လင်းသက်ငြိမ် - ငါတို့ အဆင်မပြေကြဘူး
(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၅
ဖုန်းခေါ်မရတာကအစ
ယဉ်ကြောပိတ် နေတာကအဆုံး
လမ်းမှာတွေ့တဲ့မိန်းမများ
လမ်းမှာတွေ့တဲ့ စည်းစိမ်ဥစ္စာများ
ငေးမောခြင်းဟာ လူ့ဘဝရဲ့အရသာလို့
ငါထင်မှတ်လာ
လက်ဖက်ရည်တစ်ခွက်သုံးရာဖြစ်လာ
ခေါင်းတစ်ခါညှပ် တစ်ထောင်ဖြစ်လာ
ငါတို့ အဆင်မပြေကြဘူး
မော်တော်ကယ်ကလည်းဖမ်းရင်
ငေါက်ငမ်းပြီး ဖမ်းတုန်းပဲ
ရဲစခန်းထဲသွားရင်လည်း တရားခံလိုကြည့်တုန်းပဲ။
ရှစ်ထပ်တိုက်ကြီးပေါ့
အလုပ်သမားတွေဆောက်ခဲ့တယ်
ငွေဟာ အခုထိ ဇာတ်လိုက်ပဲ
နေ့စားခလေးတွေနဲ့
စုတ်ချာနေတဲ့အိမ်ကိုပြန်ခဲ့တယ်
ငါတို့ အဆင်မပြေကြဘူး
ပျော်ရွှင်ဖို့ ချစ်သူကို ဂရုမစိုက်နိုင်
နောက်ကွယ်ကျမှမဆဲဖို့လည်း မထိန်းသိမ်းနိုင်
အမှန်တရားဟာ ခြေမပေါ်သေးဘူး
ပြဇာတ်ဟာ ပြဇာတ်အတိုင်း အစီအစဉ်တကျ
ငါတို့ အဆင်မပြေကြဘူး
ငါတို့ အဆင်မပြေကြဘူး လို့
ငါ အသေအချာ ထပ်ပြောချင်ပါသေးတယ် ။
(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၅
ဖုန်းခေါ်မရတာကအစ
ယဉ်ကြောပိတ် နေတာကအဆုံး
လမ်းမှာတွေ့တဲ့မိန်းမများ
လမ်းမှာတွေ့တဲ့ စည်းစိမ်ဥစ္စာများ
ငေးမောခြင်းဟာ လူ့ဘဝရဲ့အရသာလို့
ငါထင်မှတ်လာ
လက်ဖက်ရည်တစ်ခွက်သုံးရာဖြစ်လာ
ခေါင်းတစ်ခါညှပ် တစ်ထောင်ဖြစ်လာ
ငါတို့ အဆင်မပြေကြဘူး
မော်တော်ကယ်ကလည်းဖမ်းရင်
ငေါက်ငမ်းပြီး ဖမ်းတုန်းပဲ
ရဲစခန်းထဲသွားရင်လည်း တရားခံလိုကြည့်တုန်းပဲ။
ရှစ်ထပ်တိုက်ကြီးပေါ့
အလုပ်သမားတွေဆောက်ခဲ့တယ်
ငွေဟာ အခုထိ ဇာတ်လိုက်ပဲ
နေ့စားခလေးတွေနဲ့
စုတ်ချာနေတဲ့အိမ်ကိုပြန်ခဲ့တယ်
ငါတို့ အဆင်မပြေကြဘူး
ပျော်ရွှင်ဖို့ ချစ်သူကို ဂရုမစိုက်နိုင်
နောက်ကွယ်ကျမှမဆဲဖို့လည်း မထိန်းသိမ်းနိုင်
အမှန်တရားဟာ ခြေမပေါ်သေးဘူး
ပြဇာတ်ဟာ ပြဇာတ်အတိုင်း အစီအစဉ်တကျ
ငါတို့ အဆင်မပြေကြဘူး
ငါတို့ အဆင်မပြေကြဘူး လို့
ငါ အသေအချာ ထပ်ပြောချင်ပါသေးတယ် ။