နွေမိုးဆောင်း - မိုးခေါင်ရေရှား ကယ်လီဖိုးနီးယား အယ်နီနို ၀င်မည်
(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၁၅
မိုးခေါင် ရေရှားဖြစ်နေတာ ၃ နှစ် နီးပါးထဲ ၀င်ရောက်နေပြီဖြစ်တဲ့ အမေရိကအနောက်ခြမ်း၊ ကယ်လ်ဖိုးနီးယား တောင်ပိုင်းကမ်းခြေဆီကို အယ်နီနို ရေပူစီးကြောင်းတွေ ၀င်ရောက်မယ်လို့ ဆိုပါတယ်။ ဒီတခါဝင်မယ့် အယ်နီနိုဟာ နှစ် ၅၀ အတွင်း အကြီးမားဆုံးလို့
မိုးလေ၀သ ပညာရှင်တွေက ပြောပါတယ်။ ပင်လယ်ထဲမှာ ရေပူစီးကြောင်းများ ဖြစ်ပေါ်တဲ့အတွက် ကမ်းခြေနဲ့ ကုန်းတွင်းပိုင်းမှာ မိုးများခြင်း၊ ဆီးနှင်းများ ထူထပ်ခြင်းတို့
ဖြစ်မယ်လို့ သိရပါတယ်။ မိုးခေါင်ရေရှားတဲ့ ကယ်လီဖိုးနီးယားအတွက် မိုးရေချိန်များ မြင့်တက်လာမှုကို ကြိုဆိုကြပေမယ့် မုန်တိုင်းနဲ့ ရေကြီးခြင်းတို့ ဒဏ်ကို တောင်ပိုင်းဒေသတွေ အများကြီး ခံကြရမှာ ဖြစ်ပါတယ်။Image may be NSFW.
Clik here to view.

ဒီအတွက် အကြိုကာလအဖြစ် ကယ်လီဖိုးနီးယား တောင်ပိုင်း လော့်စ်အိန်ဂျလိစ်မြို့တော်နဲ့ မိုင် ၅၀ ကျော်ဒေသက Kerm မြို့နယ်ဝန်းကျင်မှာလွန်ခဲ့တဲ့ ရက်သတ္တပတ်က မိုးကြီး ရေလျံ ဖြစ်တာကြောင့် အိမ်များ လမ်းများ ပျက်စီးခဲ့ကြပါတယ်။
Image may be NSFW.
Clik here to view.

ပင်လယ်ထဲက ရေပူစီးကြောင်းတွေကြောင့် ရေနေသတ္တ၀ါတွေဟာ ကယ်လီဖိုးနီးယားမြောက်ပိုင်း ကမ်းခြေအနီးတ၀ိုက်ကို ရွှေ့ပြောင်းကျက်စားလာတာကြောင့်လည်း ဆန်ဖရန်ဘေးတ၀ိုက်နဲ့ ပတ်ဝန်းကျင်ပင်လယ်ပြင်မှာ ငါးမန်း၊ ဝေလငါး၊ ပင်လယ်ဖျံ၊ ရေမြွေ၊ ဂဏန်းတွေ အမြောက်အများ ကူးခတ်နေကြတာကို တွေ့နေရပါတယ်။
Image may be NSFW.
Clik here to view.

နိုင်ငံတကာမှာ ရာသီဥတုပြောင်းလဲမှု (Climate Change) ဖြစ်ပွားနေပြီ ဖြစ်တာကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်သူတွေက အခုလို ဖြစ်ရပ်တွေကို လူထုအတွင်း ပိုမိုသိရှိစေလိုပြီး မိမိပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ဖို့ ပိုမိုနိုးကြားစေလိုတယ်လို့ ဆိုနေကြပါတယ်။
Image may be NSFW.
Clik here to view.
