Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ဂျူနီယာဝင်း - ဂွတ်ဘိုင် လိုဂိုဟုတ်

$
0
0

ဂျူနီယာဝင်း - ဂွတ်ဘိုင် လိုဂိုဟုတ်
(Junior Win’s Goodbye Logos Hope ကို ကိုယ်တိုင်ဘာသာပြန်သည်။)
 (မိုးမခ) အောက်တိုဘာ ၄၊ ၂၀၁၅

ကျွန်မတို့တိုင်းပြည်မှာ မကြုံစဖူး ကြုံရဦးမည့် စာအုပ်များရောင်းချပွဲဟာ အပြည်ပြည်ဆိုင်ရာ လိုဂိုဟုတ်စာအုပ်သင်္ဘောကြီိးကနေ အလုံသဘောင်္ဆိပ်ကမ်းကို ဆိုက်ကပ်လာပြီ ဖြစ်ပါတယ်။ စာအုပ်ဆိုင်တွေ အထူးသဖြင့် အင်္ဂလိပ်စာအုပ်ဆိုင်တွေ သီးသီးသန့်သန့် ရောင်းဆိုင် ရှားပါးနေတဲ့ သည်တိုင်းပြည်မှာ၊ စာအုပ်ဆိုင်ရှိသောလည်းပဲ မူရင်းဈေးနှူန်းက ဈေးကြီးတာတွေ များတာကြောင့် ကိုယ်ဝယ်နိင်သလောက် မ၀ယ်နိုင်၊ ဒါ့အပြင် ကျွန်မဖတ်ချင်တဲ့ စာအုပ်များရှာရခက်တာတွေလဲ ကြုံရတော့…. သည်တော့ အခုလို စာအုပ်သင်္ဘောကြီးက စာအုပ်တွေ ထောင်ချီ သောင်းချီသယ်လာမယ် ဆိုလိုက်တာနဲ့ ခေါင်းထောင်မိ၊ စိတ်ဝင်စားမိတာ မဆန်းဘူးပေါ့။ 

၂၀၁၅ အောက်တိုဘာ ၃ရက်ကနေ ၁၄ ရက်အထိလို့ဆိုပါတယ်။ သို့သော် ၃ ရက်နေ့က ဖွင့်ပွဲရှိတာကြောင့် နေ့လည် ၁နာရီကနေ ညနေ၆နာရီ အများပြည်သူများ ဖရီးဝင်ကြည့်ကြရမှာပါ။ စာအုပ်နံ့ရတာနဲ့ မနေထိုင် မထိုင်နိုင် စိတ်ကူးတယဉ်ယဉ်ပေါ့လေ။ အဓိကအားဖြင့်တော့ ကျွန်မဖတ်ချင်နေတဲ့ သိပ္ပံဝတ္ထုတွေ၊ရေးဘရက်ဘာရီရဲ့ ၀တ္ထုတွေ ဘယ်နှစ်အုပ်ပါလာမှာလဲ၊ ကျွန်မဖတ်ချင်နေတဲ့ စာအုပ်စာရင်းကို မှတ်ထားပြီး၊ စာအုပ်တွေရှာဖို့ ကြည့်ဖို့ စိတ်ကူးနဲ့ပါပဲ။ 

ကျွန်မဖေဖေကတော့ အဲသည်လိုနေရာမျိုးသွားဖို့ လုံးဝအားမပေးပါဘူး။ ဘယ့်နှယ်…. စာအုပ်ဝယ်ဖို့ကို ဒီလိုနိုင်ငံခြားသင်္ဘောကြီးလာမှ သွားရရှာရဖတ်ရမယ် ဆိုတာက ဟုတ်မှ မဟုတ်တာလို့ဆိုတယ်။ နိင်ငံရပ်ခြားမှာ ဆိုရင်…. နေရာတိုင်း စာအုပ်ဆိုင်တွေ တွေ့ဖူးနေတဲ့သူကိုး။ တစ်ဒေါ်လာလောက်နဲ့ လက်တပွေ့  ကြိုက်သလောက်ယူ ဆိုတဲ့ စာအုပ်ဆိုင်တွေက မှိုလိုပေါက်အောင် မြင်ဖူးနေတာကိုး။ အင်္ဂလိပ်စာအုပ်အစုံ၊ ရှားပါးစာအုပ်တွေကအစ စာအုပ်ဆိုင်ပိုင်ရှင်တွေက စေတနာအပြည့်နဲ့ ရှာပေး ကူညီပေးကြတာတွေကလဲရှိတော့။ ဒါ့အပြင် အခုခေတ်တော့ အမေဇုံကနေ ကြိုက်ရာစာအုပ် လှမ်းမှာတိုင်း အိမ်တိုင်ရာရောက်ပို့ပေးနိုင်တဲ့စနစ်က ရှိနေပြန်တယ်။ အမာဖုံးနဲ့ ယူမလား၊ပျော့ဖုံးနဲ့ မှာမလား…. စသဖြင့် ကိုယ်တတ်နိုင်တဲ့ ဈေးနှူန်းနဲ့ စာအုပ်တွေက ပေါမှပေါကိုး။ ဈေးကလဲ ပေါတော့ လမ်းလျောက်နေတဲ့သူလည်း တစ်အုပ်စနှစ်အုပ်စတော့ကောက်ဝယ်မိမှာပဲကိုးလေ။ ကျွန်မတို့တိုင်းပြည်မှာ တယ်လီဖုန်းဆင်းကဒ်တွေ ရောင်းနေသလိုပေါ့။ မော်တော်ကားအကောင်းစား ကြီးတွေရာချီထောင်ချီတင်သွင်း နေသလို နေမှာပေါ့လေ။ သူများနိုင်ငံများပြောပါတယ် စာအုပ်တွေကိုအဲသလို အဲသလို ပေါများနေတာကို မျက်စိထဲမြင်လာအောင် ပုံဖော်ပြတာပါ။ ဒီတိုင်းပြည်ကတော့ စာအုပ်ဆင်းရဲတဲ့တိုင်းပြည်။ အင်္ဂလိပ်စာအုပ်မပြောနဲ့ ဗမာစာအုပ်တွေတောင်မှ စာအုပ်ဆိုင်ရှိတဲ့နေရာကို အရင်ရှာရတယ်။ တကူးတက သွားရနဲ့ စာအုပ်ဆိုင်တိုင်းမှာတောင် စာအုပ်အစုံတွေ့ရတာမျူိုးမဟုတ်။ ဘယ်တိုက်ကထုတ်တဲ့စာအုပ် ဘယ်စာအုပ်ဆိုင်က ဆိုတဲ့ သတ်မှတ်ချက်တွေအောက်မှာ ရှာရ၀ယ်ရတာကိုး…။ ဘာပဲဖြစ်ဖြစ်လေ… စာအုပ်တွေ အများကြီး မြင်ဖူးတယ်ရှိအောင် သွားတော့ ကြည့်ရဦးမယ်။ ဖေဖေ့အဆူအဆဲခံပြီး မျက်နှာငယ်ငယ်နဲ့ သွားတော့ သွားလိုက်ဦးမှလေ။

သဘောင်္ကြီးက တော်တော့်ကို ကြီးကျယ်ခန်းနားတာကိုး…… ဓါတ်ပုံထဲ တွေ့တာကိုပြောတာပါ။ လိုဂိုဟုတ်သင်္ဘောကြီးရဲ့ အတွင်းမှာ စာအုပ်စင်တွေတန်းစီနေတာ မျက်စိတဆုံးပါပဲ…. ဒါလဲ ဖေ့ဘုတ်ထဲ ….။ စာအုပ်တန်းတွေရှေ့မှာလဲ လူတစ်ယောက်စ နှစ်ယောက်စ…. ကလေးလေးတစ်ယောက်ထဲလဲ စာအုပ်စင်ရှေ့မှာ ရှာနေတာ ….. အေးအေးဆေးဆေး ရှိလို်က်တာ… … ဓါတ်ပုံတွေ သတင်းမီဒီယာ တချို့တင်ထားတာ ပြောတာပါ။ 

သွားတော့ သွားရမှာပေါ့။ သည်လို ရှားရှားပါးပါး အခွင့်အရေးလေ။ စာအုပ်သင်္ဘောကြီးဆိုတာ ဘယ်လိုပါလိမ့်လို့ မြင်ဖူးချင်သူတွေလဲ ရှိကြဦးလိမ့်မယ်။ စာအုပ်တွေလဲကြည့်၊ သဘောင်္ကြီးလဲ ကြည့်ဆိုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုတဲ့ သဘောတော့ရှိတယ်။ ဒါ့အပြင် ဖျော်ဖြေပွဲလည်းပါဦးမယ်လို့ ကြားတာပဲ။ ဒါဆို တစ်ချက်ခုတ် သုံးချက်ပြတ်ပေါ့။ စားသောက်ဆိုင်တွေလဲ ရှိဦးမယ်။ ဒါဆို စာအုပ်တွေကြည့်လိုက်၊ ဗိုက်ဆာလဲပူစရာမလို၊ ခနတဖြုတ်နားဦးမလား။ စာအုပ်တွေဆိုတာ အေးအေးဆေးဆေး အချိန်ပေးပြီး ကြည့်ဖို့အချိန်လိုတယ်။ ကိုယ့်မှာရှိပြီးသားစာအုပ်တွေနဲ့ မမှားအောင် ဂရုတစိုက်နဲ့ ရှာရဦးမှာ။ စာအုပ်တွေက ဈေးပေါပေါနဲ့ရမှာလား ဈေးက ကြီးမှာလား ဒါတော့ မသိသေးဖူး။ သွားကြည့်မှ သိမှာ။ အချိန်၁နာရီလောက်တော့ အနည်းဆုံးရှိမှ ဖြစ်လိမ့်မယ်။ စာအုပ်တန်းတွေက တော်တော်များပြီးရှည်လျားတော့ တခေါက်တော့ ဘာမှမ၀ယ်ပဲကြည့်မှဖြစ်မှာ။ နောက်မှ ဘယ်စာအုပ်ယူမလဲ ဆုံးဖြတ်ချက်ချ။ စိတ်ကူးနဲ့ပဲ ပျော်နေမိတယ်။ 

ဘာပဲဖြစ်ဖြစ်ပေါ့ လူများလဲ သွားတော့ ကြည့်ရမယ်။ တချို့ကတော့ သဘောင်္လာကြည့်ကြမယ့်လူတွေများမယ် လို့ကြိုပြောကြတယ်။ ဒါပေမယ့် စာအုပ်တွေလဲ ပါတယ်လေ။ သည်လိုပဲ သည်လိုနဲ့ စာအုပ်တွေကို လူတွေက စိတ်ဝင်စားလာကြမှာ။ သဘောင်္ကြည့်ရင်းနဲ့ စာအုပ်တွေဖက်ကို မျက်စိရောက်လာမှာ၊ ဖျော်ဖြေတာတွေ ငေးရင်းနဲ့ စာအုပ်လေး တစ်အုပ်နှစ်အုပ်ကြည့်မိမလား။ စာအုပ်တွေကြီးပဲ သီးသန့်လုပ်ရင်ကောင်းမှာပဲ ဆိုတာကတော့ ကျွန်မရဲ့ ဆန္ဒပေါ့။ စာအုပ်တွေ ပေါများစေချင်တယ်… မျက်စိရှေ့များများတွေ့ရင် ကောင်းမယ် ဆိုတာက ကျွန်မရဲ့ အိပ်မက်ပေါ့။

အောက်တိုဘာ ၃ ရက်နေ့နေ့လည်တော့ အပြင်ကနေပဲ ….. လူတန်းကြီးကို တွေ့တာကိုပြောတာပါ။ သဘောင်္ကြီးတော့ အရိပ်အယောင်တောင် မမြင်ရ။ စာအုပ်ဝယ်ဖို့ သည်လို တန်းစီရတယ်ဆိုတာကို သဘောမကျဘူး… ဟုတ်တယ်…. ကျွန်မကလည်း တော်တော့်ကို အသုံးမကျပါဘူး။ စိတ်ကလည်းမရှည်ဘူး။ သည်လိုစိတ်လက်တစ်ဆစ်နဲ့ ရပါလိမ့်မယ် စာအုပ်။ အိမ်ကိုမျက်နှာငယ်နဲ့ ပြန်လာရတယ်။ အချိန်တွေလဲကုန် လူလဲပန်း။ တချို့ကတော့ ပြောပါတယ်… နောက်တစ်နေ့ချောင်သွားမှာပါတဲ့။ 


စာအုပ်ဆိုတာ အဲသလိုခက်ခက်ခဲခဲ ကြပ်ကြပ်တည်းတည်းနဲ့ အခေါက်ခေါက်အခါခါ သွားရ၊ ရှာရ၊ ၀ယ်ရတယ်ဆိုတာ ကျွန်မတို့ရဲ့တိုင်းပြည်။ စာအုပ်ဆင်းရဲတဲ့တိုင်းပြည်။ ကျွန်မကတော့ အဲသည်စာအုပ်တွေကို ၀ယ်ပြီးပြန်ရောင်းတဲ့ စာအုပ်ဆိုင်တွေဆီကိုပဲ ခြေဦးလှည့်ဖို့ အခုကတည်းက စဉ်းစားနေမိတယ်…. ဂွတ်ဘိုင် လိုဂိုဟုတ်…. 

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>