Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

လင်းထင် - အလာ ကယ်ပါတဲ့လား

$
0
0

လင်းထင် - အလာ ကယ်ပါတဲ့လား
(မိုးမခ) အောက်တိုဘာ ၁၉ ၊ ၂၀၁၅

အင်္ဂလန်က ကမ်းခြေမြို့ ဖြစ်တဲ့ ဘရိုက်တန်မှာ ၂၀၁၁ တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဘွဲ့ပေး၊ ငြိမ်းချမ်းရေး ပွဲတော် လုပ်တယ်။  အဲ့ဒီမှာ Dan Kitchener ဆိုတဲ့ သူက ဒေါ်အောင်ဆန်းစုကြည် ဂရပ်ဖစ်တီကို ဘရိုင်တန်ရဲ့ အထင်ကရ Royal Pavilion အဆောက်အအုံ နောက်ခံနဲ့ဆွဲတယ်။

Royal Pavilion ဟာ ၁၉ ရာစုမှာ ဝေလမင်းသား အိမ်ရှေ့စံရဲ့ ပင်လယ် ကမ်းခြေ စံအိမ် ဖြစ်တယ်။  ၁၉ ရာစုဟာ ဗြိတိသျှ တို့က နေမ၀င် အင်ပါယာ ဆိုပြီး ကြွေးကြော်ဂုဏ်ယူတဲ့ ဘုန်းမီးနေလ တောက်တဲ့ အချိန်။ ဒါ့ကြောင့် ဗြိတိသျှ-အိန္ဒိယ လို့ သူတို့ ဂုဏ်ယူတဲ့ ကုလားပြည်က ခမ်းနားတဲ့ ဗိသုကာဟန် Indo-Saracenic ဟန်ကို ယူပြီး ဆောက်တယ်။

Indo-Saracenic မှာ ဟိန္ဒူ ဘုရားကျောင်း တို့ ရဲ့ အနုစိတ်ဟန်ရော၊ မဂို မွတ်ဆလင်မ်တို့ရဲ့ ဟန်ရော ရောနှောပြီး အင်မတန် ခမ်းနားတဲ့ အရှေ့တိုင်း ဂေါသစ် ဖြစ်တယ်။ မဂိုဟန်မှာ ကြက်သွန်ဥ Dome တွေ ပါတာဟာ ရောမ အင်ပါယာ အရှေ့ ခြမ်း ကွန်စတန်နီနိုပယ် ဗဟိုပြု ပြီး မွတ်ဆလင်မ် အင်ပါယာဖြစ် စပိန်ထိ လွှမ်းမိုးတဲ့ အခါ ခရစ်ယာန် ဘုရားကျောင်း တွေဆီက အတုယူဆင့်ပွားတာ ဖြစ်တယ်။

ဒါ့ကြောင့် ကြက်သွန်ဥ Dome တွေ့တိုင်း ပလီ လို့ မှတ်တတ်တဲ့ တောသားစိတ်... ယဉ်ကျေးမှု သမိုင်းနဲ့ ဘ၀ ဘ၀ ခြားလို့ ရိုင်းတဲ့ ဉာဏ်တိမ်တဲ့ မသိနိုးနားစိတ်ကို ဖျောက်ဖို့ တောဂေါ်လီ ဦးလှဆွေအား ပြောပြပါလေ။

သူက ဒေါ်စုပုံမှာ ပလီ နောက်ခံနဲ့ မို့ အလာ ကယ်ပါတဲ့။

လင်းထင်

October 18, 2015

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...