Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

အောင်ကျော်သွင် - သမိုင်းတူးဖို့အတွက် ခရီးသွားလိုခြင်း

$
0
0
  အောင်ကျော်သွင် - သမိုင်းတူးဖို့အတွက် ခရီးသွားလိုခြင်း
(မိုးမခ) နိုဝင်ဘာ ၆။ ၂၀၁၅

ရိုတွန်ကဖေးဆိုင်ထဲက အိုင်ရင်ဘတ်ချွေချခဲ့တဲ့
ဆေးလိပ်ပြာတွေစုဆောင်းဖို့အတွက်
ငါ ပါရီကို ရောက်ဖူးချင်သေးတယ်။

အချင်းခြောက်ပေလောက်ရှိတဲ့
ဒုတိယကမ္ဘာစစ်အတွင်းက အမြောက်ကြီးတွေအကြောင်း
တံဆိပ်ခေါင်းစုသူတွေရဲ့အကြောင်း
နော်မန်ဒီကမ်းခြေရောက်ရင်
ဟစ်တလာ ကိုလိုနီတို့ရဲ့ စက်မှုထုပ်ပိုးမှုတစ်ခုဖြစ်တဲ့
ခွင်းကျည်ဆံအခွံတွေကိုလည်း လိုက်ကောက်ချင်တယ်။

ပါရီမှာ လူထုအရေးတော်ပုံကြီးတွေဖြစ်ခဲ့ဖူးသတဲ့
ဝါတာလူးစစ်ပွဲကို ပြန်တူးဖော်ဖို့အတွက်
ပေါက်ပြားတွေဟာ ချွန်ထက်နေဖို့လိုလိမ့်မယ်။

မေရီအင်တ္တိုင်ရဲ့အရိုးတွေဟာ ဆွေးမြေ့သွားပြီလား
ပြင်သစ်တော်လှန်ရေးမှာကျဆုံးသွားကြတဲ့
အာဇာနည်တို့ရဲ့ မြေပုံမို့မို့ကလေးတွေကိုဂုဏ်ပြုဖို့
နိုင်ငံတကာသီချင်းကိုလေ့လာရင်း
ငါ ပါရီကိုရောက်ဖူးချင်သေးတယ်။

ဂေါ်ဂင်ရဲ့ အမေဟာ
သူ့ သားကိုင်ခဲ့တဲ့ အလံတော်ကိုကိုင်စွဲရင်း
တရွေ့ရွေ့နဲ့ …။

အောင်ကျော်သွင်

Viewing all articles
Browse latest Browse all 9633

Trending Articles