ရန်လင်းအောင် - ဆောင်းညများ
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၅
နွေဦးပေါက်မှ
သွေးသားသန့်မှာလား
မိုးဦးရောက်မှ
ရေဆန်မှာလား
ငွေမိုးရွာမှ
အမုန်းမီးငြိမ်းမလား
ရွှေမိုးရွာမှ
မင်း ငါ့ကိုချစ်မှာလား
နှင်းတွေ …
ကိုယ့်ဘက်မပါဘဲ
တစ်ဆောင်းသစ်ရပြီ
တစ်ဆောင်းသစ်ပြန်ပြီ
တစ်ဆောင်းသစ်ဦးမည် ။