Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

နီဇူလိုင် - "အောင်.. မှိုင်း.. ဆန်း.. ရေ"

$
0
0


နီဇူလိုင် - "အောင်.. မှိုင်း.. ဆန်း.. ရေ"
(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၅

  ခေတ်ကြီးကိုက
ကိုယ်ထူကိုယ်ထရတဲ့ခေတ်
အရာရာ..ကိုယ်ထူမှပဲ.. ကိုယ်ထရတယ်
ကိုယ်မထူရင် ကိုယ်မထရတဲ့ခေတ်ကြီးမှာ
စနစ်ပြောင်းဖို့..ကိုယ်ထူကိုယ်ထ ကြိုးစားရင်း
အကျဉ်းထောင်ထဲကိုကျတော့..ကိုယ်
မထူကိုယ်မထပဲ ရောက်ခဲ့ရပေါ့
နှာစေးနေတဲ့ တိုင်းပြည်မှာ
.အရာရာ ကိုယ်ထူကိုယ်ထရပုံများ
မတရားပိတ်လှောင်ထားတဲ့
ေ ထောင်တံခါးတွေပွင့်စေဖို့
ကိုယ့်အသက်ကိုလောင်းကြေးထပ်
အစာငတ်ခံတိုက်ပွဲဝင်ရသတဲ့..။

 အောင်မှိုင်းဆန်းရေ
ကိုယ့်ဖာသာထူ ကိုယ့်ဖာသာထရင်း
အများအတွက် အလင်းဆောင်

မင်း...အောင်ပါစေ
မင်း...မှိုင်းပါစေ
မင်း...ဆန်းပါစေ

(၂၃.၁၀.၁၅)

Viewing all articles
Browse latest Browse all 9633


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>