Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

သစ်ကောင်းအိမ် - မော်တင်စွန်း ...

$
0
0
 သစ်ကောင်းအိမ် - မော်တင်စွန်း ...
(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၁၅
 
လှိုင်းလုံးကြီးတွေ
လာ့ဟေ့..
လာဟေ့.. လို့
လက်ခုတ်လက်ဝါးတီး
အော်ခေါ်တဲ့အခါ
လှိုင်းလုံးကြီးတွေဟာ
ပိုမိုကြီးမားတဲ့လှိုင်းလုံးကြီးတွေအဖြစ်
ကိုယ်ဆီပြေးလာလိမ့်မှာ..ဆိုပြီး...
အဖေအမေတွေက
ပြောတော့
ကမ်းခြေမှာ
ကျနော်နဲ့မျိုးကို ချာတိတ်နှစ်ယောက်
လက်ခုတ်လက်ဝါးတီးရယ်မော
သူငယ်ချင်းနှစ်ယောက်အော်ခေါ်ကြ
လှိုင်းလုံးကြီးတွေ
လာဟေ့..
လာဟေ့..
လှိုင်းလုံးကြီးတွေ
လာဟေ့..
လာဟေ့...
ကျနော်တို့ အဲလိုအော်ခေါ်တော့
လှိုင်းလုံးကြီးတွေက ပိုကြီးလာ
လှိုင်းလုံးကြီးကြီးတွေ
ကျနော်တို့ရှိရာပြေးလာကြ..
ကျနော့်တို့ထပ်ခါ အသံမြင့်အာခေါင်ခြစ်အော်ဟစ်လိုက်တိုင်းမှာ
တလှိမ့်လှိမ့်တဖွေးဖွေး လှိုင်းလုံးကြီးတွေ ပိုမိုမြင့်မားကြီးထွားလာ
ဒီလှိုင်းလုံးကြီးတွေလွန်ရင်
မြေပုံကညွှန်းတဲ့ ရတနာကျွန်းကို
ငါတို့သိမ်းပိုက်နိုင်မှာလား...
လှိုင်းလုံးကြီးတွေ
လာဟေ့..
လာဟေ့...


သစ်ကောင်းအိမ်
(၇။ နိုဝင်ဘာ။ ၂၀၁၅)

Viewing all articles
Browse latest Browse all 9633

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>