ချမ်းမြ - "ရာပြည့် အမေမာစာအုပ်များ နှင့် မြေး-ချမ်းမြရဲ့ ရာပြည့်ကဗျာ"
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၅
၂၀၁၅ နိုဝင်ဘာ ၂၉ ရက်နေ့ဆိုရင် အမေလူထုဒေါ်အမာရဲ့ ရာပြည့်မွေးနေ့ပွဲကို မန္တလေးမြို့တွင်စည်ကားသိုက်မြိုက်စွာ ကျင်းပတော့မည်ဖြစ်သည် ။နိုဝင်ဘာ ၂၆ ရက်နေ့ကနေ ၂၈ ထိက မန္တလေးမြို့ ဓမ္မသာလအခန်းမမှာ အမေမာရဲ့ရာပြည့်အကြိုပွဲအဖြစ် ကျင်းပမည်ဖြစ်သည်။ နိုဝင်ဘာ၂၉ရက်နေ့ အမေမှာမွေးနေ့မှာတော့ ဆရာတော်ဦးပညာ ရဲ့ကျောင်းတိုက်ဖြစ်သည့် အမရပူရမြို့က တောင်လေးလုံးကျောင်းတိုက်မှာ လူထုတိုက်က ဦးစီးပြီးအမေ့ရဲ့သားသမီးမြေးမြစ်တွေက ရာပြည့်မွေးနေ့ပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပကျအုံးမယ်ဖြစ်သည်။
အမေလူထုဒေါ်အမာကို အဖဦးထင်၊အမိဒေါ်စု တို့ကနေ ၁၉၁၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ မန္တလေးမြို့တွင်မွေးဖွားခဲ့ပါတယ်။အမေမာက အသက် နှစ်ဆယ်ကျော်တက္ကသိုလ်ကျောင်းသူဘဝကတည်းက စာရေးလာတာဟာ အမေမကွယ်လွန်မီ လပိုင်းအလိုထိပါပဲ။ အမေမာ ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်တွေကတော့
၁၉၃၈ မှာတော့ Maurice Collis -Trials In Burma မြန်မာပြည်တွင်စစ်ဆေးခဲ့သော အမှုအခင်းများ (ဘာသာပြန်) စာအုပ်
၁၉၄၀ မှာတော့ Maurice Collis - Sandamala စန္ဒာမာလာ (ဘာသာပြန်) စာအုပ်
၁၉၄၅ မှာတော့ Ashihei Hino - War and Soldier ဂျုံနှင့်စစ်သား (ဘာသာပြန်) စာအုပ် နှင့်
Wanda Wasilewska - The Rainbow သက်တံရောင် (ဘာသာပြန်) စာအုပ်
၁၉၄၉ မှာတော့ ကွန်မြူနစ် တရုတ်ပြည် အင်အားပြိုင်ပွဲ စာအုပ်
၁၉၅၀ မှာတော့ သမ္မတဟိုချီမင်း အတ္ထုပ္ပတ္တိစာအုပ်
၁၉၅၃ မှာတော့ Archie John Stone - In the Name of Peace ငြိမ်းချမ်းရေးသို့ (ဘာသာပြန် )စာအုပ်
၁၉၆၃ ခုနှစ်မှာတော့ ဆိုရှယ်လစ်တိုင်းပြည်များသို့ စာအုပ်နှင့် အိုယန်ကီးတို့ စာအုပ်
၁၉၆၄ မှာတော့ ပြည်သူချစ်သောအနုပညာသည်များ စာအုပ်
၁၉၆၆ မှာတော့ ဘဝချင်းမတူသည့် တရုတ်ပြည် (ဘာသာပြန် နှစ်တွဲ)
၁၉၆၇ မှာတော့ အောင်ဗလ ၊ ဖိုးစိန် ၊ စိန်ကတုံး စာအုပ်
၁၉၆၉ မှာတော့ ရွှေရိုးဘကလေး (နှစ်တွဲ) စာအုပ်
၁၉၇၀ မှာတော့ ရွှေမန်းတင်မောင် စာအုပ်
၁၉၇၃ မှာတော့ အငြိမ့် (နှစ်တွဲပေါင်း) စာအုပ်နှင့် ကမ္ဘာအကြီးဆုံးစာအုပ်
၁၉၇၅ မှာတော့ ရွှေဒေါင်းတောင်ဆောင်းပါးများ
၁၉၇၆ မှာတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းစာအုပ် နှင့် Chester Ronning A Memoir of Chine in Revolution တော်လှန်တဲ့တရုတ်ပြည် ကျွန်မမှတ်မိသမျှ (ဘာသာပြန်) စာအုပ်
၁၉၈၃ မှာတော့ လူချစ်သမျှ လူထုဦးလှ စာအုပ်
၁၉၈၅ မှာတော့ ချင်းတွင်းမှ ပင်လယ်သို့စာအုပ်
၁၉၈၉ မှာတော့ မြန်မာ့မဟာဂီတ စာအုပ် နှင့် အာဖရိက ဝတ္ထုတိုများ(ဘာသာပြန်)စာအုပ်
၁၉၉၀ မှာတော့ ဆေးလိပ် နဲ့ လူသား (လူထုဦးလှ နှင့် ပူးတွဲရေးသား) စာအုပ်
၁၉၉၁ မှာတော့ မန္တလေးသူ မန္တလေးသားများ စာအုပ်
၁၉၉၂ မှာတော့ ထိုင်းဝတ္ထုတိုများ - ၁(ဘာသာပြန်) စာအုပ်
၁၉၉၃ မှာတော့ ရတနာပုံ မန္တလေ ၊ မန္တလေး ၊ ကျွန်မတို့ မန္တလေး စာအုပ်နှင့် ထိုင်းဝတ္ထုတိုများ - ၂ (ဘာသာပြန်) စာအုပ်
၁၉၉၄ မှာတော့ သာသနာ့တန်ဆောင် ဆရာတော်ကြီးများ စာအုပ် နှင့် ကျွန်မတို့ ငယ်ငယ်က (ကိုယ်ရေးအတ္ထုပ္ပတ္တိ) စာအုပ်
၁၉၉၆ မှာတော့ ကမ္ဘာ့အကြီးဆုံး ကျောက်ဆင်းတု ဒေါက်တာသန်းထွန်းမှ အင်္ဂလိပ်ဘာသာပြန်ဆို (အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ)
၁၉၉၇ မှာတော့ အမေ့ရှေးစကား စာအုပ်၊ မြန်မာ့ခေတ်သစ် ပန်းချီ စာအုပ် နှင့် တောင်လေးလုံးမှ နတ်ကျွန်းသို့.... စာအုပ်
၁၉၉၉ မှာတော့ တောင်အာရှပြတင်းပေါက်များ (ဘာသာပြန်) စာအုပ်၊ ၈၃ နှစ် ၈၃ ခွန်း စာအုပ် နှင့်
ကျွန်မတို့ မန္တလေးက မန္တလေးတောင် စာအုပ်
၂၀၀၀ ခုနှစ်မှာတော့ အမေ့ရှေးစကား (ဒုတိယတွဲ) စာအုပ်
၂၀၀၁ မှာတော့ ငယ်ကကျွမ်းတဲ့ ခင်ပွန်းသည်သို့ စာအုပ်
၂၀၀၂ မှာတော့ ၁၂ပွဲ ဈေးသည် နှင့် ကျွန်မတို့အညာ စာအုပ်
၂၀၀၃ မှာတော့ လွမ်းသူ့စာ စာအုပ်
၂၀၀၄ မှာတော့ စာအုပ်ဆိုင်က လူဝင်လူထွက် စာအုပ်
၂၀၀၆ မှာတော့ မြမဥ္ဇူဝတ္ထုတိုများ စာအုပ်
၂၀၀၇ မှာတော့ အမေ့ရှေးစကား (တတိယတွဲ) စာအုပ်
၂၀၀၈ မှာတော့ အလွမ်းပြေမှတ်စုများ စာအုပ်
၂၀၁၀ မှာတော့ ကျွန်မရေးတဲ့ သူ့ဘဝ လူထုဦးလှစာအုပ် တို့ပဲဖြစ်ပါတယ်။
ပြည်သူချစ်သော အနုပညာသည်များစာအုပ်ဟာဆိုရင် ငါးကြိမ်တိတိပြန်လည်ထုတ်ဝေခဲ့တဲ့စာအုပ်ဖြစ်ပါတယ်။ ပထမအကြိမ်က ၁၉၆၄ မေလ ၊ ဒုတိယအကြိမ်က ၁၉၆၄ စက်တင်ဘာလ ၊ တတိယအကြိမ်က ၁၉၆၇ ဇူလိုင်လ ၊ စတုတ္ထအကြိမ်က ၁၉၇၄ နှင့် ပဉ္စမအကြိမ်ကိုတော့ ၁၉၉၇ ဒီဇင်ဘာလ မှာထုတ်ဝေခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် မြေးတစ်ယောက်အနေနဲ့ အခု လာမယ့် နိုဝင်ဘာ ၂၉ အမေမာရဲ့ ရာပြည့်ပွဲလေးကို စိတ်ကရည်စူးပူဇော်ပြီး အမေမာကို ကဗျာတစ်ပုဒ် နဲ့ ကန့်တော့လိုက်ပါတယ်။
"မရိုင်းတဲ့ သမိုင်း မသေတဲ့ အမည်" (ချမ်းမြ)
ဗမာပြည် အမှောင်ခေတ်မှာ
အလင်းရောင်တွေဝေဖြာစေဖို့....
နတ်မောက် က
ဗိုလ်ချုပ်အောင်ဆန်း ကိုပေးတယ်။
မန္တလေး က
လူထုဒေါ်အမာ ကိုပေးတယ်။
ဗိုလ်ချုပ်အောင်ဆန်း က
ပြည်သူချစ်တဲ့ ခေါင်းဆောင်....။
လူထုဒေါ်အမာ က
ပြည်သူချစ်သော အနုပညာသည်...။
သူတို့အကြောင်း ခပ်ရိုးရိုးလေးပဲ
အမေမာတဲ့
လူသာသေပြီး နာမည်မသေတဲ့သူ
လူသာသေပြီး သမိုင်းမသေတဲ့သူ
၂၀၁၅ နိုဝင်ဘာ(၂၉) မှာ
အနှစ် တစ်ရာပြည့်ပြီ...။
အနှစ်တစ်ရာ မဟုတ်ဘူး
ကမ္ဘာပျက်သုဉ်း အမှောင်ဖုံးတောင်
ပြည်သူတွေရင်ထဲ ကျွန်တော့်ရင်ထဲ
အမြဲတမ်း စီးဆင်းနေမယ့် သမိုင်း...။
အမြဲတမ်း စီးဆင်းနေမယ့် နာမည်...။
{ချစ်ခြင်းအားဖြင့် အမေလူထုဒေါ်အမာ နှစ်တစ်ရာပြည့်သို့}