Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

နိုင်ငံတော်ထိပ်သီး ၃ ဦးနဲ့ အသီးသီး တွေ့ဆုံလိုကြောင်း ဒေါ်အောင်ဆန်းစုကြည် စာများ ပေးပို့

$
0
0


နိုင်ငံတော်ထိပ်သီး ၃ ဦးနဲ့ အသီးသီး တွေ့ဆုံလိုကြောင်း ဒေါ်အောင်ဆန်းစုကြည် စာများ ပေးပို့
(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၁၅

နိုဝင်ဘာ ၁၀ ရက်စွဲ၊ ၂၀၁၅ ရွေးကောက်ပွဲတွင် အသာရနေသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိနိုင်ငံတော်ထိပ်သိး ၃ ဦး ဖြစ်သည့် တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတကြီး နှင့် လွှတ်တော်နာယကကြီးတို့နှင့် အသီးသီး တွေ့ဆုံလိုကြောင်း စာများ ပေးပို့ထားသည်ဟု NLD ဖေ့စ်ဘွတ်မှာ ထုတ်ပြန်ထားသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ ဆန္ဒထုတ်ဖော်ပြသလိုက်ပြီ ဖြစ်ကြောင်း၊ ပြည်သူ့ဆန္ဒကို ငြိမ်းချမ်းစွာ အကောင်အထည်ဖော်ရန်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး သဘောထားကို အခြေခံပြီး ဆောင်ရွက်ကြဖို့ တွေ့ဆုံဆွေးနွေးလိုကြောင်း၊ သက်ဆိုင်ရာပုဂ္ဂိုလ်တို့၏ အဆင်ပြေတဲ့အချိန်မှာ လာရောက်တွေ့ဆုံနိုင်ပါကြောင်း ရေးသားထားသည်။

ရွေးကောက်ပွဲကော်မရှင်က အချိန်ယူပြီး ရလဒ်များ ထုတ်ပြန်နေချိန်မှာ ၂၀၁၅ ရွေးကောက်ပွဲတွင် ရာခိုင်နှုန်း ၈၀ ကျော်နဲ့ အနိုင်ရမည်ဟု ခန့်မှန်းပြောဆိုခြင်းခံထားရသည့် အနိုင်ရပါတီ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ နိုင်ငံတော်ထိပ်သီးများနှင့် တွေ့ဆုံကြရန် ဦးစွာကမ်းလှမ်းသော ထုတ်ပြန်မှု ဖြစ်သည်။ ရွေးကောက်ပွဲအနိုင်ရ၍ လူများစုဖြင့် သမ္မတခန့်၊ အစိုးရဖွဲ့ နိုင်ပါကလည်း အနိုင်ရပါတီ၏ ခေါင်းဆောင်အဖြစ် အစိုးရနှင့် သမ္မတကို ခေါင်းဆောင်မှု ပေးသွားရမည် ဖြစ်ကြောင်း မီဒီယာအင်တာဗျူးများတွင် ဒေါ်စုက အတိအလင်း ပြောကြားထားပြီး ဖြစ်သည်။ အနိုင်ရပါတီအဖြစ် သိက္ခာရှိရှိဖြင့် လူထုနှင့်အတူ ရပ်တည်ပြီး စည်ကမ်းရှိရှိ ငြိမ်းချမ်းစွာ အပြောင်းအလဲကို ဖော်ဆောင်ကြရန်လည်း ပြည်သူလူထုနှင့် ပါတီဝင်များကို ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားထားသည်။



Viewing all articles
Browse latest Browse all 9633


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>