Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

မောင်မောင်စိုး - အလံရှူး တသိုက်နှင့် ဆက်မိုက်ကြဦးမှာလား

$
0
0

မောင်မောင်စိုး - အလံရှူးတသိုက်နှင့်ဆက်မိုက်ကြဦးမှာလား
(မိုးမခ) နိုဝင်ဘာ ၁၉ ၊ ၂၀၁၅

အလံရှူး

ပွဲတပွဲဖြစ်မြောက်အောင်ကြံစည်ကြရာဝယ်ကိုယ်လူသူ့ဘက်သားလုပ်၍ပွဲစည်အောင်လုပ်ပေးသူများကိုအလံရှူးဟု ခေါ်ပါသည်။

ညောင်နှစ်ပင်

၁၉၉၃လောက်ကမြစ်ဝကျွန်းပေါ်ဒေသနယ်မြို့လေးတမြို့သို့ရှိနေအိမ်တတအိမ်သို့ထိုစဉ်ကတန်ခိုးထွားနေသောစစ်ထောက်လှမ်းမှရောက်ရှိလာရာအိမ်သားများအထိတ်တလန့်ဖြစ်ကြရသည်။စစ်ထောက်လှမ်းရာက၎င်းအိမ်မှသားဖြစ်သူအား အိပ်ယာလိပ်ယူ၍လိုက်ခဲ့ရန်လာခေါ်သည်။အကျိုးအကြောင်းမသိရ။အထက်အမိန့်အရဟုဆိုသည်။အခေါ်ခံရသည့်လူငယ်မှာဘွဲ့ရလူငယ်တစ်ဦးဖြစ်သော်လည်းမိဘလယ်ငုတ်လယ်ယာလုပ်ငန်းအားဆက်လက်လုပ်ကိုင်ပြီးစပါးအရောင်းအဝယ် လုပ်နေသောလူငယ်ဖြစ်သည်။ဤသို့ဖြင့်ထိုလူငယ်လည်းထောက်လှမ်းရေးခေါ်ဆောင်ရာသို့လိုက်ပါခဲ့ရသည်။စပါးရောင်းဝယ်မှုနှင့်ညိ၍လောအဘယ်အမှုနှင့်ညှိ၍လောသို့လောသို့လောနှင့်စစ်ထောက်လှမ်းရေးခေါ်ဆောင်ရာ ပါလာသောလူငယ်သည်ပုသိမ်ရောက်မှညောင်နှစ်ပင်အမျိုးသားညီလာခံတွင်တောင်သူလယ်သမားကိုယ်စားလည်အဖြစ်တက်ရောက်ရန်ရွေးချယ်ထားခြင်းဖြစ်၍ခေါ်ဆောင်ခြင်းဖြစ်ကြောင်းအံ့သြစွာသိလိုက်ရသည်။

၁၉၉၃တွင်စတင်ခဲ့သောအမျိုးသားညီလာခံဟုဆိုသည့်ညောင်နှစ်ပင်ညီလာခံသည်။၁၉၉၀ရွေးကောက်ပွဲရလဒ်ကိုဆန့်ကျင်မှုပြုရာမှပေါ်လာခြင်းဖြစ်သည်။လွှတ်တော်ခေါ်ပေးရမည့်အစားလူတန်းစားလူ့အလွှာအသီးသီးအဖွဲ့စည်းအသီးသီး၏သဘောထားအမြင်များကိုရယူရမည်ဟူသောအကြောင်းပြချက်ဖြင့်အလုပ်သမားလယ်သမားတိုင်းရင်းသားရုပ်ရှင်သဘင်စီးပွါးရေးသမားစသည့်မိမိစိတ်ကြိုက်ကိုယ်စားလည်များကိုရွေးချယ်ပြီးထိုလူအများစုကြီး၏သဘောထားကိုရယူပါသည်ဟူသောလေသံပစ်၍ညောင်နှစ်ပင်ညီလာခံကြီးကိုကျင်းပခဲ့ပြီး၂၀၀၈အခြေခံဥပဒေဆိုသည်ကိုအတည်ပြုရေးဆွဲခဲ့သည်။

ရွေးကောက်ပွဲရွေးကောက်တင်မြှောက်လိုက်သောအမတ်များပစ်ပယ်၍ဤသို့လုပ်ဆောင်ခြင်းသည်လူထုအများစု၏သဘောထားကိုပစ်ပယ်လိုက်ခြင်းလည်းဖြစ်သည်။မိမိ၏အလံရှူးတသိုက်နှင့်အတည်ပြုလိုက်၍ယနေ့အထိတိုင်းပြည်ပြသနာသည်ပြေလည်မှုမရခဲ့ပေ။ယနေ့တိုင်မြန်မာပြည်နိုင်ငံရေးမငြိမ်မသက်ဖြစ်ပြီးဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေဆိုင်ရာအကြပ်အတည်းတွေ့နေရခြင်းသည်လူထုဆန္ဒမပါဘဲအလံရှူးတသိုက်နှင့်မိမိသဘောအတိုင်းလုပ်ခဲ့ကြ၍ဖြစ်သည်။

အကူးအပြောင်းကာလအလံရှူး

လက်ရှိအချိန်တွင်အာဏာရပြည်ခိုင်ဖြိုးပါတီရွေးကောက်ပွဲတွင်ခွက်ခွက်လန်ရှုံးနိမ့်ပြီးနောက်အစိုးရသစ်အားအာဏာလွှဲပြောင်းပေးရမည့်အချိန်တွင်လည်းညောင်နှစ်ပင်ကကွက်ပြန်ပွဲထုတ်လာသည်ကိုတွေ့ရသည်။သို့သော်ပုံစံတော့အနည်းငယ်ကွာသည်။

၁၉၉၀တုန်းကတော့ရွေးကောက်ပွဲဝင်၍အမတ်အရွေးမခံရသည့်ပါတီများကိုဖျက်သိမ်းသည်။ညောင်နှစ်ပင်အတွက်ကိုယ်စားလည်များကိုအလွှာအသီးသီကဆိုပြီးစိတ်ကြိုက်ရွေးချယ်ခဲ့သည်။ယခု၂၀၁၀မှာပါတီများကိုဖေါဖေါသီသီဖွဲ့ခွင့်ပေးသည်။အမတ်တနေရာမှအရွေးမခံလည်းရပ်တည်ခွင့်ပေးထားသည်။ဤသို့ဖြင့်နှစ်ယောက်တပိုင်းပါတီများအလံရှူးပါတီများများစွာထွက်လာခဲ့သည်။သုံးစရာပေါ်လျင်နိုင်ငံရေးပါတီအများကိုညှိနှိုင်းတိုင်ပင်သည်ဟုဆိုသည်နိုင်ငံရေးပါတီအများ၏သဘောထားကိုအလေးထားရမည်ဟုဆိုကြသည်။

နိုင်ငံရေးအင်အားစုများ၏သဘောထားကိုလေးစားခြင်းညှိနှိုင်းခြင်းသည်ကောင်းမွန်သည်။သို့သော်နိုင်ငံရေးအင်အားစုအားလုံးပါဝင်ဖို့လိုသည်ဟူသောခေါင်းစည်းအောက်တွင်နှစ်ယောက်တပိုင်းနှင့်ဖွဲ့စည်းထားသောအလံရှူးပါတီများနှင့်ပွဲဆူအောင်လုပ်ခြင်းသည်လက်ခံနိုင်ဖွယ်ရာမရှိပေ။အဘယ်ကြောင့်ဆိုသော်ထိုနှစ်ယောက်တပိုင်းပါတီများကိုလူထုလက်ခံခြင်းမရှိကြောင်းလူထုကိုကိုယ်စားပြုခြင်းမရှိကြောင်း
ရွေးကောက်ပွဲရလဒ်ကသက်သေပြခဲ့ပြီဖြစ်သည်။ထိုနှစ်ယောက်တပိုင်းပါတီအများစုသည်အမတ်တနေရာမှအရွေးချယ်မခံရသည့်အပြင်သိက္ခာရှိသည့်မဲအရေအတွက်ပင်ရကြသူများမဟုတ်ပေ။

၂၀၁၅ရွေးကောက်ပွဲတွင်အမျိုးသားလွှတ်တော်နှင့်ပြည်သူလွှတ်တော်တွင်အရွေးချယ်ခံရသည့်ပါတီ၁၂ပါတီသာရှိသည်။ NLD နှင့်ပြည်ခိုင်ဖြိုးမှအပကျန်၁၀ပါတီသည်သက်ဆိုင်ရာပြည်နယ်အလိုက်တိုင်းရင်းသားပါတီများဖြစ်ကြသည်။ရွေးကောက်ပွဲ၏ရလဒ်အရလူထုအများစုကမည့်သည့်ပါတီကိုထောက်ခံသည်လူထုကိုကိုယ်စားပြုသည်ကိုရှင်းလင်းစွာမြင်နိုင်သည်ဖြစ်သည်။ ထို့ပြင်ရွေးကောက်ပွဲတွင်ရှုံးနိမ့်သည်ဆိုရာတွင်လည်းလူထုကထောက်ခံမှု အတော်အတန်သင့် ရှိသည်ဆိုကသိက္ခာရှိသည့်မဲအရေအတွက်တော့ရကြသည်ဖြစ်သည်။သို့သော်နှစ်ယောက်တပိုင်းအလံရှူးပါတီများကားသိက္ခာရှိသည့်မဲအရေအတွက်မရကြ။ရှက်စရာကောင်းသည့်ရယ်စရာကောင်းသည့်မဲအရေအတွက်သာရကြသူများဖြစ်ပေသည်။

သို့ဖြစ်ရာနိုင်ငံအကူးအပြောင်းတွင်လူထုအများစုကိုကိုယ်စားပြုသူများအားအလေးမထားဘဲညောင်နှစ်ပင်တုန်းကလိုအလံရှူးတသိုက်နှင့်ဆက်စခန်းသွားပါကမြန်မာနိုင်ငံရေးအကြပ်တည်းပြေလည်မည်မဟုတ်ပေ။မြန်မာပြည်နိုင်ငံရေးအကြပ်အတည်းကိုအမှန်တကယ်ပြေလည်စေချင်ပြီးတိုင်းပြည်ကိုရှေ့တန်းရောက်စေလိုလျင်လူထုအများစုကိုယ်စားပြုသူများအားမျက်မှောက်ပြုဆွေးနွေးညှိနှိုင်းရန်လိုအပ်ပေသည်။

ဤသို့ဆို၍အနဲစုသဘောထားကိုပစ်ပယ်ဘို့ဆိုလိုသည်မဟုတ်ပေ။အနဲစုသဘောထားကိုလေးစားရန်လိုအပ်သည်ဆိုသော်လည်းတန်းတူဖြစ်လိမ့်မည်မဟုတ်ပေ။ရှင်းလင်းစွာပြောရလျင်လူ၁၀၀လျင်၉၉ယောက်အားကိုယ်စားပြုသောပါတီကလည်းကိုယ်စားလည်တနေရာလူ၁၀၀ လျင်ယောက်သာ ကိုယ်စားပြုသောပါတီကလည်းကိုယ်စားလည်တနေရာပေးသောအစည်းအဝေးမျိုးသည်တရားမျှတမှုလုံးဝမရှိချေ။ လူအများစုကိုလစ်လျူရှုသောအများစုသဘောထားဆိုသည်ကိုဟန်ပြပြုလုပ်သောအယောင်ဆောင်အစည်းအဝေးမျိုးဖြစ်ပေလိမ့်မည်။လူ၉၉ယောက်အားကိုယ်စားပြုသူအားလည်းကိုယ်စားပြုတနေရာလူ၁ယောက်အားကိုယ်စားပြုတနေရာပေးသည်ဆိုသည်မတရားမှုကိုဖေါ်ပြခြင်းသာဖြစ်သည်။

၂၀၀၈ခြေဥကိုပင်ဆန်ကျင်သောအလံရှူးများ

၂၀၁၅နိုဝင်ဘာ၁၅ရက်နေ့ကသမတနှင့် နိုင်ငံရေးပါတီ၈၆ပါတီတွေ့ဆုံပွဲတွင်လူထုထောက်ခံရွေးချယ်မှု မရှိသောဂုဏ်သိက္ခာမဲပင် မရသောနှစ်ယောက်တပိုင်းအလံရှူးပါတီအချို့သည်လူထုက၉၀ရာခိုင်နှုံးကျော် အတည်ပြုထားသည်ဟုနိုင်ငံတော်ခေါင်းဆောင်ဆိုသူများကတဖွဖွပြောနေသော၂၀၀၈ခြေဥကိုပင်ပြောင်ပြောင်တင်းတင်းဆန်ကျင်သည်ကိုတွေ့ရသည်။

၂၀၁၅ရွေးကောက်ပွဲရလဒ်အရအနိုင်ရပါတီအား၂၀၀၈အခြေခံဥပဒေနှင့်အညီအစိုးရအာဏာလွှဲပြောင်းပေးရမည့်အချိန်တွင်အာဏာသိမ်းရန်သဘောသက်ရောက်သည့်အပြောအဆိုမျိုးပြောဆိုခြင်းလက်ရှိရွေးကောက်ပွဲတွင်ပြည်သူလူထုလက်မခံ၍ခွက်ခွက်လန်ရှုံးနိမ့်သွားသောအာဏာရပါတီဥက္ကဌအားဆက်လက်၍အစိုးရအဖွဲ့အားဦးဆောင်ရန်ပြောဆိုခြင်းများသည်လက်ရှိအခြေခံဥပဒေနှင့်ဖြောင့်ဖြောင့်ချည်းဆန့်ကျင်နေပေသည်။သို့သော်တာဝန်ရှိသူများကထိုသို့ပြောဆိုမှုများအားတားဆီးခြင်းဟန့်တားခြင်းပစ်တင်ခြင်းမပြုသည်မှာအံ့သြသင့်စရာဟုဆိုရပေမည်။

ဤသို့လူအများစု၏ထောက်ခံမှုမရှိသောအလံရှူးအချို့အားပွဲထုတ်ခြင်းသည်ပြသနာအားပြေလည်စေခြင်းမရှိသည့်ပြင်လူအများစု၏အမြင်နှင့်လုံးဝဆန့်ကျင်နေသဖြင့်အပြုသဘောဆောင်သည့်ဘက်ကိုရောက်စေလိမ့်မည်မဟုတ်ပေ။

MPC နှင့်အလံရှူး

လက်ရှိတွင် UPWC နှင့် MPC တို့သည်လည်း NCA လက်မှတ်ထိုးထားသည့်အဖွဲ့များကိုအခြေခံပြီးနိုင်ငံရေးမူဘောင် ဆွေးနွေးပွဲဆိုသည်ကိုကျင်းပရန်ပြင်ဆင်နေကြပေသည်။တိုင်းရင်းသားလကနက်ကိုင်တပ်ဖွဲ့အင်အား၈၀ % အားကိုယ်စားပြုသောတိုင်းရင်းသားအဖွဲ့များ NCA လက်မှတ်ထိုးခြင်းနိုင်ငံရေးဆွေးနွေးပွဲတွင်ပါဝင်ခြင်းမရှိသော်လည်းဆွေးနွေးကြမည်ဟုဆိုသည်။

ထိုသို့ဆွေးနွေးရာတွင်အစိုးရဖက်မှ၁၆ယောက်တိုင်းရင်းသားအဖွဲ့များဖက်မှ၁၆ယောက်နိုင်ငံရေးပါတီများမှ၁၆ယောက်ထည့်သွင်းမည်ဟုဆိုသည်။ရွေးကော်တွင်မှတ်ပုံတင်ထားသည့်ပါတီ၉၀ကျော်ရှိနေရာနိုင်ငံရေးပါတီကိုယ်စားလည်ရွေးရန်ခက်နေသည်ဟု MPC ဆရာများကဆိုသည်။

တကယ်တမ်း၂၀၁၅ရွေးကောက်ပွဲရလဒ်အရအမျိုးသားလွှတ်တော်နှင့်ပြည်သူ့လွှတ်တော်တွင် NLD နှင့်ကြံ့ခိုင်ရေးပါတီနှင့်တိုင်းရင်းသား၁၀ပါတီရှိပြီးတိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်တွင် NLD နှင့်ကြံ့ခိုင်ရေးပါတီအပြင် ပြည်နယ်အလိုက်တိုင်းရင်းသားပါတီ၁၉ပါတီနှင့် ဒီမိုကရက်တစ်ပါတီတစ်ပါတီပေါင်း၂၂ပါတီသာရှိသည်။ကိုယ်စားပြုမှုနှင့်လူထုထောက်ခံမှုကိုဦးစားပေးကြည့်ရန်သာလို
သည်။ လူထုထောက်ခံမှုမရှိသောပါတီများကိုထည့်သွင်းစဉ်းစားရန်မလိုပေ။

အပစ်ရပ်ရေးငြိမ်းချမ်းလက်တွေ့ပြသနာကိုဖြေရှင်းရာတွင်  ထိုလက်နက်ကိုင်အင်အားစုများကိုကိုယ်စားပြုသူများပါရန် လိုအပ်သကဲ့သို့မြန်မာနိုင်ငံရေးပါတီများထဲမှလည်းလူထုကို တကယ်ကိုယ်စားပြုနီိုင်သူများလည်းပါသည်။ရွေးကောက်ပွဲရလဒ်သည်လူထုဆန္ဒသဘောထားကိုပြတ်ပြတ်သားသားဖေါ်ပြထား
သည်။

အနောက်တိုင်းမှအတွေ့အကြုံများစွာရခဲ့ပြီးအနောက်တိုင်းမှပညာများစွာသင်ခဲ့ကြသည်ဆိုသော MPC မှဆရာကြီးများကညောင်နှစ်ပင်ဆရာများ၏နည်းနာအတိုင်းအလံရှူးများနှင့်အလုပ် လုပ်ဖို့ထည့်သွင်းစဉ်းစားနေသည်မှာလွန်စွာစိတ်ပျက်ဖွယ်ကောင်းလေစွဟုဆိုရပေမည်။

နိဂုံး

လက်ရှိအစိုးရအာဏာလွှဲပြောင်းရေးအကူးအပြောင်းကာလနှင့်ပတ်သက်၍ဖြစ်စေတိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့်ငြိမ်းချမ်းရေးနိုင်ငံရေးပြသနာများကိုဆွေးနွေးဖြေရှင်းရာတွင်အဓိကကျသောအင်အားများပါဝင်ဖို့လိုသည်။ထိုအင်အားစုများ၏ကိုယ်စားလည်များပါဖို့လိုသည်။လူထုအများစုကိုကိုယ်စားပြုနိုင်သူများလူထုအများစုကထောက်ခံသူများပါဖို့လိုသည်။

ထိုသူတို့၏အခန်းကဏ္ဏကိုအသိအမှတ်ပြုရန်လိုသည်။သို့မှသာပြသနာကိုတကယ်တမ်းဖြေရှင်းနိုင်လိမ့်မည်။လူထုကိုကိုယ်စားပြုခြင်းမရှိသည့်မိမိအကြိုက်မိမိလိုရာတဖက်သတ်လိုက်ပြောပေးမည့်အလံရှူးတသိုက်နှင့်ပြသနာကိုဖြေရှင်းမရနိုင်ပေ။

မြန်မာ့နိုင်ငံရေးပြသနာအကူးအပြောင်းပြသနာအာဏာလွှဲပြောင်းရေးပြသနာတိုင်းရင်းသားပြသနာငြိမ်းချမ်းရေးပြသနာစသည်စသည်တို့ကိုဖြေရှင်းရာတွင်အင်အားစုအသီးသီး၏လူထုအများစု၏ကိုယ်စားပြုသူများပါဝင်ဖြေရှင်းဖို့လိုသည်။

လူထုကိုယ်စားပြုသူများမပါဘဲညောင်နှစ်ပင်ကဲ့သို့အလံရှူးတသိုက်နှင့်ကိုယ်လိုချင်သည့်ပုံအတိုင်းသာဖြေရှင်းပါကယနေ့ကဲ့သို့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအကြပ်အတည်းဆိုက်နေပြီးတိုင်းပြည်နလံထူလိမ့်မည်မဟုတ်ပေ။အဆင်းရဲဆုံးတိုင်းပြည်လူတဦးချင်းဝင်ငွေနိမ့်ပါးသည့်တိုင်းပြည် ကျန်းမာရေးစောင့်ရှောက်မှုကမ္ဘာမှာအဆင့်၁၉၀နှင့်နောက်ဆုံးတန်းကတိုင်းပြည်စသည့်စသည့်စိတ်ပျက်ဘွယ်ရာအမှတ်တံဆိပ်များနှင့်ပြည့်နှက်နေပေလိမ့်မည်။

လက်ရှိအခြေအနေတွင်မြန်မာပြည်ပြသနာဖြေရှင်းရန်အတွက်မြန်မာစစ်ဖက်ခေါင်းဆောင်များနှင့်ညှိနှိုင်းရန်လိုအပ်သည်ဟုတဖက်ကအသိမှတ်ပြုသလိုတဖက်ကလည်းလူထုအားအမှန်တကယ်ကိုယ်စားပြုသူများအင်အားစုများ ကိုမှန်မှန်ကန်ကန်အသိအမှတ်ပြုပြီးတွေ့ဆုံညှိနှိုင်းအလုပ်လုပ်ရန်လိုအပ်ပေသည်။အပြန်လေးစားမှုရှိရန်အပြန်အလှန်အသိအမှတ်ပြုရန်လိုသည်။


ထိုသို့မဟုတ်ဘဲအလံရှူးတသိုက်နှင့်အလုပ်လုပ်နေပါကတိုင်းပြည်ကောင်းဖို့မဖြစ်နိုင်။မြန်မာနိုင်ငံရေးပြသနာမဖြေရှင်းပေ။သို့ဖြစ်ရာအလံရှူးတသိုက်နှင့်ဆက်မိုက်ဖို့ကြိုးစားသည်များကိုလည်းပြတ်ပြတ်သားသားဆန့်ကျင်ကြဖို့လိုပေသည်။

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>