Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

အချစ်ရဲ့ ကိုယ်ရံတော် နဲ့ မိတ်ဆက်တဲ့ အိန္ဒြာမိုး

$
0
0
 အချစ်ရဲ့ ကိုယ်ရံတော်  နဲ့ မိတ်ဆက်တဲ့ အိန္ဒြာမိုး

ရန်နောင်(ဗိုလ်တထောင်)  မိုးမခ    အောက်တိုဘာ  ၂၀  - ၂၀၁၅

          တေးသံရှင် အဆိုတော် အိန္ဒြာမိုး ၏ ဒုတိယတေးစီးရီးသစ်  ဖြစ်သည့် ` အချစ်ရဲ့ကိုယ်ရံတော် ´ တေးစီးရီးသစ် မိတ်ဆက်ပွဲကို အောက်တိုဘာ (၁၅) ရက်နေ့က စီးတီးစတား ဟိုတယ် တွင် ကျင်းပပြုလုပ်ခဲ့သည်။
           တေးစီးရီးမိတ်ဆက်ပွဲတွင် တေးရေးဆရာ အကယ်ဒမီဂီတမှူး ဝင်းကို၊ ဂစ်တာဇော်မင်း၊ အဆိုတော် စိမ်းမို့မို့ နှင့် ဆရာဦးအောင်သျှံဝိုင်း တို့မှ အမှတ်တရ မုဒိတာ စကားများပြောကြားပေးခဲ့ကြသည်။
          တေးသံရှင် အိန္ဒြာမိုး မှလည်း တေးစီးရီး ထုတ်လုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
          အချစ်ရဲ့ ကိုယ်ရံတော် တေးစီးရီးတွင် တေးရေး အကယ်ဒမီဦးဝင်းကို မှ တစ်ကိုယ်တော်ရေးစပ်သီကုံးပေးထားပြီး  တေးသီချင်းစုစုပေါင် (၁၀)ပုဒ်ပါဝင် သည်။ ဂီတမှူး ဂစ်တာဇော်မင်း ၏ ZMG Music Band နှင့် တီးခတ်ပြီး ဂစ်တာဇော်မင်းမှပင် ဒီဗီဒီကာရာအိုကေ ကို ပုံဖော်ရိုက်ကူးပေးထားသည်။ သရုပ်ဆောင်များမှာ အိန္ဒြာမိုး၊ဇန်ဇန်၊ပက်ထရစ်တင်ထွန်း၊ D & Z Dancer Group ၊ကိုကို၊  ယွန်း နှင့် သိင်္ဂီတို့ ဖြစ်သည်။ တေးစီးရီး မူပိုင်မှာ ယမင်းရွှေစင်နှင့် နီနီမာတို့ ဖြစ်ပြီး အောက်တိုဘာ (၂၅) ရက်နေ့တွင် ထင်းရှူးရိပ်တေးသံသွင်းမှ ဖြန့်ချိမည်ဖြစ်သည်။
          ထိုတေးစီးရီး ဖြန့်ချိသောနေ့တွင် ဦးဥတ္တမ ပန်းခြံ ဟက်ပီးဝေါလ် ၌ ပထမဦးဆုံး ဝယ်ယူသူ အယောက်(၁၀၀) ဦးအား အမှတ်တရ လက်ဆောင်များပေးအပ်၍ တေးသံရှင်များ၊ သရုပ်ဆောင်များမှ လက်မှတ်ရေးထိုး သီဆိုဖျော်ဖြေပေးကြမည်ဖြစ်ကြောင်းလည်း ထပ်မံသိရှိရသည်။








Viewing all articles
Browse latest Browse all 9633


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>