အီကြာအော် - “ဖွတ်ကလေးနှင့် ခက်သေးရွာ ရွာလုံးကျွတ်ရွေးကောက်ပွဲကြီး”
(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၁၅
ဖွတ်ကလေးတယောက်အီကြာအော်၏အိမ်သို့ဒေါကြီးမောကြီးနှင့်ရောက်ချလာလေသည်။
“ဟေ့ကောင်ဖွတ်ကလေး ... မင်းကဘာတွေများဒေါခီးနေရတာလဲ”
“ဦးဖင်အေးလုပ်ပုံကောင်းသေးရဲ့လားဆရာအော်ရဲ့”
“မင်းကလည်းကာဦးဖင်အေးလုပ်တာဘာဖြစ်လို့လည်း”
“ဒီမှာလေမဲစာရင်းထဲမှာမရှိတော့တဲ့ကျုပ်အဖေကပါလာပြီး သက်ရှိထင်ရှားရှိနေသေးတဲ့အမေကျတော့စာရင်းဖျောက်ထားတယ်၊ ဖယူဖယူကယော်သိန်းတောင်သူ့နာမည်မဲစာရင်းထဲမပါလို့ဒေါခီးနေတယ်လေဆရာအော်ရဲ့”
ခက်သေးရွာကြီး၏ရွာလုံးကျွတ်ရွေးကောက်ပွဲကြီးနီးလာပြီမို့တရွာလုံးဗြောင်းဆန်နေသည်။
ရွာတံခါးစောင့်လုပ်ခဲ့ဘူးသူဦးဖင်အေးကရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌလုပ်ပြီးသူစာရင်းပြုစုထားသည့်မဲပေးသူစာရင်းမှာကားသမဝါယမခေတ်ကစာရင်းလွဲသည်ထက်တောင်ပိုလွဲနေသည်မို့သူ့ထက်လွဲသူတောင်ဦးဖင်အေးလောက်မလွဲနိုင်ဟုခက်သေးရွာသားများကဆိုကြလေသည်။
ရွာတံခါးစောင့်လုပ်ခဲ့ဘူးသူဦးဖင်အေးကရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌလုပ်ပြီးသူစာရင်းပြုစုထားသည့်မဲပေးသူစာရင်းမှာကားသမဝါယမခေတ်ကစာရင်းလွဲသည်ထက်တောင်ပိုလွဲနေသည်မို့သူ့ထက်လွဲသူတောင်ဦးဖင်အေးလောက်မလွဲနိုင်ဟုခက်သေးရွာသားများကဆိုကြလေသည်။
ခက်သေးရွာ၏ဓလေ့အတိုင်းလွယ်နေသည်ကိုခက်အောင်လုပ်သည်မှာခက်သေးရွာလူကြီးများ၏သမိုင်းပေးတာဝန်ပင်ဖြစ်ပေသည်မဟုတ်ပါလား။
“တို့ခက်သေးရွာလည်း နာမည်က စီးနေတော့ ပညတ်သွားရာ ဓာတ်သက်ပါပေါ့ကွာ၊ တရွာလုံးကို ခက်နေတော့တာပဲ”
“ငါတို့ သုံးတဲ့ငွေတောင် “ကျပ်”ဆိုတော့ အကုန်ကျပ်ကုန်တာပေါ့။ အခုလည်း ကြည့်လေ၊
“ဘာကိုကြည့်ရမှာလည်း ဆရာအော်”
“မင်းကလည်းကွာ…၊ ရွေးကောက်ပွဲအကြောင်း ပြောမလို့ကွ၊ တို့ ခက်သေးရွာလူကြီးတွေက ရွေးပြီးတော့ ကောက်တာကိုးကွ”
“ဟုတ်ပါ့ ဆရာအော်ရယ်….၊ သူတို့က စိတ်ကြိုက်ရွေးပြီးတော့ စိတ်ကောက်ချင်ရင် ကောက်တော့တာပဲ”
''ဟေ့ကောင်ဖွတ်ကလေး…၊မင်းကအမေ စာရင်းပျောက်တာ… ငါကစာရင်းထဲမှာအမေနာမည်လွဲနေလို့သေရွာကငါ့အဖေတောင်နောက်မိန်းမရသလိုဖြစ်သွားပေါ့ကွ''
လွဲဖြစ်အောင်လွဲသော ခက်သေးရွာပင် ဖြစ်တော့သည်။
ခက်သေးရွာကြီး၏သမဒဂျီးဘပြောင်ခမျာလည်းနှလုံးစက်ကလေး တပ်ထားရသည်မို့ခက်သေးရွာသားများ၏သနားတတ်သည့်ထုံးစံအတိုင်းဝိုင်း၍အသနားပိုခဲ့ကြသေးသည်။ ခုတော့ဘပြောင်ခမျာလည်းကြွက်နီတို့လိုကလေးများ၏ရယ်စရာဇာတ်လိုက်တဦး ဖြစ်နေရှာသည်။
တနေ့ကလည်း ကြွက်နီတယောက်သူ့သူငယ်ချင်းမောင်ခွေးကိုအားရပါးရမုန့်ဟင်းငါးကျွေးနေလေ၏။
''ဟေ့ကောင်မောင်ခွေးမင်းကွာ. ကစားရင်ကစားမယ်၊မကစားရင် မကစားဘူးပြောကွာ၊ ဘပြောင်လိုဟိုလိုလိုသည်လိုလို၊ ကစားမလိုလို မကစားဘူးလိုလို မူရာမာယာတွေမလုပ်နဲ့ကွာ''
အတုမြင်အတတ်သင်ဟုဆိုရိုးရှိလေသည်မဟုတ်ပါလား။ခက်သေးရွာတွင်ကလေးများလည်းခက်သေးရွာလူကြီးများ၏စကားများနှင့်အမူအရာကိုအတုခိုးကြလေသည်။
ခက်သေးရွာလွှတ်တော်ဥက္ကဌကြီးဦးလေပန်းခမျာလည်းတလောကသူဥက္ကဋ္ဌလုပ်နေသည့်ကြံ့နှင့်ဖွတ်ကျားပါတီမှသူ့ခုံကိုဦးဌေးနယူးမှလာလုသွားသောကြာင့်ခုံပျောက်သွားရှာသည်။
ဦးဌေးနယူးမှာကားလုပ်ကြံခံခဲ့ရ၍ကျဆုံးခဲ့သောအမေပု၏အဖေဗိုလ်ချုပ်ဝင်စားသည်ဟုသူ့ကိုယ်သူအထင်ကြီးနေလေ၏။ခက်သေးရွာသားများကသူ့ကို“နယူးဗိုလ်ချုပ်”ဟုခေါ်တွင်ကြလျှင်အလွန်ပင်သဘောကျတော်မူသည်။
ကြွက်နီတို့ကလေးများကတနေ့က သူ့ကိုခက်သေးရွာလယ်တွင်"နယူးကြီးလာပြီ၊
နယူးကြီးလာပြီ"ဟုလက်ညှိုးထိုးပြီးဆိုကြသောအခါတွင်ကားဒေါခီးသွားလေတော့သည်။
နယူးကြီးလာပြီ"ဟုလက်ညှိုးထိုးပြီးဆိုကြသောအခါတွင်ကားဒေါခီးသွားလေတော့သည်။
သူကြီးအမေပုကားခက်သေးရွာကြီးဆင်းရဲခြင်းအပေါင်းမှလွတ်ကင်း၍ရွာသူရွာသားများ၏ဘဝတိုးတက်လာစေရန်အလို့ငှာရပ်ကွက်အနှံ့လှည်းနေလှေအောင်း၊မြင်းစောင်းမကျန်ဖွဘုတ်တလွှားတွင်ရွေးကောက်ပွဲအနိုင်ရရှိရေးအတွက်လှုပ်ရှားနေရရှာသည်။
“တို့ကတော့မေပုမှမေပုပဲဟေ့”
အီကြာအော်လည်းသူ့ဗိုက်ရွှဲရွှဲကိုဖုံး၍မတန်၊တန်အောင်ဝတ်ထားသောအမေပု၏ပါတီခွပ်ဒေါင်းတံဆိပ်နှင့်စွပ်ကျယ်ကိုဆွဲဆန့်ရင်းတပည့်ကျော်ဖွတ်ကလေးကို အားရပါးရပြောလိုက်လေသည်။
“ကျော်လည်းအမေပုပါတီပဲ မဲပေးမယ်”
သူ့၏ဆိုင်ကယ်တွင်ခွပ်ဒေါင်းတံဆိပ်အလံကိုတပ်ထားသောဖွတ်ကလေးကရင်ကော့၍ပြောလိုက်လေသည်။
“မင်းကပြီးတော့မှဘပြောင်တို့ဝါးထားပါတီကနေဒန်ပေါက်တွေသွားစားမနေနဲ့နော်”
အီကြာအော်က ဒန်ပေါက်စားထားသော ဖွတ်ကလေးကိုလှောင်လိုက်သည်။
“အမေပုစကားကိုနားထောင်ရမယ်လေဆရာအော်ရဲ့”
ဘပြောင်တို့၏ကြံ့နှင့်ဖွတ်ကျားပါတီကမဲဆွယ်ပြီးခါတော်မီဒန်ပေါက်များကိုခက်သေးရွာရပ်ကွက်စေ့လိုက်ဝေသည်။ အမေပုက“ဒန်ပေါက်လည်းစားကြ၊သူမ၏ခွပ်ဒေါင်းပါတီကိုသာမဲပေးကြ”ဟုဆိုသည်။
ဒါမျိုးဆိုလျှင်တော့ခက်သေးရွာသားများ၏အကြိုက်ပင်၊ဒန်ပေါက်အဝသွားစားပြီးခွပ်ဒေါင်းပါတီကိုမဲပေးကြမည်ဟုဆိုကြသည်။ အာဂခက်သေးရွာများပင်ဖြစ်ပေသည်တကား။
ဆရာတပည့်နှစ်ယောက် စကားကောင်းနေစဉ် ကြွက်နီတို့ကလေးတသိုက်ခက်သေးရွာလယ်ကောင်တွင်ပုဆိုးကိုစလွယ်သိုင်း၍နှပ်ချေးတွဲလောင်းဖြင့်စာများကိုရွတ်ရင်း ချီတက်လာကြလေသည်။
“ရဲသားကြီးကကိုလှရွှေ
လူဆိုးသတ်လို့သူကသေ၊
တို့လုံမေမခင်မြ
ကားတိုက်ရာတွင်သူပါကြွ
ဘူးလက်ကြီးကဦးပွပေ
ကသာသွားဖို့ခါးတောင်းကျိုက်နေ၊
စားရင်းရှုပ်ပွေဦးဖင်အေး
ရှင်းနေတာကိုသူရှုပ်ပေး၊
အဖာအထေးကရဲပွတ်ပါ
ဟောင်းလောင်းကြီးတောင်သူကဖာ၊
သူ့ဆရာဦးပြောင်ကြီး
မရိုးတရိုးစားပြီးသူသွားဖြီး”
ကလေးများက သွားများကို ဖြီးရင်း ဆိုကောင်းကောင်းနှင့် ဆိုနေကြလေသည်။
“ဒီကောင်လေးတွေတော့ခက်ပါတယ်ကွာ“
အီကြာအော်က မှတ်ချက် ချလိုက်သည်။ြေ ပာသာပြောရသည၊်အီကြာအော်ကကြွက်နီတို့ကလေးတသိုက်ကိုစိတ်ထဲမှကြိတ်၍သဘောကျနေလေ၏။
ဤသို့သဘောကျနေခိုက်မီးဖိုချောင်ထဲမှဒေါ်အွန်မေးတယောက်ထွက်လာပြီး
“ကိုအော်.... ၊ရှင်တော့ ....ကလေးတွေကိုအားကျပြီးနောက်ကနေလိုက်မသွားနဲ့ဦး၊ ရွေးကောက်ပွဲမတိုင်ခင်ဆီလေးဆန်လေးဖြည့်ထားမှ၊ တော်ကြာတောကြောင်တွေ၊ဟိုအမျိုးဆောင့်ဆိုလားဘုန်းကြီးအတုတွေနှောက်တာနဲ့ရုတ်ရုတ်ရုတ်ရုတ်ဖြစ်ပြီးဘာမှဝယ်မရဖြစ်မယ်၊ ကျုပ်တို့ခက်သေးရွာသားတချို့ကသိတဲ့အတိုင်းကြွက်မနိုင်ကျီမီးရှို့လုပ်တတ်တယ်မဟုတ်လား၊ ကိုခိုနီတို့ဆိုင်ကို ပြေးလိုက်ပါဦး”
အမြဲလက်တွေ့ကျသောဇနီးသည် ဒေါ်အွန်မေး၏သြဝါဒကိုမြေဝယ်မကျနားထောင်နေကျမို့အီကြာအော်လည်း
“အေးပါကွာအွန်အွန်ရာ” ဟုဆိုရင်း ကိုခိုနီ၏ စူပါမာကက်သို့ ဆီနှင့်ဆန် အဝယ်ထွက်ခဲ့လေတော့သတည်း။
သဗ္ဗေသတ္တာ ကမ္မသကာ
အီကြာအော်