Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ကာတွန်းဝင်းအောင် - ကာတွန်ဆန်းထွန်း ကွယ်လွန်သည့် ၀မ်းနည်းမှတ်တမ်း

$
0
0

ကာတွန်းဝင်းအောင် - ကာတွန်ဆန်းထွန်း ကွယ်လွန်သည့် ၀မ်းနည်းမှတ်တမ်း
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ အောက်တိုဘာ ၂၉ ၊ ၂၀၁၅

ကာတွန်း ဦးဆန်းထွန်း ည(၁း၃၀)က ရန်ကုန် ဆေးရုံကြီးမှာကွယ်လွန်သွားကြောင်း ဦးဆန်းထွန်းရဲ့ညီအရင်းဖြစ်သူ သူငယ်ချင်း ဘိုဘိုထွန်းက ဒီနေ့မနက်မှာ ဖုန်းဆက်ပြောပါတယ် ။ အကိုနေမကောင်းဖြစ်နေတာကြာပြီ ဒီတခါ ဆေးရုံတင်တာ မျှော်လင့်ချက်မရှိမှန်းသိနေတယ်။ မကြာခင် မကြားချင်တဲ့ သတင်းကြားရ တော့မယ်ဆိုတာ ကြိုသိပေမယ့် တကယ်ဆုံးပြီဆိုတော့ စိတ်မကောင်းဖြစ်မိတယ်။

 အကို့လက်ရာတွေကို ကျနော်အထက်တန်း ကျောင်းသားဘဝမှာကတည်းက ရင်းနီးကျွမ်းဝင်ခဲ့တာပါ ဆယ်။ ကျော်သက်အရွယ်မှာ အကို့ရဲ့ ပို့စ်ကဒ်လေးတွေက ချစ်စေတမန် အောင်သွယ်တော်လေးတွေလည်း ဖြစ်ခဲ့တယ် ။ ပုံလေးတွေကိုလည်း ကူးရေးခဲ့ဖူးတယ် ။ အကို့ ရုပ်ပြကာတွန်းစာအုပ်တွေကလည်း တခေတ်တခါက လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တယ်။ အကို့ညီ ကာတွန်းဘိုဘိုထွန်းနဲ့ ကျနော်က ငယ်သူငယ်ချင်းဆိုတော့ အကိုနဲ့ ငယ်ငယ်ကတည်းက ရင်းနီးခင်မင်ခဲ့တယ်။ အကိုဟာ မာန်မာနကင်းစင်သူ စိတ်နှလုံးကောင်းမွန်သူ အနုပညာဖန်တီးမှုအားကောင်းသူမို့ နှမျောမိတယ်။ ဒီနှစ်ကာတွန်းဆရာကန်တော့ပွဲ မှာ ကန်တော့ခံဆရာတယောက်လျှော့သွားတဲ့ အတွက်လည်း ဝမ်းနည်းမိတယ်။ အကိုကောင်းရာသုကတိဘုံ မှာ ငြိမ်းချမ်းစွာအနားယူနိုင်ပါစေ ။





Viewing all articles
Browse latest Browse all 9633

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>