Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

မောင်မိုးသူ - ကိုယ်ပေးသလောက်ပဲ ရမှာပေါ့ နှင့် ဘကြီးမိုး

$
0
0
Photo - သွန်းခ

မောင်မိုးသူ - ကိုယ်ပေးသလောက်ပဲ ရမှာပေါ့ နှင့် ဘကြီးမိုး
(ဘကြီးမိုး၊ ကုမုဒြာ သတင်းဂျာနယ် ၊ ၃ရက် နိုဝင်ဘာလ ၂၀၁၅)

မိုးမခ၊ နိုဝင်ဘာ ၁၀၊ ၂၀၁၅

    ဘကြီးမိုး ငယ်ငယ်တုန်းက သင်ဖူးသလိုလိုရှိတဲ့ ရူပဗေဒသဘောအရ တူညီသော တုံ့ပြန်မှုရှိသတဲ့။အင်္ဂလိပ်လို ဝိုးတိုးဝါးတား မှတ်မိနေတာကတော့ In every action တူညီတဲ့ တုံ့ပြန်မှုသဘောရှိသတဲ့။ အဲဒါက သိပ္ပံသဘောလေ။ ဘကြီးမိုးတို့ ဗုဒဘာသာမှာလည်း ကံ ကံ၏ အကျိုးတရားကို ခံစားကြရသတဲ့။ ကောင်းသောကံကို ပြုလုပ်ကြရရင် ကောင်းသောအကျိုးကို ရသတဲ့။ထိုနည်းတူ အကုသိုလ်ကံများကို ပြုလုပ်ကြတဲ့အတွက် အကုသိုလ် အကျိုးတရားကို ရသတဲ့။ ကိုယ်လုပ်သမျှ ကိုယ်ရကြတာပဲ။ ကိုယ်ပေးသမျှ ကိုယ်ပြန်ရကြတာပဲ။ ဒါဟာ နိယာမ တရားပါပဲ။

    ဟဲ ဟဲ ရွေးကောက်ပွဲရက် ဖင်နားကပ်လာလေလေ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တော်မူကြတဲ့ ပုဂ္ဂိုလ်ကြီးများဟာ အများပြည်သူကို တစ်သက်လုံးက မလုပ်ဖူးတဲ့ စည်းရုံးရေးတွေ လုပ်ကြပါတယ်။ လုပ်ကြတဲ့ နေရာမှာလည်း အလွဲလွဲ အချော်ချော်တွေ ချည်းပဲ ခင်ဗျ။ နိယာမတရားကို  ခုထိ မသိ မမြင် နားမလည်ရှာကြပဲကိုး။ အပေးအယူ ဆိုတာ ကိုယ်ကပေးသလောက်ပဲ ရတာက နိယာမလေ။ ကိုယ်က ဘာမှ မပေးဖူးဘူး၊ပေးကို မပေးခဲ့ဖူးဘဲနဲ့ ပြန်လိုချင်လို့ ရနိုင်ပါ့မလား။

    စစ်အစိုးရခေတ်အဆက်ဆက်မှာ သူတို့ကို အင်မတန်ထူးချွန်တဲ့ ဂုဏ်ပုဒ်တခု သူတို့ကွယ်ရာမှာ ဘကြီးမိုး နာမည်ပေးဖူးတယ်ခင်ဗျ။ အဲသည်ဂုဏ်ပုဒ်ကတော့ destructive genius ပျက်စီးအောင် ဖျက်ဆီးတဲ့နေရာမှာ အလွန်ထူးချွန်ပြောင်မြောက်တဲ့ ပုဂ္ဂိုလ်တွေလို့ ဆိုလိုတာပေါ့ ခင်ဗျ။

    အာရှတိုက်ရဲ့ ပညာရေး၊စီးပွားရေး ထိပ်ဆုံးက နိုင်ငံ၊သယံဇာတ အပေါဆုံး နိုင်ငံ၊ အာရှတိုက်ရဲ့ ဝမ်းဗိုက်လို့ သတ်မှတ်ခံရလောက်အောင် ဆန်စပါးအထွက်ဆုံး နိုင်ငံအဖြစ်ကနေ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးနိုင်ငံဖြစ်အောင် ၊ ပညာရေးအနိမ့်ကျဆုံး နိုင်ငံဖြစ်အောင် သယံဇာတတွေလည်း ပြည်သူတွေက ဘာမှ မရလိုက်ဘဲ သူတို့အိတ်ထဲပဲ ရောက်သွားအောင် လုပ်နိုင်ကြတဲ့ ပုဂ္ဂိုလ်တွေခင်ဗျ။တိုင်းပြည်ကို ပျက်အောင် ဖျက်ဆီးနိုင်တဲ့ အလုပ်မှာတော့ စွမ်းအားရှင် ထူးချွန်သူများပါပဲ။

    ဟိုယခင် အင်္ဂလိပ်လက်ထက်မှာတုန်းက မြန်မာပြည် တောင်သူလယ်သမားများရဲ့ လယ်ယာတွေ ချစ်တီးလက်ထဲ ရောက်သွားတယ်ဆိုပြီး လယ်သမားသူပုန်ကြီးတွေ ပေါ်ခဲ့ဖူး မဟုတ်လား။

    ချစ်တီးကမှ ငွေပေးပြီး အတိုးယူပြီး လယ်ယာတွေ သိမ်းခဲ့တာလေ။သူတို့ လက်ထက်မှာ လယ်ယာတွေကို သည်အတိုင်း အစိမ်းလိုက်သိမ်းခဲ့ကြတာလေ။အသိမ်းခံရတဲ့ တောင်သူလယ်သမားတွေဟာ လယ်မဲ့ယာမဲ့ ဖြစ်ပြီး အိမ်နီးနားချင်းနိုင်ငံ အထူးသဖြင့် ထိုင်းနိုင်ငံထဲကို ရွှေ့ပြောင်းလုပ်သားများအဖြစ် တရားဝင်ရော တရားမဝင်ရော ရောက်ကုန်ကြတာ လေးငါးသန်းရှိဆိုပဲ။

    ယခင့် ယခင်က မြန်မာနိုင်ငံဟာ နိုင်ငံရပ်ခြားကသူတွေ အလုပ်ကြမ်းသမားကူလီအဖြစ် ရေကြည်ရာမြက်နုရာ လာရောက် အခယူ လုပ်ခဲ့ကြရတဲ့ နိုင်ငံကနေ ကူလီများအဖြစ် နိုင်ငံရပ်ခြားကို သွားရောက် လုပ်ကိုင်ရတဲ့ အဖြစ်ကို ရောက်ခဲ့ကြတာလေ။

    တစ်လောက Global Witness အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံရဲ့ ကျောက်စိမ်းတွေကို စစ်အာဏာရှင်ကြီး မိသားစုရယ်၊ စစ်အာဏာရှင် တစ်စုရယ်၊ ဦးပိုင်ရယ်၊ မူးယစ်ရာဇာတွေပေါင်းပြီး ထင်သလို တူးဖော်၊ တရုတ်နိုင်ငံကို ရောင်းစားခဲ့ကြတာ ဒေါ်လာ ၁၂ ဘီလျံကျော်သတဲ့။ အဲသည် အုပ်စုရဲ့ အရေးပါအရာရောက်တဲ့ မူးယစ်ရာဇာကြီးရဲ့ နာမည်လည်း ဖော်ပြထားတယ်ခင်ဗျ။ ` ဝေရှောက်ဖန် ´ တဲ့။ အဲသည် ပုဂ္ဂိုလ်ကို အမေရိကန်ပြည်ထောင်စုက သူ့ကိုဖမ်းမိအောင် သတင်းပေးနိုင်သူကိုတောင် ဒေါ်လာ နှစ်သန်းပေးဖို့ ထုတ်ခံထားရသူဆိုပဲ။

    ဒါလည်း ဘကြီးမိုးတို့ မြန်မာနိုင်ငံမှာတော့ မဆန်းတော့ ပါဘူးလေ။ ကမ္ဘာပေါ်မှာ အမေရိကန်ပြည်ထောင်စုက အလိုချင်ဆုံး ဘိန်းဘုရင်ကြီး လောစစ်ဟန်ကို သူကောင်းပြုပြီး စီးပွားရေးလုပ်ငန်းတွေ အားလုံး လုပ်ကိုင်စေနိုင်ဖို့ အေရှားဝေါလ် လုပ်ငန်းကြီးလုပ်ကိုင်ခွင့် ပေးထားခဲ့တာပဲလေ။

    အဲသည်လို အဲသည်လို တိုင်းပြည်သယံဇာတွေကို ရောင်းစားခဲ့၊ တိုင်းပြည်လယ်ယာမြေတွေ သိမ်းဆည်းခဲ့ ၊တိုင်းပြည်ရဲ့ ကျွန်းသစ်နဲ့ သစ်မာတွေကို တစ်တောလုံးပြောင်အောင် ခုတ်ရောင်းချခဲ့ပြီး တိုင်းပြည်တပြည်လုံး မွဲပြာကျ၊ လူတစ်စုလေးကပဲ မကြုံစဖူး ချမ်းသာခဲ့ကြတာလေ။

    ပြည်သူကို တခါမှ မျက်နှာမမူခဲ့ကြ၊ပြည်သူအတွက်လည်း တခါမှဝန်ဆောင်မှု မပေးခဲ့ဘဲနဲ့ ပြည်သူရဲ့ မေတ္တာ စေတနာကို ပြန်လိုချင်လို့ ဖြစ်နိုင်ပါ့မလား။

    နိယာမတရားအရ ကိုယ်ပေးသလောက် ကိုယ်ပြန်ရမှာပဲ။ မကောင်ကျိုးတွေ ပေးခဲ့ရင် မကောင်းကျိုးပဲ ပြန်ရတာပဲလေ။

    ကိုယ်ပေးသလောက်ပဲ ရမှာပေါ့နှင့် ဘကြီးမိုးပါ။

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>