Quantcast
Viewing all articles
Browse latest Browse all 9633

မိုးမခနာယကကြီး မောင်စွမ်းရည် - ရန်ကုန်ရောက်

Image may be NSFW.
Clik here to view.
ဓူဝံစာပေ ကိုဝင်းချို၊ မောင်မိုးသူ၊ မောင်စွမ်းရည် - ရန်ကုန်မြို့ တနေရာမှာ (ဓာတ်ပုံ ကိုဝင်းချိုဖေ့စ်ဘွတ်)

မိုးမခနာယကကြီး မောင်စွမ်းရည် - ရန်ကုန်ရောက်
(ဓာတ်ပုံ ဓူဝံစာပေ) မိုးမခ၊ အောက်တိုဘာ ၂၅၊ ၂၀၁၅

အောက်တိုဘာ ၂၃ က ခေတ္တနေထိုင်ရာ အမေရိကန်ပြည် နယူးယောက်မြို့တော်ကနေ ဇာတိမြေ၊ မြန်မာပြည်က ရန်ကုန်မြို့သို့ ကဗျာဆရာ မောင်စွမ်းရည် ပြန်လည် ရောက်ရှိလာတယ်လို့ သိရပါတယ်။ မြန်မာပြည်က ခွဲခွာပြီး အဝေးမြေမှာ နေထိုင်ခဲ့တာ ၁၀ နှစ် ကျော်ခဲ့ပြီလို့ ဆိုပါတယ်။ မြန်မာပြည်ပမှာလည်း မောင်စွမ်းရည်က ရေဒီယိုနဲ့ မီဒီယာများမှာ အစဉ်မပြတ် စာရေးသား ဟောပြောခဲ့ပါတယ်။

ကွယ်လွန်သူ ငယ်သူငယ်ချင်း ကဗျာဆရာကြီး (ဦး) တင်မိုးက ၁၉၉၉  မှာ ပြည်ပသို့ ထွက်ခွာ ရောက်ရှိပြီး မောင်စွမ်းရည်လည်း ၂၀၀၂ နှစ်ကုန်ပိုင်းမှာ သူငယ်ချင်းနောက် လိုက်ပါလာတယ်၊ သူတို့ ၂ ဦး အဖော်သဟဲပြုပြီး လွတ်လပ်စွာ စာရေးသား စပ်ဆို ဟောပြောကြတယ်လို့ ဆိုနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ မြန်မာပြည်က အနုပညာရှင်တွေဖြစ်တဲ့ ကြေးမုံဦးသောင်း (အောင်ဗလ) နဲ့အတူ တင်မိုး၊ မောင်စွမ်းရည်၊ ဦးဝင်းဖေ၊ မာမာအေး၊ မောင်သာရ စသည်တို့တတွေဟာ မြန်မာ့အရေး စာပေအနုပညာရေး လွတ်လပ်စွာ လှုပ်ရှားခဲ့ကြတာကို တွေ့ရပါတယ်။  ဆရာကြီး ဦးတင်မိုးကတော့ ၂၀၀၇ အမေရိကန်ပြည်မှာ ကွယ်လွန်ခဲ့ပြီး ဆရာ မောင်စွမ်းရည် တဦးတည်း အိမ်ပြန်လာတယ်လို့ ဆိုရမှာပါ။



Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...