Quantcast
Viewing all articles
Browse latest Browse all 9633

သွန်းခ - ကိုယ့်ကိုယ်ကိုယ် အရင်ရွေးရမှာ

Image may be NSFW.
Clik here to view.
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သမ္မတကြီး သိန်းစိန်တို့ အောက်တိုဘာ ၂၁ က တွေ့ရစဉ် (ဗိုလ်ချုပ်မှူးကြီးဖေစ့်ဘုတ်)

သွန်းခ - ကိုယ့်ကိုယ်ကိုယ် အရင်ရွေးရမှာ 
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၅

 ရွေးကောက်ပွဲကျင်းပမယ့်ရက်ကတဖြည်းဖြည်းနီးလာရုံမက မန်းလေး အပြောနဲ့ ပြောရင်တော့ တစ်ခေါ်လောက် တောင်မရှိတော့ပါဘူး။ လှမ်းတောင်မြင်နေရပြီ ဆိုရင် ပိုတယ် ပြောကြဦးမယ်။ တကယ့်ကို လှမ်းမြင်နေရပြီလို့တင် စားရတော့မလောက် နီးနေပြီ။ ခုထိ တောင်တောင်အီအီ၊ တောပြောတောင်ပြော၊ ကိုယ်စီးတဲ့မြင်း အထီးမှန်း မသိ အမမှန်း မသိဖြစ်လို့ ကောင်းတုန်း။ တချို့လည်း စိတ်ကျန်းမာရေးမကောင်းတဲ့သူ ဝမ်းနှုတ်ဆေးစားထားသလို ပါးစပ်က တတွတ်တွတ်၊ လူက ဂနာမငြိမ် ဖြစ်မှန်း မသိ ဖြစ်လို့၊ သွားလေရာနေရာအနှံ့ ညစ်ပေ ကျန်ရစ်လို့၊ နံလို့။ တိုက်ဆိုင်တာပဲလား ၊ဘေးက အမြင်မှန်တယ်ပဲ လက်ခံရတော့မလား၊ လူမှုကွန်ရက်တွေပေါ်မှာလည်း ဟားစရာ တွေချည်း ကိုဖြစ်လို့။ လုပ်ပုံတွေကိုကြည့်ရင်လည်း သိနိုင်ကြပါရဲ့ ။

 ရွေးကောက်ပွဲအတွက် အထူးရဲတွေက လက်ပတ်နီတွေ၊ တင်ထားလို့ တွေ့ရတာတွေ ပြောတာနော်။ ကိုယ်မလုပ်နိုင်တဲ့ဟာ လုပ်ပေးကြတဲ့သူတွေကို စကတည်းက လေးစားချီးမွှမ်းခဲ့ပါတယ်။ ဆိုပါစို့၊ ကြက်ခြေနီ၊ အရန်မီးသတ်တို့လိုပေါ့။ ကိုယ်မလုပ်ရက်တာ လုပ်ပြသွားတာကိုတော့ မ လေးစားနိုင်သလို အားလည်းမပေး၊ ယုံလည်း မယုံကြည်တော့ဘူးဗျို့။ ရွေးကောက်ပွဲပြီးသွားရင် ရဲတာဝန် ဆက်ယူ သွားကြဦးမယ်ဆို ဆက်ယူသွားနိုင်တယ် ဆိုပဲ ။သြော်… တာဝန်များ ဆက်ယူချင်ရအောင် ဆန္ဒတွေများ ပြင်းချက်။

မနောကွင်းကြီးထဲ ဘယ်နိုင်ငံရေးပါတီမှ မဲဆွယ်စည်းရုံး ခွင့်မပြုဘူးတဲ့ ။ပြောခဲ့တာ ၊ပြောခဲ့တာ။ ဟော…..ကြည့်၊ ဒီ လောက်ပဲ ပြောပါရစေတော့။ သတင်းစာထဲ ဖတ်လိုက်ရတာကိုပြောတာနော် ။ ဟော၊ နောက်တစ်ခုက တစ်ဒေသလုံး စိမ်းရမယ်ဆိုတဲ့ ကိစ္စ။ ခုတလော အစိမ်းရောင်ကိစ္စ ပိုဖတ်နေရသလားလို့ပါ ။ကျောက်စိမ်းအစီရင်ခံစာကိစ္စ၊ ဘဏ်တစ်ခု ကိစ္စ၊ ကာတွန်းတွေကလည်း အရောင်တွေ တယ်သုံးကြတာကိုး။ စိမ်းတာတွေ၊ နီတာတွေ များများစားစားကို ချယ် ကြ၊ ရေးကြတော့တာကိုး။ ရောင်စဉ်ခုနှစ်သွယ် အနက်တော် ဖွင့်ကြတာတွေလည်း ဖတ်ရတော့ ဗဟုသုတယူမယ်လို့ရှိသေး မဆီမဆိုင် အနီရောင်ဆိုတာ အာဇာနည်ဗိမာန်နဲ့ ဘယ်လိုဘယ်ညာ ပတ်သက်ပါတယ် ပြောတာနဲ့အိ မ်က ကလေး အမှတ်မမှားအောင် အပြေးအလွှား ရှင်းလိုက်ရပြန်ပါသေး။ ဟုတ်တယ်လေ၊ နောင်အနာဂတ်လူငယ်တွေကို တော့ အမှတ် မမှားစေချင်ဘူးဗျ။

ကုန်ဈေးနှုန်းကိုမတက်အောင်ထိန်းထားနိုင်ပါတယ်ဆိုတဲ့ပုဂ္ဂိုလ်ကြီးတွေ။ဈေးထဲလည်းကြွမြန်းတော်မူကြည့်ကြ ပါဦးလို့ဖိတ်ပါရစေဗျား။ စံမညီဆီ လိုက်စစ်ဖို့ ဖိတ်တာမဟုတ်ရပါဘူး။ ကုန်ဈေးနှုန်းလေး တစ်ဆိတ်လေ့လာကြဖို့ပါ။ မအားလည်းနေပေါ့ဗျာ။ နံမည်ကလည်း ပေးပေးတတ်ပါဘိ။ စံမညီဆီ တဲ့။ အိမ်က သမီးက ဆီအသစ်ပေါ်တယ် မှတ်နေလို့ ရှင်းပြလိုက်ရပါသေး။

 ဟော၊ လူကြီးလူကောင်းလို့ ထင်ထားကြတဲ့ ပုဂ္ဂိုလ်ကြီးတွေ ပြောပေါက်တွေကလည်း ကြောက်စရာပါဆို။ ကျုပ်တို့ က၂၆ ရာခိုင်နှုန်းရပြီ ဆို နိုင်ပြီတဲ့။ ဘာဖြစ်လို့ အဲဒီလောက် ရဲရဲကြီးပြောလိုက်နိုင်တာလဲလို့။ (ဝမ်းနှုတ်ဆေးတော့ စားမထားလောက်ဖူး ထင်ပါတယ်) တစ်နိုင်ငံလုံး မဲ ပေးကြရပါမယ် ဆိုကာမှ မဲဆိုတာ ကိုယ့်ဆန္ဒပါမှ ပေးရတာ၊ မပေးလည်း ရတယ် ပြောတဲ့သူက ပြော ... လို့။ အပြောင်းအလဲကို စကြပါမယ် ဆိုကာမှဗျာ။ မပြောင်းလဲချင်သူတို့ အတွက်တော့ မှန်ပေလိမ့်မပေါ့။ အဆက်အစပ်မရှိဘူး ပြောလည်း ခံပါ့မယ်။ လူကြီးတွေတောင် ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ် နေကြမှတော့ဗျာ။

 ဟော…အားကစားကွင်းကို မဲဆွယ်ဟောပြောပွဲအတွက် အသုံးပြုခွင့်ပေးလိုက်မိတဲ့ အားကာမှူး ဌာနဆိုင်ရာ စုံစမ်း စစ်ဆေးတာ ခံလိုက်ရတယ်ကြားမိပါသေး။ ဝန်ထမ်းဘဝမှာ အဲဒီလို စစ်ဆေးခံရတာ တော်တော့်ကို ထိခိုက်နစ်နာတာ ကိုးဗျ။

အမေရိကန်ဒေါ်လာဈေး နည်းနည်းပြန်ကျသွားအောင် လုပ်လိုက်နိုင်တာနဲ့ပဲ "တယ်ဟုတ်တဲ့ငါပါလား"ထ အော်နေကြသူတွေအတွက် ဘောဂဗေဒပညာရှင် တစ်ယောက် ထပညာပေးလိုက်တော့ ငြိမ်သွားပြန်ရော။ ကောင်း ပါတယ်၊ ထိန်းလိုက်နိုင်ရင် ကောင်းတာပေါ့။ ပရမ်းပတာနည်းနဲ့ ထိန်းတာမျိုးတော့ မှောင်ခိုဈေးကွက်က ရီ(ရယ်) လိမ့်မယ်။ ထားပါဗျာ။

 မဲဆွယ်ကာလ မဲ စကားတွေ ဒီလောက်ခေတ်ထနေမှ မဲ အကြောင်းပြောတာကောင်းပါတယ်။ နည်းအ မျိုးမျိုးနဲ့ကို မဲဆွယ် နေကြတာ မဲသင်္ကြန် ကျနေသလို ခံစားရပါရဲ့။ ပျော်လို့ပါ၊ ရီ(ရယ်)ရ လို့ပါ။ ကိုယ်တိုင်လည်း ဝင်ပါ ရတော့မှာ မို့လို့ပါ။ ကား၊ ဆိုက္ကား၊ ဆိုင်ကယ်၊ ထော်လာဂျီ ၊မြင်း၊ မြင်းလှည်း တကယ့်ကို လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် တစ်ပြည်လုံးကို အုန်းအုန်းကျွက်ကျွက် ပါဆို။ အထုမှားမှာစိုးလို့ အစမ်းပေးထုနေကြတဲ့နေရာလည်း ရောက်ခဲ့လို့ ဝင်ထုဖြစ်ခဲ့သေးဗျား။

စာရေးဆရာတွေလည်း ရေးချက်ဗျာ။ ဘာတဲ့ ဗိုလ်အောင်ဒင်ကြီး စန္ဒယားတီးနေပြန်ပြီ တဲ့။ သတိထားတော့ ပုလိပ်သားရေ့။ မမြဝင်းလည်း သတိထား၊ သုတ်တော့မှာ လို့ သတိပေးနေသယောင်ယောင်။ ပြောင်းလဲချိန်တန်ပြီ လို့မရေး ချင်တာနဲ့ ကံကောင်းချိန်တန်ပြီ လို့ ဆောင်းပါးခေါင်းစဉ် တပ်ပါတယ်၊ သရုပ်ဖော်ဆရာက မရဘူး၊ ပြောင်းလဲချိန်တန် ပြီပဲ။

သတင်းဌာနတွေကလည်း မေး၊ မဖြေတတ် ၊ဖြေတတ်ဖြေမိလိုက်လို့ကတော့ ဘွာတေး လည်း ခတ်မရ။ သြော်.. တစ်သက်လုံး သူများရေးပေးတာ ဖတ်ပြနေကြတာများခဲ့လေတော့ လက်တန်းပြောရ ခက်ပေချိမ့်ပေါ့။ မကျွမ်းကျင်တဲ့ အကြောင်းအရာကိုမနိုင်မနင်းပြောနေ၊လုပ်နေကြတာကိုပြောပါတယ်။

အဲဒီတော့ဗျာ၊ မဲဆိုတဲ့ တစ်မဲစီဟာ ဘယ်က သွားမှာလဲ၊ ကိုယ့်ဆီက သွားမှာလေ။ ကိုယ် ဘယ်လောက်အတွေးအခေါ်ရှိလဲ၊ ဘာကို လိုအပ်သလဲ၊ ကိုယ်တင်ပဲလား၊ ကိုယ့်ဆွေမျိုးသားချင်းတွေရဲ့ သားစဉ်မြေးဆက်အရေး တွေးပြီး ထည့်ရတော့မယ့် မဲပြား ဟာ ကိုယ့်အပေါ်မှာ မူတည်နေပြီ။ ကိုယ့်ရင်ထဲက ဆန္ဒအမှန်တွေကို ကိုယ်ပဲ အသိဆုံးလေ။ ပြင်မယ်ဆိုလည်း ကိုယ့်ဆန္ဒ၊ မပြင်ဘူးဆိုလည်း ကိုယ့်ဆန္ဒ။

ရက်ကဖြင့်နီးလှပြီ၊ ရွေးချယ်မှု မှန်မှန် မချနိုင်သေးတာ ဘာကြောင့်လဲ၊ ခုထိ ကယောင်ကတမ်း ပြောနေကြတာတွေကို ထိုင်နားထောင်၊ အိမ်မှာ ပြန်ငိုင် နေဦးမလား။ စဉ်းစားတော့ပေါ့၊ အမှန်တကယ်က ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းကို မဲ ထည့်မယ်၊ မထည့်ဘူး ရွေးကြရမှာထက် ကိုယ့် ကိုယ်ကိုယ် အရင်ရွေးထားနှင့်ကြ ရတော့မှာဗျို့။

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...