Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

သွန်းခ - တန်ဆောင်မုန်းလပြည့်ည မြန်မာ့ရိုးရာလက်ဝှေ့ပွဲ စာနယ်ဇင်းရှင်းလင်း

$
0
0
 
သွန်းခ - တန်ဆောင်မုန်းလပြည့်ည မြန်မာ့ရိုးရာလက်ဝှေ့ပွဲ စာနယ်ဇင်းရှင်းလင်း
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၅

ပုဂံဒေသတွင် ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်မည့် မြန်မာ့ရိုးရာလက်ဝှေ့ပွဲနှင့်ပတ်သက်၍ အများပြည်သူ သိရှိနိုင်စေရေး စာနယ်ဇင်းရှင်းလင်းပွဲကို နိုဝင်ဘာ ၁၆ ညနေ၆နာရီတွင် ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်း၊ စင်ထ ရယ်ဟိုတယ်မှာ ကျင်းပလုပ်ခဲ့သည်။

လာမည့် တန်ဆောင်မုန်းလပြည့်နေ့၌ ပုဂံမြို့ရွှေစည်းခုံဘုရားပွဲ၊ လူအစည်ကားဆုံးအချိန်မှာ ကျင်းပရန် စီစဉ်ထားကြောင်း၊ သက်ဆိုင်ရာတို့ထံမှ ခွင့်ပြုချက်များလည်း ရယူထားပြီးဖြစ်ကြောင်း သိရသည်။  မြန်မာ့ရိုးရာလက်ဝှေ့ပွဲများကို ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတို့တွင်သာ အများဆုံး ကျင်းပနိုင်ခဲ့ရာမှ ပုဂံဒေသတွင် အခက်အခဲများကြားက စီစဉ်ခဲ့ကြောင်း၊ ကူညီပံ့ပိုးပေးသည့် ကမ္ဘောဇလေကြောင်းလိုင်းနှင့် မြန်မာမီဒီယာအုပ်စုမှ မန်နေဂျင်းဒါရိုက်တာ ဦးဝဏ္ဏအား ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားသည်။

ယခင်ရိုးရာလက်ဝှေ့ပွဲများနှင့်ကွာခြားသည်မှာ မျိုးဆက်သစ်လူငယ် လက်ဝှေ့ပွဲနှင့် စိန်ခေါ်ပွဲကို ရောနှောစီစဉ်ထားသည်ဟု ဆိုသည်။ မျိုးဆက်သစ်လက်ဝှေ့ပွဲ ၃ ချီပွဲ၊ ၄ ချီပွဲများ သာမက ယခုပွဲတွင် ၅ ချီ ပွဲများ ထည့်သွင်းကြောင်း၊ ၃ချီ အထူး သရုပ်ပြပွဲတွင် မြန်မာပြည်ချန်ပီယံဟောင်း ရွှေဝါထွန်း (ရွှေသောင်းရင်း)နှင့် လုံးချော (သတ္တိ) တို့ အထူးသရုပ်ပြမည်ဟု သိရသည်။

ပွဲ တိုက်ရိုက်မကြည့်နိုင်သူများအတွက် စကိုင်းနက်မှ နောက်တစ်နေ့ ထုတ်လွှင့်ပြသသွားမည်ဟု ရှင်းလင်းတင်ပြသွားခဲ့သည်။

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>