လင်းသက်ငြိမ် - သူရဲကောင်းကဗျာ
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၁၅
လေများ တသုန်သုန်တိုက်ခတ်နေသည်
ဆံပင်တွေ အလံတွေ တလွင့်လွင့်
လှိုင်းများ တဝုန်းဝုန်း ရိုက်ပုတ်နေကြသည်
အလံတွေ တလွင့်လွင့် ဆံပင်တွေ တလွင့်လွင့်
လမ်းများ ကြမ်းတမ်းခက်ထန်သည်
ဆံပင်တွေ တလွင့်လွင့် အလံတွေ တလွင့်လွင့်
ခြေထောက်များ ပေါက်ပြဲအက်ကွဲ
သွေးစများ တရဲရဲ
ကြွေးကြော်သံဟာ မုန်တိုင်းထဲ
အားအပြင်းဆုံးထိုးထွက်လာ
ယုံကြည်ချက်ဟာ ကျော်ဆောင်ထက်
မာကျောတဲ့ကျောက်ဆောင်
ဆုံးဖြတ်ချက်က ဓားသွားထက်
ထက်မြတဲ့ဓားသွား
အမှန်တရားအတွက် ခရီးတို့ဖြစ်ခဲ့တယ်
ခြေထောက်တွေကို ရိုက်ချိုးလို့ရလိမ့်မယ်
သမိုင်းအရ လိုအပ်နေတဲ့အောင်ပွဲဟာ
သံလှောင်အိမ်ကို ဖောက်ထွက်လိမ့်မယ်
ခြေထိပ် လက်ထိပ်တို့ကို
ဖြတ်တောက်သွားလိမ့်မယ်
ထိုင်ခုံပေါ်က ယစ်မူးသူတို့
သွေးပျက်ကြပေါ့
ညဟာ အမှောင်ထုရင့်ခဲ့ပြီ
အရုဏ်ဦးသို့ ချဉ်းခဲ့ပြီ ။ ။
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၁၅
လေများ တသုန်သုန်တိုက်ခတ်နေသည်
ဆံပင်တွေ အလံတွေ တလွင့်လွင့်
လှိုင်းများ တဝုန်းဝုန်း ရိုက်ပုတ်နေကြသည်
အလံတွေ တလွင့်လွင့် ဆံပင်တွေ တလွင့်လွင့်
လမ်းများ ကြမ်းတမ်းခက်ထန်သည်
ဆံပင်တွေ တလွင့်လွင့် အလံတွေ တလွင့်လွင့်
ခြေထောက်များ ပေါက်ပြဲအက်ကွဲ
သွေးစများ တရဲရဲ
ကြွေးကြော်သံဟာ မုန်တိုင်းထဲ
အားအပြင်းဆုံးထိုးထွက်လာ
ယုံကြည်ချက်ဟာ ကျော်ဆောင်ထက်
မာကျောတဲ့ကျောက်ဆောင်
ဆုံးဖြတ်ချက်က ဓားသွားထက်
ထက်မြတဲ့ဓားသွား
အမှန်တရားအတွက် ခရီးတို့ဖြစ်ခဲ့တယ်
ခြေထောက်တွေကို ရိုက်ချိုးလို့ရလိမ့်မယ်
သမိုင်းအရ လိုအပ်နေတဲ့အောင်ပွဲဟာ
သံလှောင်အိမ်ကို ဖောက်ထွက်လိမ့်မယ်
ခြေထိပ် လက်ထိပ်တို့ကို
ဖြတ်တောက်သွားလိမ့်မယ်
ထိုင်ခုံပေါ်က ယစ်မူးသူတို့
သွေးပျက်ကြပေါ့
ညဟာ အမှောင်ထုရင့်ခဲ့ပြီ
အရုဏ်ဦးသို့ ချဉ်းခဲ့ပြီ ။ ။
illustration : Toni Demuro