Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ဆောင်းလူ - လူ မျှား ထွ က် ခြ င်း

$
0
0
  ဆောင်းလူ  - လူ မျှား ထွ က် ခြ င်း
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၅

စိတ်မှာ နေသာနေတယ်လို့ ထင်နေတယ် ...။
အမှန်က နေသာနေတာမဟုတ်ဘူး ... လူသာနေတာပဲဖြစ်မှာပါ ...။ ခရမ်းလွန်ရောင်ခြည် လွန်ကဲနေတဲ့အချိန်ကြီးမှာ တွား သွားရတာ မလွယ်လှပါလား ...။

မီးပွိုင့်တွေက ငါ့စိတ်တွေကို လိုသလို ထိန်းချုပ်ဖို့ မျှားခေါ်နေတယ် ...။ ကြည့်ပါဦး ... ထင်မြင်ရာပြောတတ်တဲ့ ဥဏှောက် တွေနဲ့ ဖောက်စားဖို့လောက်သာ သိတဲ့သူတွေက ကမ္ဘာ့ပူနွေးမှုကို ထိန်းချုပ်ဦးမတဲ့ ..။ သူတို့အနားကပ်ကြည့်မှ ပူလိုက်တဲ့ ကောင်တွေ .. ရေတောင် မှန်မှန်ချိုးရဲ့လား မသိ။

ပါးဟပ်ထဲက ဖြတ်လို့ လေတွေတိုးနေလိုက်တာများ ...
ဟူးဟူး ဟားဟားနဲ့ ....
ဒီပုံဆို .... လေ့ အကူအညီယူပြီး ရွက်တွေလို လွှင့်ဖို့ဆိုတာ ....
ဒီထွက်ပေါက်ကပဲ .. ဟူးဟူး ဟားဟားနဲ့ .. ရှေ့မရောက် နောက်မရောက် ... ငါ့မှာသာ ပါးဟပ်ကြီးတန်းလန်းနဲ့ .. လူမခန့်ကို ဖြစ်လို့ ...။

ကြည့်ပါဦးကွာ
အ၀ါ အ၀ါ ချင်း သစ္စာရှိလိုက်ကြတာ ....
လာဧည့်ခံတဲ့ကောင်က သေကောင်ပေါင်းလဲ သွေးတွေတိုးလို့ ရင်ခွဲရုံရောက်နေတဲ့ ၀ါရင့်ရင့်တွေ ပိတောက်တွေအစား ... နုဖတ်ဥအတ်နေတဲ့ ငုတွေလေ ...။ သူ့ကြည့်တော့လည်း အရိုးအပြိုင်းပြိုင်းနဲ့ ....။ ရင်ခွဲရုံက အ၀ါရင့်ရင့်တွေကလည်း ပျော်ပျော်ကြီး မော်မော်ကြီး အတိတ်မေ့ကုန်ကြပြီ ...။ သစ္စာတရားက သစ္စာတရားကို ပြန်သတ် ကုန်ကြပြီလား ...။

ကြည့်ပါဦးကွာ ...
အကောင်လုံး ပြချင်ပုံက .. လုပ်ခ လစာ မစို့မပို့မှာ အဆင့်ဆင့် အပါးဝ အကောင်အထည်ပေါ်လာတဲ့ လူတစု တရက်စာ စရိတ်လောက်ရှိတဲ့ နက်ခ်တိုင်နဲ့ ... ရောက်လာတဲ့ကောင်တွေရဲ့ နားတွေက ဒိုးယိုပေါက်တွေပါလား ...။

ပြောရင်း ဆိုရင်း ဇာတ်တူသားကို မြိန်မြိန်ယှက်ယှက် စားနေပြန်ပါပြီ ...။ ဒိုးယိုပေါက်နားတွေမှာ ငါတို့လို လေတွေ ဟူးဟူး ဟားဟား ဖြတ်လို့ပါလား ....။
.....
.....
....

ဒီနေ့လူမျှားချိတ်ဟာ ဘယ်နှယ့် လွမ်းစိတ်နဲ့ ဆန့်လို့ပါလား ....
ဒီနေ့ လူမျှားချိတ်ဟာ ... ဘယ်နှယ့် နာကျင်စိတ်နဲ့ အသွားတုံးနေပါလား ...

ဘုရား ဘုရား ...
လူမျှားချိတ် အပိုမပါလာတဲ့ ငါတော့ ..... ဒီနေ့ .. ...။

နိုဝင်ဘာ ၁၊ ၂၀၁၅
၁၁း၄၆ နာရီ

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>