Quantcast
Viewing all articles
Browse latest Browse all 9633

ကလေးများနှစ်အတွက် ၂၀၁၆ နိုဘယ်မြန်မာအကြိုစာအုပ်များ

ကလေးများနှစ်အတွက် ၂၀၁၆ နိုဘယ်မြန်မာအကြိုစာအုပ်များ(မိုးမခစာအုပ်စင်) အောက်တိုဘာ ၂၊ ၂၀၁၅


Image may be NSFW.
Clik here to view.
 

Tooth traditions from Around the World
Selby B. Beeler, illustrated by G.Brian Karas
သွားနှင့်ပတ်သက်၍ ကမ္ဘာအရပ်ရပ်ရှိ တိုင်းပြည်များမှ အယူအဆများ
ဘာသာပြန်သူ - တက္ကသိုလ်ရွှေရီဝင်း

သွားအကြောင်းသိကောင်းစရာ
စိတ်ကူးချိုချို
ထုတ်ဝေသူ - ဦးစန်းဦး
၈၅၊ ၁၆၄ လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်
စောင်ရေ - ၅၀၀
စာမျက်နှာ - ၃၂
အတွင်းပုံ - ဂျီဘရိုင်ရင်၏ မူရင်းပုံများအပါအ၀င်
 မြန်မာပြည်နှင့် ပတ်သက်သော ပန်းချိပုံ - အော်ပီကျယ် ရေးဆွဲသည်။

တက္ကသိုလ်ရွှေရီဝင်း၏ ကလေးများအတွက် စာဖတ်ဖို့ အလေ့အကျင့် ပျိုးထောင်ပေးချင်သော စေတနာဖြင့် ဘာသာပြန်ရေးသားလိုက်သော စာအုပ်ဖြစ်သည်။ သွားအကြောင်း ဤစာအုပ်တွင်နိုင်ငံတကာမှ သွားနှင့်ပတ်သက်လို့ အယူအဆ ယုံကြည်မူများအပြင် စာအုပ်တွင် မပါဝင်ထားသော မြန်မာပြည်က အယူအဆတစ်ခုဖြစ်သော ငယ်သွားလေးကျိုးသွားရင် ဘာလုပ်ကြသလဲ ဆိုသော ပြောဆိုချက်များကို အော်ပီကျယ်အား ရေးဆွဲစေကာ ထည့်သွင်းရေးသာား ထားပါသည်။ သည်စာအုပ်ထဲမှာ ကမ္ဘာပေါါ်က တိုက်ကြီးတွေ၊ သမုဒ္ဒရာကြီးတွေရဲ့ ပုံတွေကိုပါ စာရွက်ဆိုဒ်ကြီးကြီး ပုံကြီးကြီးနှုင့် တွေ့ရမှာဖြစ်လို့ အားပါးတရ ဖတ်ကြရပါလိမ့်မယ်။ စာအုပ်တွေဖတ်ရင်းနဲ့ စာဖတ်သော အကျင့်အား မွေးမြူကြပါစို့။


Image may be NSFW.
Clik here to view.
 

အိပ်ရာဝင်နှစ်မိနစ်ပုံပြင်များ
တက္ကသိုလ်ရွှေရီဝင်း
စိတ်ကူးချိုချို
ထုတ်ဝေသူ - ဦးစန်းဦး

၈၅၊ ၁၆၄ လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်
စောင်ရေ ၅၀၀
စာမျက်နှာ ၈၄
ပုံပြင် အပုဒ် ၃၉

အခုတလော one minute, two minutes ပုံပြင်စာအုပ်တွေ ခေတ်စားနေတဲ့ အချိန်မှာ ထပ်ထွက်လာတဲ့ ၂မိနစ်ပုံပြင်စာအုပ်လေးပါ။ တစ်မိနစ်ပုံပြင်ထက် နည်းနည်းတော့ ပိုရှည်ပါတယ်။ လူကြီးလူငယ်မရွေး ဖတ်ရင်းနဲ့ ပုံပြင်များကို မိတ်ဆက်လိုက်တာပေါ့။ ရုပ်ပုံများကို မူရင်း စာအုပ်ကနေ ဖော်ပြပေးထားပါတယ်။ ပုံပြင်အသစ်အဆန်းများကို စိတ်ဝင်စားရင် သည်စာအုပ်လေးက သင့်ကို ပျော်ရွှင်စေပါလိမ့်မယ်။


Image may be NSFW.
Clik here to view.

One-Minute Favorite Fairy Tales by Shari Lewis
ဘာသာပြန်သူ - တက္ကသိုလ်ရွှေရီဝင်း
တစ်မိနစ် အိပ်ရာဝင် ပုံပြင်များ


ထုတ်ဝေသူ - ဦးလှတိုး
ရန်အောင်စာပေ
တိုက် ၁၇၊ အခန်း ၂၃၊ ရွှေအုန်းပင်အိမ်ရာ
အနောက်ရန်ကင်း ရန်ကုန်မြို့
အုပ်ရေ - ၁၀၀၀
တန်ဖိုး - ၁၀၀၀ကျပ်
စာမျက်နှာ - ၁၀၀

တစ်မိနစ် ပုံပြင်တစ်ပုဒ်နဲ့ ဖတ်သွားရမယ့် သည်စာအုပ်က အင်္ဂလိပ်မြန်မာ နှစ်ဘာသာ တွဲရက် ဖြစ်ပါသည်။ နိုင်ငံတကာက ပုံပြင်များကို စုစည်းထားတာကြောင့် တိုင်းပြည်စုံရဲ့ ပုံပြင်တွေကို လေ့လာဖတ်ရူရမှာ ဖြစ်ပါသည်။ ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ ဂျာမန်ပုံပြင်ဖြစ်တဲ့ Sleeping Beauty (အိပ်ပျော်နေသော မင်းသမီးလေး) ကပုံပြင်ရှည်ကြီးတစ်ပုဒ်ပေမယ့် သည်စာအုပ်ထဲမှာ တစ်ရွက်နဲ့ တစ်မိနစ်စာ ဖတ်ရမှာဖြစ်လို့ စိတ်လှူပ်ရှားစရာပေါ့။ ခပ်တိုတို တုတ်တုတ်နဲ့ ပုံပြင်လေးတွေ ဖတ်ချင်တယ်ဆိုရင် သည်စာအုပ်ကို ဖတ်ကြည့်လိုက်တာပေါ့။


Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>