Quantcast
Viewing all articles
Browse latest Browse all 9633

ပုဂံရှေးဟောင်းဇုန် အတွင်းမှ ဟိုတယ်များ ဖျက်သိမ်းပေးရန် နှင့် ထပ်မံဆောက်လုပ်မှု မပြုရန် ပုဂံချစ်သူများအသင်း မှ တောင်းဆိုသွားမည်

Image may be NSFW.
Clik here to view.
ဦးမင်းနိုင်အောင်
ပုဂံရှေးဟောင်းဇုန် အတွင်းမှ ဟိုတယ်များ ဖျက်သိမ်းပေးရန် နှင့် ထပ်မံဆောက်လုပ်မှု မပြုရန် ပုဂံချစ်သူများအသင်း မှ တောင်းဆိုသွားမည်

ရန်နောင်(ဗိုလ်တထောင်)    မိုးမခ     အောက်တိုဘာ  ၂၁  - ၂၀၁၅

          ယဉ်ကျေးမှု အမွေအနှစ်ပေါင်းများစွာ တည်ရှိနေသည့် ပုဂံရှေးဟောင်းမြို့တော်ရှိ ရှေးဟောင်းဘုရားစေတီပုထိုးများ ရေရှည်တည်တံ့ စေရန်အတွက်  ပုဂံရှေးဟောင်းဇုန်အတွင်း ဟိုတယ်များကို ဖျက်သိမ်းပေးရန် နှင့် ထပ်မံတည်ဆောက်မှုများ မပြုလုပ်ရန် နိုင်ငံတော် သမ္မတ ထံ စာရေးတင်ပြတောင်းဆိုထားကြောင်း ပုဂံချစ်သူများအသင်း ဥက္ကဋ္ဌ ဦးမင်းနိုင်အောင် မှ ပြောကြားခဲ့သည်။

           ` ကျနော်တို့ ပုဂံမှာ ရှေးဟောင်းဇုန်တွေ သတ်မှတ်ပေးခဲ့ပြီးနောက်မှာ ပုဂံဒေသက ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းဖို့ အတွက်  ရှေးဟောင်းဘုရားတွေ မပျက်စီး မယိုယွင်းရအောင် ထိန်းသိမ်းဖို့ လိုအပ်လာပါတယ်။ ခုဆိုရင် ပုဂံမြို့ဟောင်းနဲ့ ပုဂံညောင်ဦး မြို့ထဲမှာ ဟိုတယ်တွေ အကုန်လုံးကို ဆက်လက် မဆောက်လုပ်ဖို့၊ ဟိုတယ်တွေကို မြို့ပြင်ထုတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ဒုတိယအချက် အနေနဲ့ မြို့ဟောင်းထဲမှာ ရှိပြီးသား ဟိုတယ်တွေကိုလည်း မြို့ပြင်ထုတ်ပေးဖို့ ၊ ပယ်ဖျက်ပေးဖို့ တောင်းဆိုချင်ပါတယ်။ဒါက ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းသွင်းတဲ့အခါမှာလည်း အရမ်းလိုအပ်ပါတယ်။၁၉၉၀ ခုနှစ်မှာ မြို့ဟောင်းထဲကနေ ပုဂံမြို့သူမြို့သားတွေ မြို့သစ်ကို ပြောင်းရွှေ့ခဲ့ရပါတယ်။နောက်ပိုင်းမှာ ဟိုတယ်တွေဆောက်လုပ်ခဲ့ကြပါတယ်။ဒါဟာ မျှတမှုလည်းမရှိ၊ညီမျှမှုလည်း မရှိပါဘူး  ´ ဟု ဦးမင်းနိုင်အောင်မှ ပြောကြားခဲ့သည်။
Image may be NSFW.
Clik here to view.
ဦးချင်းဟို

          ပုဂံချစ်သူများအသင်း နာယက ဖြစ်သူ ဦးချင်းအို မှလည်း ယခုကဲ့သို့ ပြောကြားခဲ့သေးသည်။
          ` အဘတို့ ပုဂံမှာ ၁၉၉၀ ခုနှစ်က ဒုက္ခအကြီးအကျယ် ပုဂံသူ ၊ပုဂံသားတွေ ခံခဲ့ရတာပေါ့။ ပုဂံသားတွေ အခက်အခဲဖြစ်ခဲ့တဲ့ ပုဂံမြို့ဟောင်းဟာ ခုတော့ ခရိုနီတွေရဲ့ စီးပွားရေးအကွက်အကွင်း ဖြစ်နေပြီလေ။ ´ ဟု ဦးချင်းဟို က ပြောခဲ့သည်။

          ပုဂံရှေးဟောင်းဇုန်အတွင်း ဇုန်သုံးဇုန်ရှိပြီး ထိုဇုန်များတွင် ဟိုတယ်နှင့် တည်းခိုခန်း ၁၉၅ လုံးရှိပြီး ဒေသခံများ နေထိုင်သော မြေဧရိယာအတွင်းရှိ ဟိုတယ် ၂၄ လုံးဆောက်လုပ်ခွင့်ကိုလည်း ရှေးဟောင်းသုတေသန မှ ရပ်ဆိုင်းထားသေးသည်။

          ပုဂံချစ်သူများအသင်းကို ဖွဲ့စည်းခဲ့သည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်ပြီး ဟိုတယ်များကို ရှေးဟောင်းဘုရားများ နှင့် နီးကပ်စွာ တည်ဆောက်ခြင်း မပြုရန် ကို ပြောကြားသည်မှာလည်း အသင်းစတင်ဖွဲ့စည်းကတည်းကဖြစ်သည်။


          ပုဂံတွင် ရှေးဟောင်းဘုရားများကို ဟိုတယ်ဧရိယာအတွင်း ထည့်သွင်းတည်ဆောက်ထားခြင်းများ အမြောက်အများရှိကြောင်းကိုလည်း ပုဂံချစ်သူများအသင်းမှ လိုက်လံပြသခဲ့သေးသည်။

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>