အေးချမ်းပြီး အားတက်သရောရှိသည့် မြောက်ဥက္ကလာမြို့နယ်က မဲရုံများမြင်ကွင်း
(ဟန်သစ်နိုင်၊ မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၁၅
Image may be NSFW.
Clik here to view.

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲရုံများတွင် မဲပေးသူ သက်ကြီးရွယ်အို လူကြီး များ၊ လူငယ်များသည်လည်း အားတက် သရောနှင့် လာရောက်မဲထည့် ဝင်သူ များပြား သည် ။ မဲပေးသောနေရာများနှင့် ပတ်ဝန်း ကျင်နေရာများတွင်လည်း မဲပေးသူကို နှောက် ယှက်စေမည့် အပြုအမူများမတွေ့ရပဲ အေးချမ်းစွာ မဲထည့်ဝင်နေကြသည်ကို တွေ့ရသည်။
Image may be NSFW.
Clik here to view.

မြောက်ဥက္ကလာအတွင်းတွင် မဲစာရင်း နာမည်မပါသဖြင့် မဲထည့်၍ မရသူအများအပြား လည်း တွေ့ရသည်။ ထိုသူများသည် သုံးကြိမ်သုံး ခါမှားယွင်းမှုကိုပြောပြသူများပါဝင်သလို ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်ထုတ် ပြန်မှု အသိပေးအားနည်းခြင်းကြောင့် ၃က မလျှောက်ထားမိသူများလည်းပါဝင်ကြသည်။
Image may be NSFW.
Clik here to view.

ညနေ ၄နာရီ မဲရုံပိတ်ချိန် မဲရုံပရဝုဏ်အတွင်းမဲ ပေးသူများရှိနေလျှင်လည်းမဲထည့်ဝင်နိုင်ကြောင်း၊ မဲစာရင်းရေတွက်ချိန်တွင်လည်း အများပြည်သူ လာရောက်ကြည့်ရှုနိုင်ကြောင်းကို ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။