Photo - သွန်းခ၊ ရန်ကုန် အင်န်အယ်ဒီပါတီဌာနချုပ်ရုံးရှေ့ |
နီဇူလိုင် - "တောချောက်တေး"
(မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၁၅
ငယ်ငယ်က တောဓလေ့
ဝါ၀င် ၀ါထွက်မှာ...
သံပုံးတီးပြီး မကောင်းဆိုးဝါးတွေ နှင်သလို..
စကောချပ်ကို ယောင်းမနဲ့ နာနာနှက်
ဟေး....
ထွက်...
ထွက်..
ထွက်။
ဟေး....လို့
တအိမ်ကစအော်ရင်..တအိမ်ဆီဆက်
တရပ်ရွာလုံးပြိုင်တူ..
ဟေး..သံကြီးထွက်လို့
တို့ဂုတ်ပေါ်ခွနင်းထားတဲ့
ပေကပ်ကပ် ညစ်ထပ်ထပ် မကောင်းဆိုးရွားကြီးကို
တရွှေး..ရွှေး ...
တဟေး..ဟေး နဲ့
တောချောက်နေရသလို..
အခု ဖြစ်နေပုံ ပြောပါတယ်..။ ။
တဟေး..ဟေး နဲ့
တောချောက်နေရသလို..
အခု ဖြစ်နေပုံ ပြောပါတယ်..။ ။
(၉.၁၁.၁၅)