Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

မောင်ရင်ငတေ - မုန်တိုင်း၏အစ သို့မဟုတ် Ba-Ta-Clan ရဲ့ အဆုံးနိဂုံးလား

$
0
0

Bataclan ပြဇာတ်ရုံ မူလအနေအထား

မောင်ရင်ငတေ - မုန်တိုင်း၏အစသို့မဟုတ် Ba-Ta-Clan ရဲ့အဆုံးနိဂုံးလား
(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၅

Le Bataclan, L'Origine Ba-Ta-Clan
ဘာတာကလန်

၁၈၆၄ခုနှစ်မှာတည်ဆောက်ခဲ့တဲ့မြို့တော်ပါရီရဲ့ထိမ်းသိမ်းစောင့်ရှောက်ရမယ့်အဆောက်အဦးစာရင်းမှာပါဝင်နေပြီဖြစ်တဲ့တရုတ်ဘုံကျောင်းသဏ္ဍန်ဗိသုကာလက်ရာအဆောက်အဦးကြီးတခုပါ၊
ပါရီမြို့လယ်အမှတ်၁၁ရပ်ကွက် Boulevard Voltaire လမ်းမပေါ်မှာတည်ရှိပါတယ်၊

ဂျာမန်ဂျူးနွယ်ဖွားကိုလုံးမြို့သားပြင်သစ်လူမျိုးပြဇာတ်ဆရာစာရေးဆရာ Jacques Offenbach (1819-1880) နဲ့ပြင်သစ်လူမျိုးပါရီမြို့သားပြဇာတ်ဆရာ Ludovic Halévy (1834-1908) တို့ရဲ့ Ba-ta-clan ခေါ် Chinoiserie Musicale ပြဇာတ်တိုလေးရဲ့အမည်ကိုယူပြီးအဲဒီပြဇာတ်ရုံကို Le Bataclan လို့အမည်ပေးမှည့်ခေါ်ခဲ့တယ်ဆိုပါတယ်၊

မူလအစကတော့ Café-Chantant ခေါ် Café-Concert တခုပါ၊
မြေညီထပ်မှာကဖေးနဲ့ပြဇာတ်ရုံရှိပြီးပထမထပ်မှာတော့ကပွဲခန်းမကျယ်ကြီးရှိပါတယ်၊
ဒီဘာတာကလန်ပြဇာတ်ရုံဟာကုသိုလ်ကံမကောင်းသမိုင်းကြောင်းမလှခဲ့ပါဘူး၊
ပြဇာတ်ရုံကနေရုပ်ရှင်ရုံဖြစ်ခဲ့သလိုနောက်တဖန်ပြဇာတ်ရုံပြန်ဖြစ်ခဲ့ရပါတယ်၊

၁၉၃၃ခုနှစ်မှာတော့မီးလောင်ကျွမ်းခံခဲ့ရလို့အပေါ်ထိပ်ပိုင်းကတရုတ်ဘုံကျောင်းသဏ္ဍန်ဗိသုကာလက်ရာတွေဆုံးရှုံးပျက်စီးခဲ့ရပြီးအခုလက်ရှိအဆောက်အဦးပုံစံကတော့၁၉၅၀ခုနှစ်နောက်ပိုင်းကာလတွေမှာပြန်လည်ပြုပြင်တည်ဆောက်ခဲ့ပါတယ်၊ရုံပိုင်ရှင်တွေလည်းခေတ်အဆက်ဆက်မှာတလက်ပြီးတလက်ပြောင်းခဲ့သလိုပိတ်ထားခဲ့ရတဲ့ကာလတွေလည်းရှိခဲ့ပါတယ်၊

၁၉၈၃ခုနှစ်နောက်ပိုင်းမှာ Rock'n'Roll အဖွဲ့တွေပြင်သစ်ရဲ့ Post-Punk ဆရာကြီး Alain Pacadis (1949-1986) တို့ရဲ့ကျက်စားခဲ့ရာနေရာဖြစ်လာခဲ့ပါတယ်၊၂၀၀၄ခုနှစ်နောက်ပိုင်းမှာအခုလက်ရှိပိုင်ရှင်သစ်လက်သို့ရောက်ရှိလာပြီးရုံတွင်းပိုင်းတွေကိုခေတ်မီနည်းပညာတွေတပ်ဆင်ပြင်ဆင်ပြီး
Café-Théâtre, Discothèque
တွေအပြင် Concert စတိတ်ရှိုးပွဲတွေကိုပါလက်ခံကျင့်ပလာနိုင်ပြီးပြင်သစ်တေးဂီတအနုပညာလောကမှာနာမည်ရပြီးလူငယ်တွေကျက်စားရာနေရာတနေရာဖြစ်လာတာပါ၊အခုအခါမှာတော့ပရိသတ်၁၅၀၀နီးပါးဆန့်တဲ့ Concert Hall တခုဖြစ်နေပါပြီ၊

Bataclan ပြဇာတ်ရုံ နိုဝင်ဘာ ၁၃ ၊ အကြမ်းဖက်ခံရမှု အပြီး မြင်ကွင်း

မနေ့ည၂၀၁၅ခုနှစ်နိုဝင်ဘာလ၁၃ရက်နေ့ညကအကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုကြောင့်
ပွဲကြည့်သူ၈၇ဦးသေဆုံခဲ့ရပြီးအများအပြားဒဏ်ရာရခဲ့ကြပါတယ်၊အဲဒီ Bataclan Concert Hall ဇာတ်ရုံမှာအမေရိကန်ခေတ်ပေါ်တေးဂီတအဖွဲ့ Eagles of Death Metal အဖွဲ့ရဲ့ဖျော်ဖြေပွဲကိုလာရောက်ကြည့်ရှုကြတဲ့လူငယ်ပရိသတ်ကရုံအပြည့်တထောင်ငါးရာကျော်ရှိနေခဲ့တာကြောင့်သေဆုံးမှုဒီလောက်များပြားရတာဖြစ်ပါတယ်တဲ့၊ဘာတာကလန်ပြဇာတ်ရုံရဲ့အခုလက်ရှိပိုင်ရှင်ကတော့ဂျူးနွယ်ဖွားပြင်သစ်တဦးပါတဲ့။

တခြားနေရာခြောက်နေရာလောက်မှာလည်းအလားတူပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပေမယ့်ဒီပြဇာတ်ရုံမှာလောက်လူစုဝေးမှုမများတဲ့အတွက်အသေအပျောက်နည်းခဲ့တယ်ဆိုပေမယ့်စုစုပေါင်း၁၅၀ဝန်းကျင်ခန့်ရှိနိုင်ပါတယ်ဆိုကြပါတယ်။

ပေါက်ကွဲမှုတိုက်ခိုက်မှုတွေဖြစ်ပွားချိန်မှာ Eagles of Death Metal အဖွဲ့သီဆိုနေတဲ့သီချင်းကမကြာခင်ကမှဖြန့်ချီခဲ့တဲ့ Zipper Down ဆိုတဲ့အခွေထဲကသီချင်းတပုဒ်ကိုသီဆိုနေတာဖြစ်ဖို့များပါကြောင်း၊

ကုသိုလ်ကံမကောင်းသမိုင်းကြောင်းလည်းမလှခဲ့ပါတဲ့အဲဒီဘာတာကလန်ပြဇာတ်ရုံရှေ့လမ်းမကိုမောင်ရင်ငတေရံဖန်ရံခါဖြတ်လျှောက်မိစဉ်ကမော့ကြည့်ပြီးတရုတ်ဘုံကျောင်းတဝက်တပျက်ပုံစံအနေအထားနဲ့တွေ့ရတာမို့ကိုးလိုးကန့်လန်အဆောက်အဦးတခုဖြစ်မှာပါလေတွေးမိရင်းတခါဖူးမျှ
မှတ်တမ်းမတင်ခဲ့ဖူးပါဘူး၊ 

အခုတော့ဒီအဆောက်အဦးကပါရီသမိုင်းမှာတွင်ကျန်ရစ်တော့မှာမို့လို့ ဒီအခုအမည်းစက်ကြီးကြောင့်တန်ဖိုးတွေတက်လာလိမ့်မယ်သို့မဟုတ်ကျဆင်းသွားလိမ့်ဆိုတာ အိမ်ခြံမြေပွဲစားတွေရဲ့ဆွဲဆောင်နိုင်မှုပေါ်မူတည်သလိုဒါမျိုးကိုမှရူးသွပ်စွာဝယ်ယူချင်များလည်းရှိကောင်းရှိလာနိုင်ကြောင်းပါ၊

အကြမ်းဖက်တိုက်ခိုက်သူများကပြောတဲ့မုန်တိုင်း၏အစသို့မဟုတ် Ba-Ta-Clan ရဲ့အဆုံးနိဂုံးဟုတ်မဟုတ်ကတော့စောင့်ကြည့်ရပါဦးမည်။



မောင်ရင်ငတေ၁၄၁၁၂၀၁၅

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>