Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ေ ဆ ာ င်း လူ - မွ န့် ခ်ျ

$
0
0
ေ ဆာ င်း လူ - မွ န့် ခ်ျ
(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၅

မွန့်ခ်ျ .....
၁၉၈၃ မှာ ခင်ဗျားအော်ခဲ့တယ် .....။

မွန့်ခ်ျ
.....က စလို့ ...ခုချိန်ထိ ကျွန်ုပ်တို့ခမျာ အော်နေရတုန်း ...။

လိမ္မော်ရောင်နောက်ခံကြီးထားလို့ သဘာဝအရ ခင်ဗျားအော်ခဲ့တယ်။
ကျွန်ုပ်တို့ကတော့ နီးစွေးစွေးအရောင်ခံ နောက်ခံကြီးထားလို့ ... အနာဂတ်အတွက်အော်ခဲ့တယ် ...။

တကယ်ပါပဲ .. ခင်ဗျားလည်း .. ခင်ဗျားဘာသာဗေဒအရ ရွတ်ရွတ်စွတ်စွတ် အော်ခဲ့မယ် ...။ ကျွန်ုပ်တို့ကြတော့လည်း ကျွန်ုပ် တို့ နာကျင်မှုအတွက် လွမ်းလွမ်းစွတ်စွတ် အော်ခဲ့ရတယ်။

မွန့်ခ်ျ ....
ကျဉ်းမြောင်းလှတဲ့ ကတ်ဘုတ် (cardboad) ပေါ်မှာ ထောင်သောင်းချီတဲ့ အရောင်လှိုင်းတွေနဲ့ .. အော်ဟစ်ခဲ့တယ်။

ဒီလိုပဲ မွန့်ခ်ျ ....
ကျဉ်းမြောင်းလှတဲ့ လူ့ဘ၀ပေါ်မှာ ကျွနု်ပ်တို့ကလည်း သောမနလှိုင်းတွေနဲ့ ရုန်းကန်အော်ဟစ်နေရတယ် ...။

တချို့ကလည်း ခင်ဗျားရဲ့အော်သံကို ငိုတယ်ပြောတယ် ...။
ခင်ဗျားကတော့ ....တိမ်တွေကို သွေးချယ်လို့ အော်သံကို အစပြုခဲ့တယ် ...။
လိမ္မော်ရောင်ကောင်းကင်မဖြစ်ခင် ... သွေးရောင်လွမ်းနေတဲ့ကောင်းကင်ကို ဖန်တီးပစ်ခဲ့တယ်။
....
.....
.....

မွန့်ခ်ျရေ ..
ခင်ဗျားရဲ့ အော်သံကို ခိုးယူမယ့်သူတွေက အထောင် အသောင်း အသိန်း အသန်း ရှိတယ် ...။

ဒါပေမယ့်ဗျာ ..
ကျွန်ုပ်တို့ရဲ့ အော်သံကို ခိုးယူမယ့်သူကျတော့ ...

အောက်တိုဘာ ၃၀၊ ၂၀၁၅
၁၀း ၄၃ နာရီ။

Viewing all articles

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>