လင်းသက်ငြိမ် - မနက်ဖြန် စီးချင်း
(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၅
ယောင်ကိုင်းရင့်မှည့်နေတဲ့ ပြည်တည်နာကြီးကို
အပ်ကလေးနဲ့ ထိုးဖောက်လိုက်သလို
မှောင်မိုက်ခြင်းကိုခွင်းမယ့် အလင်းရောင်ဟာ
ငါတို့ဆီ တည့်တည့်မတ်မတ်ကြီးဆိုက်ရောက်လာ
ဘယ်တော့မှ မမှိန်ဖျော့မယ့်
အမည်နာမတွေက လာခြင်းကောင်းခဲ့ကြတယ်
လူတွေနားထောင်ဖို့ တီးခတ်ခဲ့တဲ့ဂီတကို
လူတွေနားထောင်ကြရဲ့မဟုတ်လား
မနက်ဖြန်ဟာ ပန်းပွင့်အသစ်တွေနဲ့
မနက်ဖြန်ဟာ နုသစ်သောလေညင်းတွေနဲ့
အဲ့ဒီလိုယုံကြည်တယ်
အဲ့ဒီလောက်အထိ ယုံကြည်လို့ရခဲ့တယ်
အပြောင်းအလဲအတွက် ရဲရင်သူရဲ့လမ်းမှာ
သံမဏိနှလုံးသားတွေ ရူးသွပ်ကုန်ကြပေါ့
အနုတ်လက္ခဏာတွေပြည့်နေတဲ့နေရာမှာ
အိပ်မက်တွေကို ရောင်စုံခြယ်ဖို့
ညှိုးရော်နေတဲ့ အနာဂါတ်ကို
ခွန်အားသစ်သွန်းလောင်းဖို့
လှပတဲ့သမိုင်းနဲ့အတိအကျ
ဆင်းသက်လာတဲ့ သူရဲကောင်းပဲ
ကြည့်လိုက်စမ်းပါ
သူတို့မုန်းတဲ့အနီတွေ အနီရောင်တွေ
လှိုင်းထလို့ တဖိတ်ဖိတ်တောက်လို့
မနက်ဖြန်ကိုကြိုနေတဲ့ ရင်ထဲကအသံတွေလေ
အစွယ်သနေကြတဲ့ ခွေးများ သွားရေတမျှားမျှားနဲ့
လမ်းတွေကို ချောင်းမြောင်းနေကြပေါ့။
လင်းသက်ငြိမ်
(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၅
ယောင်ကိုင်းရင့်မှည့်နေတဲ့ ပြည်တည်နာကြီးကို
အပ်ကလေးနဲ့ ထိုးဖောက်လိုက်သလို
မှောင်မိုက်ခြင်းကိုခွင်းမယ့် အလင်းရောင်ဟာ
ငါတို့ဆီ တည့်တည့်မတ်မတ်ကြီးဆိုက်ရောက်လာ
ဘယ်တော့မှ မမှိန်ဖျော့မယ့်
အမည်နာမတွေက လာခြင်းကောင်းခဲ့ကြတယ်
လူတွေနားထောင်ဖို့ တီးခတ်ခဲ့တဲ့ဂီတကို
လူတွေနားထောင်ကြရဲ့မဟုတ်လား
မနက်ဖြန်ဟာ ပန်းပွင့်အသစ်တွေနဲ့
မနက်ဖြန်ဟာ နုသစ်သောလေညင်းတွေနဲ့
အဲ့ဒီလိုယုံကြည်တယ်
အဲ့ဒီလောက်အထိ ယုံကြည်လို့ရခဲ့တယ်
အပြောင်းအလဲအတွက် ရဲရင်သူရဲ့လမ်းမှာ
သံမဏိနှလုံးသားတွေ ရူးသွပ်ကုန်ကြပေါ့
အနုတ်လက္ခဏာတွေပြည့်နေတဲ့နေရာမှာ
အိပ်မက်တွေကို ရောင်စုံခြယ်ဖို့
ညှိုးရော်နေတဲ့ အနာဂါတ်ကို
ခွန်အားသစ်သွန်းလောင်းဖို့
လှပတဲ့သမိုင်းနဲ့အတိအကျ
ဆင်းသက်လာတဲ့ သူရဲကောင်းပဲ
ကြည့်လိုက်စမ်းပါ
သူတို့မုန်းတဲ့အနီတွေ အနီရောင်တွေ
လှိုင်းထလို့ တဖိတ်ဖိတ်တောက်လို့
မနက်ဖြန်ကိုကြိုနေတဲ့ ရင်ထဲကအသံတွေလေ
အစွယ်သနေကြတဲ့ ခွေးများ သွားရေတမျှားမျှားနဲ့
လမ်းတွေကို ချောင်းမြောင်းနေကြပေါ့။
လင်းသက်ငြိမ်