မောင်မောင်စိုး - ၅၉ ( စ ) ပြင်ရန် အချိန်ရှိသေးသည်
(မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၁၅
လတ်တလောရွေးကောက်ပွဲသတင်းများအရ NLD သည် သူ၏မဟာမိတ်များနှင့်လက်တွဲ၍သမတတင်မြှောက်ကာ အစိုးရသစ်ဖွဲ့နိုင်ရေးသေချာသလောက်ရှိသွားချေပြီ။ကြံ့ခိုင်ရေးကားမျှော်မှန်းထားသည်ထက်များစွာအရေးနိမ့်သွားပုံပေါ်သည်။ လူကြမ်းကောင်း၍မင်းသမီးအားသနားသူပိုသွားသည်ဟုဆိုကြ
သည်။
သည်။
လက်ရှိတွင်ရွေးကော်မှနေ၍၂၀၁၅နိုဝင်ဘာ၉ရက်ညနေ၃နာရီမှစတင်ပြီးအနိုင်အရှုံးရလဒ်များကိုအတည်ပြုကြေငြာလျက်ရှိသည်။ရွေးကော်အနေနှင့်၎င်းတို့၏တရားဝင်ထုတ်ပြန် အတည်ပြုချက်များကို၂၀၁၅နိုဝင်ဘာ၂၉ရက်နောက်ဆုံးထား ထုတ်ပြန်ကြေငြာသွားမည်ဟုဆိုပါသည်။
ရွေးကောက်ပွဲမတိုင်မှီိကရွေးကောက်ပွဲမဲစာရင်းများမှစ၍ ရွေးကောက်ပွဲသမာသမတ်ကျမှုနှင့်ပတ်သက်ပြီးပစ်တင်ဝေဖန် ခြင်းခံနေရသောသမတနှင့်ရွေးကော်တို့အနေနှင့်အနိုင်အရှုံးရလဒ်ကိုတည်တည်ငြိမ်ငြိမ်နှင့်ကြေငြာလိုက်သည်ကလည်းအံ့အားသင့်စရာပင်ဖြစ်သည်။ရွေးကောက်ပွဲကာလတွင်းမဲလိမ်မဲခိုး
စသည့်ပြသနာများမှာလည်းနေရာအနှံ့ကြီးကြီးမားမားဖြစ်ပေါ်ခြင်း မရှိခဲ့ပေ။မြစ်ကြီးနားလားရှိုးတောင်ကြီးတို့တွင်ကြိုတင်မဲ ကိစ္စပြသနာပေါ်သည်ဆိုသော်လည်းတနိုင်ငံအတိုင်းအတာအရ ဆိုလျင်ပြသနာကြီးကြီးမားမားမရှိသည့်ရွေးကောက်ပွဲဟုဆို၍ ရသည်။
စသည့်ပြသနာများမှာလည်းနေရာအနှံ့ကြီးကြီးမားမားဖြစ်ပေါ်ခြင်း မရှိခဲ့ပေ။မြစ်ကြီးနားလားရှိုးတောင်ကြီးတို့တွင်ကြိုတင်မဲ ကိစ္စပြသနာပေါ်သည်ဆိုသော်လည်းတနိုင်ငံအတိုင်းအတာအရ ဆိုလျင်ပြသနာကြီးကြီးမားမားမရှိသည့်ရွေးကောက်ပွဲဟုဆို၍ ရသည်။
နိုင်ငံရေးအင်အားစုအချို့လူထုအစိတ်အပိုင်းအချို့အနေနှင့်သမတအား၎င်းရွေးကော်အား၎င်းမကြေလည်မှုရှိနေသေးသည်ဟုဆိုနိုင်သော်လည်းအမေရိကန်အင်္ဂလန် EU နှင့်ဂျပန် စသည့်အနောက်အုပ်စုအတွက်မူအတော်လေးလက်ခံ၍ရသော ကြေနပ်ဖွယ်ကောင်းသောလုပ်ဆောင်မှုဖြစ်သည်။အနောက်အုပ်
စုအတွက်လက်ရှိမြန်မာစစ်ဖက်ခေါင်းဆောင်များအားစိတ်ကြေနပ်စေသည့်ရွေးကောက်ပွဲဖြစ်သည်။အနောက်နှင့်မြန်မာစစ်ဖက် ဆက်ဆံရေးကဏ္ဏသစ်ဖွင့်လှစ်စေနိုင်ခဲ့သောရွေးကောက်ပွဲဖြစ်သည်ဟု ဆိုရမည်။အနောက်အနေနှင့်မြန်မာစစ်ဖက်ခေါင်းဆောင်များကိုအမှတ်အများကြီးပေးမည့်ပွဲဖြစ်သည်။
စုအတွက်လက်ရှိမြန်မာစစ်ဖက်ခေါင်းဆောင်များအားစိတ်ကြေနပ်စေသည့်ရွေးကောက်ပွဲဖြစ်သည်။အနောက်နှင့်မြန်မာစစ်ဖက် ဆက်ဆံရေးကဏ္ဏသစ်ဖွင့်လှစ်စေနိုင်ခဲ့သောရွေးကောက်ပွဲဖြစ်သည်ဟု ဆိုရမည်။အနောက်အနေနှင့်မြန်မာစစ်ဖက်ခေါင်းဆောင်များကိုအမှတ်အများကြီးပေးမည့်ပွဲဖြစ်သည်။
တဆက်တည်းတွင်နောက်လေးလကျော်တွင်လက်ရှိအစိုးရက အာဏာလွှဲပြောင်းပေးရမည့်သမတနှင့်အစိုးရသစ်သည် တိုင်းပြည်အတွက်သာမကမြန်မာစစ်ဖက်အတွက်ပါအရေးပါလာပြီဖြစ်သည်။အစိုးရအဖွဲ့တွင်၎င်းကာလုံတွင်၎င်းသမတနှင့် မြန်မာစစ်ဖက်ခေါင်းဆောင်ကာချုပ်တို့အဓိကညှိနှိုင်းဆောင်ရွက်
ရပေတော့မည်ဖြစ်သည်။
ရပေတော့မည်ဖြစ်သည်။
လက်ရှိ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း၃ပုဒ်မ၅၉(စ) အရ NLD ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည်သမတ လုပ်ခွင့်မရှိပေ။သို့ဖြစ်ရာသူမသည်သူမ၏အရပ်ရပ်ပေါ်လစီများ အားတိကျစွာအကောင်အထည်ဖေါ်ဆောင်ပေးနိုင်မည့်သူတစ်ဦး အရပ်စကားဖြင့်ပြောရလျင်သူမစကားအားတသွေမတိမ်းလိုက် နာမည့်သူတစ်ဦးအားရွေးချယ်ရမည်ကိုယုံမှားသံသယရှိစရာ မလိုပေ။ထို့ကြောင့်လည်းဒေါ်စုက သူမသည်သမတအထက်က ရှိနေမည်ဟုဆိုလိုက်ခြင်းဖြစ်သည်။
လက်ရှိဖွဲ့စည်းပုံအကန့် အသတ်အရသူမသည်ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ်သာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီးကာလုံတွင်တော့ပါဝင်ခွင့်ရမည်ဖြစ်သည်။အချို့ယူဆသလိုဝန်ကြီးတနေရာယူ၍အစိုးရအဖွဲ့ကိုထိမ်းကြောင်းခြင်းမျိုးမဖြစ်နိုင်ပေ။အချို့ယူဆသကဲ့သို့ကာလုံတွင်လည်း ပါဝင်ခွင့်ရသည့်နိုင်ငံခြားရေးဝန်ကြီးနေရာယူခြင်းမျိုးမဖြစ်နိုင်ပေ။ သို့ဖြစ်ရာလက်ရှိခြေဥအရအစိုးရအဖွဲ့ကိုထိမ်းကြောင်းမည့် သမတသည်အထက်ဖေါ်ပြပါအတိုင်းသူမ၏ပေါ်လစီကိုကောင်းစွာအကောင်အထည်ဖေါ်သူဖြစ်ရပေတော့မည်။ NLD သမတ အနေနှင့်အစိုးရအဖွဲ့တွင်၎င်းကာလုံတွင်၎င်းမြန်မာစစ်ဖက် ခေါင်းဆောင်များနှင့်ညှိနှိုင်းမှုများသည်အမြဲလိုပင်ဖြစ်ချေတော့မည်။
ဤသို့သောအခြေအနေတွင်မြန်မာစစ်ဖက်ခေါင်းဆောင်များအနေနှင့်ဒေါ်စုကိုယ်တိုင်နှင့်ညှိနှိုင်းမည်လောဒေါ်စုရွေးချယ် ထားသုနှင့်ညှိနှိုင်းမည်လောဆိုသည်ကိုလေးနက်စွာစဉ်းစားဖို့လိုလာပေသည်။
တကယ်တော့ NLD ခေါင်းဆောင်ပိုင်းတွင်ဒေါ်စုကို မှီသူမရှိပေ။ သူမသည်ပြိုင်ဘက်ကင်းဖြစ်သည်။သူမသည်ပြည်တွင်းရော ပြည်ပပါသြဇာကြီးသူဖြစ်သည်။သူမသည်အကောင်းဆုံးစေ့စပ် ပြေငြိမ်းနိုင်သူဖြစ်သည်။အကောင်းဆုံးသင်ပုန်းချေနိုင်သူဖြစ်သည်။ အရေးကြီးဆုံးဖြတ်ချက်များကိုလျင်မြန်စွာရဲရဲတင်းတင်းချမှတ် နိုင်သူဖြစ်သည်။ထို့ပြင်အတိုက်အခံအုပ်စုများကိုကောင်းစွာ ထိမ်းကျောင်းနိုင်သူဖြစ်သည်။ကြိုက်သည်ဖြစ်စေမကြိုက်သည် ဖြစ်စေဒေါ်စုအားဆန့်ကျင်တိုက်ခိုက်သည့်အတိုက်အခံဆိုသူများ
နလံထူနိုင်လေ့မရှိပါ။
နလံထူနိုင်လေ့မရှိပါ။
ဤသို့သောအခြေအနေအောက်တွင်မြန်မာစစ်ဖက်ခေါင်းဆောင်များအနေနှင့်ဒေါ်စုနှင့်တိုက်ရိုက်ညှိနှုင်းအလုပ်လုပ်ခြင်းက တိုင်းပြည်အတွက်သာမကမြန်မာစစ်တပ်အတွက်ပါအကျိုးရှိပေလိမ့်မည်။ပြည်တွင်းကိစ္စများတွင်သာမကပြည်ပရေးတွင်လည်း မြန်မာစစ်တပ်အတွက်ပိုအကျိုးရှိသောအခြေအနေဖြစ်ပေလိမ့်
မည်ကိုမြန်မာစစ်ဖက်ခေါင်းဆောင်များလေးနက်စွာစဉ်းစားဖို့ လိုပါသည်။နိုင်အောင်တိုက်၊ နိုင်ရင်တိုက်၊မတိုက်နိုင်ရင်ပေါင်း ဆိုသည့်ကွန်ဖြူးရှပ်၏အဆိုသည်မြန်မာစစ်ဖက်ခေါင်းဆောင်များအတွက်အလေးထားဖွယ်ဖြစ်သည်။မည်သို့ဖြစ်စေဒေါ်စုနှင့် တိုက်ရိုက်ညှိနှိုင်းဆောင်ရွက်ခြင်းသည်မြန်မာစစ်ဖက်အတွက်အကျိုးယုတ်စေသည်ထက်အကျိုးပိုများမည်ကိုတွေ့မြင်နိုင်ပေမည်။
မည်ကိုမြန်မာစစ်ဖက်ခေါင်းဆောင်များလေးနက်စွာစဉ်းစားဖို့ လိုပါသည်။နိုင်အောင်တိုက်၊ နိုင်ရင်တိုက်၊မတိုက်နိုင်ရင်ပေါင်း ဆိုသည့်ကွန်ဖြူးရှပ်၏အဆိုသည်မြန်မာစစ်ဖက်ခေါင်းဆောင်များအတွက်အလေးထားဖွယ်ဖြစ်သည်။မည်သို့ဖြစ်စေဒေါ်စုနှင့် တိုက်ရိုက်ညှိနှိုင်းဆောင်ရွက်ခြင်းသည်မြန်မာစစ်ဖက်အတွက်အကျိုးယုတ်စေသည်ထက်အကျိုးပိုများမည်ကိုတွေ့မြင်နိုင်ပေမည်။
ဤသို့ဆိုလျင်ဒေါ်စုသမတဖြစ်ဖို့လိုသည်။ဒေါ်စုသမတဖြစ်ရန် ကန့်သတ်ထားသည့်၂၀၀၈အခြေခံဥပဒေအခန်း၃ပုဒ်မ၅၉ (စ) အားပြင်ဆင်ရန်လိုသည်။ထိုသို့ပြင်ရန်ခြေဥအခန်း၁၂ ပုဒ်မ၄၃၆ (က) အရလွှတ်တော်ကိုယ်စားလည်၇၅% ကျော်ကသဘောတူပြီးလူထုဆန္ဒခံယူပွဲလုပ်ရန်လိုသည်။အဓိက စစ်တပ်ကိုယ်စားလည်များသဘောတူရန်လိုသည်။မြန်မာ စစ်ဖက်ခေါင်းဆောင်များသဘောတူရန်လိုသည်။မြန်မာစစ်ဖက် ခေါင်းဆောင်များလေးလေးနက်နက်စဉ်းစားဖို့လိုသည်။ဤသို့ ပြင်ဆင်ခြင်းဒေါ်စုအားသမတအခွင့်အလမ်းပေးခြင်းသည်တိုင်းပြည်အတွက်သာမကမြန်မာစစ်ဖက်အတွက်ပါအကျိုးရှိသော အခြေအနေဖြစ်သည်ကိုသေချာစဉ်းစားရန်လိုပါသည်။
ဤသို့လုပ်ရန်လည်းအချိန်ရှိသေးသည်။လက်ရှိလွှတ်တော်ကိုယခုနိုဝင်ဘာလဝက်အတွင်းခေါ်ဆိုမည်ဖြစ်ပြီး၂၀၁၆ဇန္နဝါရီလအတွင်းသက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ယခုရွေးကောက်ပွဲမှတက်လာမည့်လွှတ်တော်သစ်သည်၂၀၁၆ဖေဖော်ဝါရီလမှစတင်နိုင်မည်။လက်ရှိသမတဦးသိန်းစိန်သက်တမ်းသည်၂၀၁၆
မတ်လ၃၁ရက်နေ့ထိဖြစ်သည်။သမတသစ်နှင့်အစိုးရသစ်သည် ၂၀၁၆ဧပြီလမှစ၍တာဝန်ယူရမည်။သို့ဖြစ်ရာအချိန်လေးလခွဲ ခန့်ရှိသေးသည်။
မတ်လ၃၁ရက်နေ့ထိဖြစ်သည်။သမတသစ်နှင့်အစိုးရသစ်သည် ၂၀၁၆ဧပြီလမှစ၍တာဝန်ယူရမည်။သို့ဖြစ်ရာအချိန်လေးလခွဲ ခန့်ရှိသေးသည်။
ယခုလွှတ်တော်တွင်ပြင်သည်ဖြစ်စေနောက်လွှတ်တော်အသစ်တွင်ပြင်သည်ဖြစ်စေမြန်မာစစ်ဖက်ကိုယ်စားလှယ်များ၏သဘောထားသည်အရေးကြီးသည်။ အဆုံးအဖြတ်သည်မြန်မာစစ်ဖက်လက်ထဲတွင်ရှိသည်။ အဆုံးအဖြတ်ပေးနိုင်သောမြန်မာစစ်ဖက်ခေါင်းဆောင်များ အလေးအနက်ထားစဉ်းစားဖို့လိုသည်။ထိုပုဒ်မကိုပြင်ဆင်၍ ဒေါ်စုအားသမတတင်မြှောက်ပါကအစိုးရအဖွဲ့နှင့်ကာလုံတွင် အလုပ်လုပ်ရအဆင်ပြေမည်ကိုထည့်သွင်းစဉ်းစားဖို့လိုသည်။ တိုင်းပြည်အတွက်သာမကမြန်မာစစ်ဖက်အတွက်ပါအဆင်ပြေ
မည်ကိုအလေးနက်စဉ်းစားဖို့လိုသည်။
၂၀၀၈အခြေခံဥပဒေအခန်း၃ပုဒ်မ၅၉(စ) အားပြင်ဆင်ရန်မြန်မာစစ်ဖက်၏သဘောထားနှင့်အဆုံးအဖြတ်သည်အလွန်အရေးကြီးသည်။မြန်မာစစ်ဖက်ခေါင်းဆောင်တို့အထူးအလေးထားစဉ်းစားရန်လိုပေသည်။ အကယ်၍ပြင်ဆင်လိုပါကပြင်ဆင်ရန်အချိန်လုံလောက်စွာ ရှိသေးသည်ဟုဆိုရပါမည်။
မှတ်ချက်။
ယခင်ကလည်း၅၉ (စ) ပြင်ဖို့ ၄၃၆ပြင်ရန်လုပ်ဘူးပါသည်။ ယခင်အချိန်ထက်ယခုအချိန်မတူတော့ပါ။နောက်၄၃၆ပြင်ရေး ရှေ့ရောက်သည့်အချိန် မဟုတ်သေးပါ။၅၉(စ) ပြင်ရေးအရင် ဖြစ်သင့်သည်။ဤသို့ဆို၍ NLD က၅၉(စ) ပြင်ရေးအဆိုတင်ရမည်ဟုမဆိုလိုပါ။မြန်မာစစ်ဖက်ခေါင်းဆောင်များသဘောမတူ
ဘဲအဆိုတင်ပါကအချည်းနှီးသာဖြစ်ပေလိမ့်မည်။အားလုံး သဘောပေါက်လက်ခံဘို့ကအရင်ဖြစ်ပါသည်။
ဘဲအဆိုတင်ပါကအချည်းနှီးသာဖြစ်ပေလိမ့်မည်။အားလုံး သဘောပေါက်လက်ခံဘို့ကအရင်ဖြစ်ပါသည်။