ခေတ်ပြတိုက်စာအုပ်တိုက်မှ ထုတ်ဝေသော ဆရာအောင်ဒင်၏ "နွေတညနှင့်တူသောညများ"စာအုပ်မိတ်ဆက်ပွဲသို့ ပူးတွဲပါ အစီအစဉ်အတိုင်း တက်ရောက်ချီးမြှင့်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
"နွေတညနှင့်တူသောညများ"စာအုပ်သည် ဆရာအောင်ဒင် (ဗကသ ဒု-ဥက္ကဌ-၂) ၏ ၁၉၈၈ နိုင်ငံရေးလှုပ်ရှားမှုများ၊ ရေကြည်အိုင် စစ်ကြောရေးစခန်း၊ အင်းစိန်ထောင်တွင်း ဖြတ်သန်းမှုများကို မှတ်တမ်းတင်ထားသည့် ကိုယ်တွေ့မှတ်တမ်း၊ တနည်းအားဖြင့် မြန်မာ့နိုင်ငံရေး အချိုးအကွေ့ သမိုင်း တစိတ်တပိုင်းကို ကမ္ဘာနိုင်ငံရေး အခြေအနေများနှင့် နှိုင်းယှဉ် ရေးသားထားသောစာအုပ်ဖြစ်ပါသည်။

ခေတ်ပြတိုက်စာပေ
နေ့ရက် - ၁၆-၁၁-၂၀၁၅ (တနင်္လာနေ့)
အချိန် - နံနက် (၁၀) နာရီ
နေရာ - Orchid Hotel (Dinning Hall)
အနော်ရထာလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းထောင့်