဆိုသည့်တိုင် ကျယ်ပြန့်ကြီးမားသည့် တရုတ်ပြည်၏အစိုးရ ကွန်မြူနစ်ပါတီ စစ်တပ်ဒေသအစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ မတူကွဲပြားစွာ လှုပ်ရှားတတ်မှု နှင့်အကျိုးစီးပွားဆိုင်ရာပြဿနာများက ရိုးစင်းလှသည်မဟုတ်ချေ။

လက်ရှိ မြန်မာစစ်တပ်အနေနှင့် အနောက်နှင့် တိုးချဲ့ဆက်ဆံလာပြီး ပြင်သစ် နော်ဝေ အင်္ဂလန်တို့သို့ မြန်မာစစ်ဖက်မှ ပညာတော်သင်များ စေလွှတ်နေသည့် အချိန်ဖြစ်သကဲ့သို့ မြန်မာပြည်တောင်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အနောက်နှင့်နီးစပ်မှုရှိနေသည့်အပြင် မြန်မာစစ်ဖက်နှင့်ပါ နီးစပ်နေသည့်အချိန်တွင် တရုတ်နယ်စပ်ရှိသူနှင့် နီးစပ်မှုရှိပြီး သားအဖွဲ့များအား ဖြစ်လိုဖြစ် မျက်နှာလွှဲခဲပစ်သဘောထားထားရန်မှာ ခက်ခဲမည်ဟု ယူဆရပါသည်။

မြန်မာနိုင်ငံ၏ တိုင်းရင်းသားလက်နက်ကိုင်ပြသနာတွင် မြန်မာနှင့်ထိစပ်နေသော တိုင်းပြည်များတွင် မျိုးနွယ်စုတူ တိုင်းရင်းသားလူမျိုးများရှိနေခြင်းနှင့် လက်ရှိ ဒေသတွင်း၌ အင်အားကြီးနိုင်ငံများ အင်အားပြိုင်ဆိုင်မှု ပြင်းထန်လာမှုသည်ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်ပါ ပတ်သက်ဆက်စပ်လာပေရာ မြန်မာပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ပြသနာဖြေရှင်းရာတွင် နိုင်ငံတကာ၏ ပတ်သက်ဆက်နွယ်မှုအား ထည့်သွင်းတွက်ချက် မစဉ်းစားဘဲဖြစ်နိုင်မည် မ ဟုတ်ပေ။

ဆက်လက်ဖေါ်ပြပါမည်

ကာတွန်း ATH -facebook or fakebook ???

$
0
0


ကာတွန်း ATH -facebook or fakebook ???
(မိုးမခ) စက်တင်ဘာ ၃၊ ၂၀၁၅

ဖိုးသံချောင်း - ဒုတိယကမ္ဘာစစ်အောင်ပွဲ

$
0
0

ဖိုးသံချောင်း - ဒုတိယကမ္ဘာစစ်အောင်ပွဲ
(သူ့ဖေစ့်ဘွတ်က ကူးပါတယ်) ။ (မိုးမခ) စက်တင်ဘာ ၃၊ ၂၀၁၅

တရုတ်ပြည်မှာ ဒုတိယကမ္ဘာစစ်ပြီးဆုံးမှု၊ ဖက်ဆစ်ဂျပန်နယ်ချဲ့အပေါ်အောင်ပွဲခံမှုကို ဝှဲချီးကျင်းပနေကြတယ်။ ရုပ် မြင်သံကြားကနေတပြည်လုံး၊ တကမ္ဘာလုံးကိုတိုက်ရိုက်လွှင့်နေတယ်။ ကိုယ့်ဘေးမှာရှိတဲ့တရုတ်ကျောင်းသားက ဆရာတို့ ဗမာပြည်မှာကော ဒါမျိုးမကျင်းပဘူးလားလို့မေးလာတယ်။ မကျင်းပဘူးလို့ပဲတုံးတိတိဖြေလိုက်ရတယ်။ သူ့ဆီကဘာလို့လဲ လို့ ဆက်မေးလာရင် ရှည်ရှည်ဝေးဝေးဖြေနေရမှာစိုးလို့။
       သူကအားနာလို့ထင်ပါရဲ့၊ မမေးပါဘူး။ ဒါပေမဲ့ကိုယ်ကအတွေးတွေထဲမှာ ဆက်မေး၊ ဆက်ဖြေနေမိတယ်။
       ဗမာပြည်ကမီဒီယာတွေဖြစ်တဲ့ စာပေ၊ ရုပ်ရှင်၊ ရုပ်မြင်သံကြားတွေ ဖော်ပြတာအနည်းဆုံးအကြောင်းအရာ။
       အသိအမှတ်ပြု၊ အချီးကျူးခံရတာအနည်းဆုံးအာဇာနည်သူရဲကောင်းတွေ။
       ဗိုလ်နေဝင်းကစလို့ စစ်အုပ်စုထိပ်သီးအဆက်ဆက်ကြောင့် ဂုဏ်ယူရမှာကိုဂုဏ်မယူရ၊ နာကျည်းရမယ့်လူကိုကျေးဇူး တင်ရဖြစ်ခဲ့တယ်။
       တကယ်က ငါတို့ဗမာပြည်သားတွေလည်း ဖက်ဆစ်ဂျပန်ကိုတော်လှန်ခဲ့ကြတယ်။
       ဒင်းတို့ကိုအထိနာအောင်၊ စုတ်ပြတ်သတ်သွားအောင်၊ နောက်ဆုံးကိုယ့်တိုင်းပြည်ထဲကထွက်ပြေးအောင် တိုက်နိုင်ခဲ့ ကြတယ်။
       ဒုတိယကမ္ဘာစစ်သမိုင်းမှာ ဂျပန်ကတပြည်လုံးကိုသိမ်းထားပြီးမှ တယောက်မကျန်ထွက်ပြေးအောင်ပြန်တိုက်ထုတ် နိုင်ခဲ့တာမှာ ဗမာပြည်ဟာပထမဆုံးဆိုတာမမေ့ကြပါနဲ့။
       ဂျပန်တော်လှန်ရေးမှာ နဂိုကနိုင်ငံရေးအမြင်၊ အယူအဆမတူကြတဲ့လက်တွဲသွေးစည်းခဲ့ကြတယ်။ (ရှစ်လေးလုံးနဲ့ တူလိုက်တာ)။ ဒါကြောင့်အောင်ပွဲခံခဲ့တယ်။ အဲဒီအစွမ်းကိုသိလို့ နောက်၃နှစ်တောင်မကြာဘူး အင်္ဂလိပ်ကလွတ်လပ်ရေး ပေးခဲ့တယ်။
       ဂုဏ်ယူကြပါ။ အာဇာနည်တွေအတွက်သာမက၊ တိုက်ပွဲဝင်ခဲ့သူတွေ၊ အစဉ်အလာကိုဆက်လက်စွဲကိုင်ကြတာတွေ အတွက်ပါဂုဏ်ယူကြပါ။
       ဒါတွေကိုဖုံးကွယ်နေ၊ နှုတ်ပိတ်ရေငုံလုပ်နေသူတွေကိုရှုတ်ချကြပါ။

ဖိုးသံချောင်း


(မိုးမခ မှတ်ချက် - ဒုတိယကမ္ဘာစစ်အတွင်းက ရုရှားပြည်ထောင်စုက လူဦးရေ ၂၆သန်းခန့် တရုပ်ပြည်က လူဦးရေ ၁၄ သန်းကျော် သေကျေပျက်စီးခဲ့ရသည်၊ ဂျပန်မှ လူဦးရေ ၃ သန်းကျော် သေကြေခဲ့သည်၊ ဂျာမဏီမှ ၇သန်း သေကြေသည်။ လူမျိုးတုံး သတ်ဖြတ်မှုဖြင့် ဂျူးလူမျိုး ၆ သန်း ပျက်စီးခဲ့ရသည်။ မြန်မာပြည်တွင် ၂ သိန်းခွဲ သေဆုံးခဲ့သည်)

ကာတွန်း စောငို - မတရားအသင်းပဲ ရှိတယ်၊ မတရားတပ်မတော် ဆိုတာ မရှိဘူး

$
0
0

ကာတွန်း စောငို - မတရားအသင်းပဲ ရှိတယ်၊ မတရားတပ်မတော် ဆိုတာ မရှိဘူး
(မိုးမခ) စက်တင်ဘာ ၃၊ ၂၀၁၅

လယ်ယာမြေဧက (၇၀၀ )ကျော် ပြန်လည်ရရှိရေး မင်္ဂလာဒုံ လယ်သမားများ ဆန္ဒထုတ်ဖော်

$
0
0
လယ်ယာမြေဧက (၇၀၀ )ကျော် ပြန်လည်ရရှိရေး  မင်္ဂလာဒုံ လယ်သမားများ ဆန္ဒထုတ်ဖော်
ရန်နောင်(ဗိုလ်တထောင်)    မိုးမခ  စက်တင်ဘာ ၃- ၂၀၁၅


သိမ်းဆည်းခံ လယ်မြေများ










          မင်္ဂလာဒုံမြို့နယ်၊စမ်းကြီးဝကွင်း၊ သင်္ဃန်းကျွန်းကြီးကွင်း ၊ပေါက်ကုန်းကျေးရွာ ရှိ လယ်ယာမြေ ဧက (၇၀၀) ကျော်ကို ၁၉၉၂ ခုနှစ်တွင် သိမ်းယူခဲ့ပြီး   (၃၀-၅-၂၀၁၄ )ရက်နေ့တွင် တပ်မတော်မှ ပြန်လည်စွန့်လွှတ်ပေးအပ်ခဲ့ပြီ ဖြစ်သော်လည်း လယ်သမားများ လက်ဝယ်သို့ မရောက်ရှိပဲ ကြန့်ကြာနေမှုကို ဖော်ထုတ်ပေးရန် ဆန္ဒဖော်ထုတ်ပွဲကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာ တွင် စက်တင်ဘာလ (၃)ရက် ကြာသပတေးနေ့ နံနက်(၈)နာရီက ပြုလုပ်ခဲ့သည်။

          အင်အား (၁၅၀) နီးပါးခန့်ရှိသော ဆန္ဒဖော်ထုတ်သူများထဲတွင် အသက်အရွယ်ကြီးရင့်သူ အဖိုးအဖွား အရွယ်များကိုလည်း တွေ့ရှိခဲ့ရသည်။အသက်(၈၁) နှစ်အရွယ် အဘဦးမောင်ငယ်က ယခုကဲ့သို့ ဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်၍  ပြောပြခဲ့သည်။ “ အဘတို့ လယ်တွေကို ဟိုဒင်း က သိမ်းထားတာ ဘာမှ ပြန်မလာလို့ လုပ်တာပေါ့ကွာ။ အဘ အသက် (၈၁) နှစ်ရှိပါပြီ။ အဘ ရဲ့ လယ်ဧက ကတော့ (၈)ဧက ပါ။ ၁၉၉၂ တုန်းက ကျနော်ရယ်၊မောင်ကြီးရယ်၊စံသိန်းရယ် သွားအပ်ရတယ်ပေါ့။အမှတ် (၃) လမ်းဘေးမှာ။ ဗိုလ်ချုပ်ဝင်းမြင့် လက်ထက်ကပေါ့။အဲဒီမှာ သွားအပ်ရတယ်။ သွားအပ်ပြီးတော့  ခုချိန်အထိ သတင်းက မထူးသေးတာနဲ့ တို့လယ်သမားအဖွဲ့တွေနဲ့ ရလိုရာရလိုကြောင်း ဆန္ဒဖော်ထုတ်တာပါ။ ” ဟုပြောပြခဲ့သည်။

          ဆန္ဒဖော်ထုတ်သူလယ်သမားများသည် ခွင့်ပြုမိန့်တင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။ဆန္ဒဖော်ထုတ်ရာလမ်းတလျှောက် ၁၉၉၂ ခုနှစ် တပ်သိမ်းခံလယ်မြေများ လယ်သမားများလက်ဝယ်သို့ အမြန် ပြန်လည်ရရှိရေး၊ (၃၀-၅-၂၀၁၄ ) နေ့တွင် တပ်မတော်မှ ပြန်လည်စွန့်လွှတ်ပေးပြီးဖြစ်သော်လည်း လယ်သမားများ လက်ဝယ်သို့မရောက်ရှိဘဲ ကြန့်ကြာနေမှုကို ဖော်ထုတ်အရေးယူပေးရေး၊ ၁၉၉၂ ခုနှစ်တါင် လယ်ယာမြေလုပ်ကိုင်ခြင်းမရှိဘဲ လိမ်လည်လျှောက်ထားသူများအား ဖော်ထုတ်အရေးယူပေးရေး၊ ၁၉၉၂ ခုနှစ် ကျေးရွာငွေချေးဘဏ်စာရင်းတွင် ပါဝင်ပြီး အမှန်တကယ်နစ်နာခဲ့သည့် လယ်သမားများလက်ဝယ်သို့ လယ်ယာမြေများ အမြန်ဆုံးပြန်လည်ရရှိရေး၊ ၁၉၉၂ ခုနှစ်တွင် တပ်သိမ်းခံမဟုတ်ဘဲ 1(A) အမည်စာရင်းဖြင့် လာရောက်လျှောက်ထားသူများအား ဖယ်ရှားပေးရေး၊ စာရင်းမှား၊ဦးပိုင်မှားများ အသုံးပြု၍ လိမ်လည်သူများနှင့် ပူးပေါင်း၍ အဂတိလိုက်စား ဝန်ထမ်းများ ဖော်ထုတ်အရေးယူပေးရေး  ကြွေးကြော်သံများကို ဟစ်ကြွေးကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

          နံနက် (၉)နာရီ(၃၀)မိနစ်တွင် ဆန္ဒဖော်ထုတ်ပွဲအား ကျိုက္ကလော့ ဘုရားအနီးတွင် အောင်မြင်စွာရုတ်သိမ်းခဲ့သည်။

          လယ်ယာမြေများကို တပ်က သိမ်းဆည်းပြီး သမ္မတနှင့် ကာချုပ်အမိန့်ဖြင့် ပြန်လည်ပေးအပ်ခဲ့သော်လည်း သိမ်းဆည်းခံခဲ့ရသူများ၏ လက်ဝယ်သို့ ပြန်လည်မရောက်ရှိဘဲ တခြားအမည်ပေါက်များဖြင့် ထွက်လာသောကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်သည်။ အကြောင်းမထူးပါက သတင်းစာရှင်းလင်းပွဲ ထပ်မံလုပ်ဦးမည်ဟုလည်း ဆန္ဒထုတ်ဖော်သူတစ်ဦးက ပြောပြခဲ့ပါသည်။

ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်း (၁၃) နှစ်မြောက် အမှတ်တရ ပြုလုပ်ဆရ

$
0
0
ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်း (၁၃) နှစ်မြောက် အမှတ်တရ ပြုလုပ်
ရန်နောင်(ဗိုလ်တထောင်)         မိုးမခ       စက်တင်ဘာ  ၃ - ၂၀၁၅
ဆရာဦးမင်းသစ်

ဆရာအောင်ဇင်မင်း

ဆရာမောင်ချောနွယ် ၏ ဇနီး နှင့် မြေး


          ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်း ( ၁၃) နှစ်မြောက် အမှတ်တရ လွမ်းဆွတ်ပွဲလေးကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း(အောက်)လမ်းရှိ  ဟုမ်းမီဒီယာခန်းမတွင်  စက်တင်ဘာလ  ၃ရက် နေ့ နေ့လယ် (၁) နာရီ၌ ကျင်းပပြုလုပ်ခဲ့သည်။
          အခမ်းအနားမှူးအဖြစ် ဆရာဘိုင်အိုမင်းသစ် မှဆောင်ရွက်ခဲ့သည်။ ဆရာ ဦးမင်းသစ်မှ မောင်ချောနွယ် လွမ်းပွဲ ဘာလို့လုပ်ရသလဲ နှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောပြခဲ့သည်။ “ ဘာလို့လုပ်ရလဲဆိုတော့ အချက်သုံးချက်ရှိတယ်။ (၁) ကာရန်ကို ဇွတ်ရှောင်သူ၊ (၂) ကာရန်ကို ဇွတ်ရှာသူမဟုတ်၊ (၃) အသစ်တွေကို ဖိတ်ခေါ်သူ  အဲဒီအချက်သုံးချက်နဲ့ ညီလို့ပါ ” ဟု ပြောပြခဲ့သည်။
          ကဗျာဆရာအောင်ဇင်မင်းကလည်း မောင်ချောနွယ် နှင့် ဘယ်လိုစတင်ဆုံဆည်းခဲ့ပုံနှင့် မောင်ချောနွယ် အမှတ်တရ တော်လှန်ကဗျာ တပုဒ်ကို ရွတ်ဆိုခဲ့သည်။
          အခြားသော တက်ရောက်လာသော ကဗျာဆရာများကလည်း ကဗျာများရွတ်ဆိုကာ ဂုဏ်ပြုကြသလို မောင်ချောနွယ်၏ မြေးဖြစ်သူ မှလည်း အဖိုး၏ ကဗျာတပုဒ်ကို ရွတ်ဆိုကာ လွမ်းတမ်းတခဲ့သည်ကိုလည်း တွေ့ခဲ့ရသည်။

          ကဗျာဆရာမောင်ချောနွယ်၏ အမျိုးသမီးဖြစ်သူ ဒေါ်မြင့်မြင့်စိန် နှင့် သမီးဖြစ်သူတို့မှ ထိုပွဲလေးအား စီစဉ်ခဲ့ခြင်း ဖြစ်သည်။

လမ်းပြကြယ်မြန်မာစာကြည့်တိုက်(စင်္ကာပူ)မှ နာမကျန်းဖြစ်နေသော စာရေးဆရာ\ဆရာမကြီးများအား ငွေလှူဒါန်း

$
0
0


     
 လမ်းပြကြယ်မြန်မာစာကြည့်တိုက်(စင်္ကာပူ)မှ နာမကျန်းဖြစ်နေသော စာရေးဆရာ\ဆရာမကြီးများအား ငွေလှူဒါန်း

ဟန်သစ်နိုင်၊ မိုးမခ၊ စက်တင်ဘာ ၃ရက်၊ ၂၀၁၅ခုနှစ်


          





လမ်းပြကြယ်မြန်မာစာကြည့်တိုက်( စင်္ကာပူ)နှင့် စင်္ကာပူရောက် စာပေချစ်ပရိတ်သတ်တစ်ဦးတို့၏  စာရေးဆရာကြီး\ဆရာမကြီး ၁၀ဦးအား လှူဒါန်ငွေပေးအပ်ပွဲကို ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ် သုတခန်းမ(နှမ်းစုံ)တွင် စက်တင်ဘာ ၃ရက် နေ့လည်ပိုင်းတွင်ပြုလုပ်ခဲ့သည်။
          

လမ်းပြကြယ်မြန်မာစာကြည့်တိုက်(စင်္ကာပူ)သည် မြန်မာစာနယ်ဇင်းသမဂနှင့် ဆက်သွယ်ပြီး မြန်မာနိုင်ငံ အတွင်း နာမကျန်းဖြစ်နေသော စာရေးဆရာကြီး\ဆရာမကြီး များကိုလှူဒါန်းရန် ချိတ်ဆက်ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံအထက်ပိုင်းမှ စာရေးဆရာ ၅ ယောက်နှင့် မြန်မာနိုင်ငံအောက် ပိုင်းမှ ၅ ယောက်ကို တစ်ယောက် ၁သိန်းစီ၊ စုစုပေါင်း ၁၀ သိန်းကို လမ်းပြကြယ်မြန်မာစာကြည့်တိုက် (စင်္ကာပူ)မှ လှူဒါန်းခဲ့သည်။ နောက်ပိုင်းတွင်လည်း အလှူရှင်များရှိရင်ရှိသလို စာရေးဆရာ\ဆရာမကြီးများ အား လှူဒါန်းသွားမည်ဖြစ်သည်။
         
          အခမ်းအနားတွင် စာရေးဆရာ ဦးမိုးသူ၊ စာနယ်ဇင်းသမဂ္ဂမှ ဦးလင်းယုန်(ရှမ်းပြည်) နှင့် ဒေါ်ခင်ဆွေဦး တို့မှ စာရေးဆရာ\ဆရာမကြီးများကို သတိရလှူဒါန်းခြင်းအတွက် ချီးကျူးစကားနှင့် သြဝါဒစကားများပြော ကြားပေးခဲ့ကြပြီး အလှူငွေများကိုလည်း ထိုစာရေးဆရာ ၃ဦးမှ အလှူငွေပေးအပ်ပေး ခဲ့သည်။ အလှူငွေများကိုလက်ခံရယူရာတွင် နာမကျန်းဖြစ်နေကြသည့်အတွက် ကိုယ်စားလှယ်များမှ လာရောက် လက်ခံယူရသည်။

          နာမကျန်းဖြစ်နေသည့် အလှူငွေရရှိသော စာရေးဆရာ\ဆရာမကြီး ၁၀ဦးမှာ ဦးစိုးမြင့်လတ်၊ မောင်ရေပြာ၊ ဦးဟိန်း၊ ခင်ဝင်းသစ်၊ ပိုင်စိုးဝေ၊ မစိမ်းပင်၊ ကိုသျှပ်၊ အနွဲ့၊ မရီဝေ၊ ဆရာမငြိမ်း တြို့ဖစ်သည်။



စမ်းစမ်းတင် - အိပ်မက်ဆိုးတောင် ဒိလောက်မဆိုး

$
0
0

စမ်းစမ်းတင် - အိပ်မက်ဆိုးတောင် ဒိလောက်မဆိုး
(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၁၅

ဆင်တွေနေရာ စက်တွေလာ
လိပ်ပြာတွေ ကမ္ဘာပျက်
ကယောက်ကယက် အလန့်တကြားပြေးသွား
ငှက် ကျား သမင် ရောင်စုံ အရိုင်း ပန်း လိပ်ပြာ ဝိညာဉ်များ
 ကမ္ဘာဦးသစ်လုံးကြီးတွေပြို
တောင်ပေါ်ရေတွေ အော်ငိုဆင်း
ယာခင်း စိုက်ခင်း အိမ်ဝင်း ကျောင်းဝင်း
လိပ်ပြာတသင်း ငိုချင်း
 အိပ်မက်ဆိုးများ မဟုတ်
ကံဆိုးမိုးမှောင်...
ရေလှောင်ဆည် သစ်ပြုန်းတောပျောက်
လမ်းပျောက်ရေစီး
ဒီခေတ်ကြီးမှာ
ကုန်းကြီးက ပင်လယ်လာထွန်း
ပင်လယ်ပျောက်တော့ နှုန်းရောက်
ကပေါက်တိကပေါက်ချာ...
ဒါဟာ အိပ်မက်လေလား ၀ိုးတ၀ါး
အို..
ဘုရား ဘုရား အိပ်မက်ဆိုးတောင် ဒါမျိုးဖန်တီးဖို့ခက်
ခေတ်ကြီးကသာ ဖန်ဆင်းလေသည်မို့
လိပ်ပြာတေးများအဖန်ဖန်...ငိုချင်းရှည်ပြန်…။

စမ်းစမ်းတင် @ SanSan Cynthia Tin

၂၀၁၅  စက်တင်ဘာ ၁ ရက်
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>