ရန်လင်းအောင် - ပြောဇာတ် ( ၈ )
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၅
ခုတလောမဟာကဏှဇာတ်ကို
မကြာမကြာသတိရမိနေရဲ့
ဗာရာဏသီဥသီနကမင်းလက်ထက်တုန်းကပေါ့
ရဟန်းတွေကလည်းအကျင့်ပျက်
မင်းမှုထမ်းပုဏ္ဏားတွေလည်းဖောက်ပြန်
လူတွေကလည်းလော်လီ
သြော် . . . ပျော်စရာအတည်ရယ်လို့မရှိ
ငရဲပြည်မှာစည်ကားပြီး
နတ်ပြည်မှာတောင်
ဘုံပျောက်လုခမန်းဆိတ်သုဉ်းခဲ့ရပါသတဲ့၊
ရဟန်းတွေကလည်းအကျင့်ပျက်
မင်းမှုထမ်းပုဏ္ဏားတွေလည်းဖောက်ပြန်
လူတွေကလည်းလော်လီ
သြော် . . . ပျော်စရာအတည်ရယ်လို့မရှိ
ငရဲပြည်မှာစည်ကားပြီး
နတ်ပြည်မှာတောင်
ဘုံပျောက်လုခမန်းဆိတ်သုဉ်းခဲ့ရပါသတဲ့၊
ဒါနဲ့
မဖြစ်ချေဘူးဆိုပြီး
“ လောကကြီးပျက်တော့မယ်”
“ လောကကြီးပျက်တော့မယ်”
“ လောကကြီးပျက်တော့မယ်” အော်လို့ဟစ်လို့
ဘိုးသိကြားကမုဆိုးကြီးလို
မာတလိကခွေးနက်ကြီးလိုဖန်ဆင်း
လူ့ပြည်ကိုချက်ချင်းဆင်းချလာပါပေါ့၊
မဖြစ်ချေဘူးဆိုပြီး
“ လောကကြီးပျက်တော့မယ်”
“ လောကကြီးပျက်တော့မယ်”
“ လောကကြီးပျက်တော့မယ်” အော်လို့ဟစ်လို့
ဘိုးသိကြားကမုဆိုးကြီးလို
မာတလိကခွေးနက်ကြီးလိုဖန်ဆင်း
လူ့ပြည်ကိုချက်ချင်းဆင်းချလာပါပေါ့၊
ဒီတော့မှ
ခွေးနက်ကြီးကိုမြင်ပြီး
ကြောက်လွန်းလန့်လွန်းလို့
တနိုင်ငံလုံးနန်းရင်ပြင်ထဲဝရုန်းသုန်းကား
ပြေးကြပုန်းကြနဲ့
ဥသီနကဘုရင်ကြီးတောင်အကြောက်လွန်လို့
ပြဿ ဒ်ပေါ်တက်ပြေးသွားပါသတဲ့။
ခွေးနက်ကြီးကိုမြင်ပြီး
ကြောက်လွန်းလန့်လွန်းလို့
တနိုင်ငံလုံးနန်းရင်ပြင်ထဲဝရုန်းသုန်းကား
ပြေးကြပုန်းကြနဲ့
ဥသီနကဘုရင်ကြီးတောင်အကြောက်လွန်လို့
ပြဿ ဒ်ပေါ်တက်ပြေးသွားပါသတဲ့။
“ ဒီခွေးနက်ကြီးနန်းတွင်းထဲဘယ့်နှယ်
တွင်တွင်ထိုးဟောင်နေရသလဲမုဆိုးကြီးရဲ့”
ကြောက်ကြောက်နဲ့ဘုရင်ခမျာမေးလာတော့မှ
“ ရန်သူ့အသားစားချင်လို့
အကျင့်ပျက်မှန်ရင်ဒီခွေးနက်ကြီးရဲ့ရန်သူပဲ”
ပြောပြောဆိုဆိုမုဆိုးတဖြစ်လဲ
ဘိုးသိကြားကကိုယ်ထင်ပြ
ဘုရင်နဲ့အတူအားလုံးကိုတရားပြတဲ့
တရားရစေတဲ့မဟာကဏှဇာတ်
ခုတလောမကြာမကြာသတိရမိပါရဲ့၊
တွင်တွင်ထိုးဟောင်နေရသလဲမုဆိုးကြီးရဲ့”
ကြောက်ကြောက်နဲ့ဘုရင်ခမျာမေးလာတော့မှ
“ ရန်သူ့အသားစားချင်လို့
အကျင့်ပျက်မှန်ရင်ဒီခွေးနက်ကြီးရဲ့ရန်သူပဲ”
ပြောပြောဆိုဆိုမုဆိုးတဖြစ်လဲ
ဘိုးသိကြားကကိုယ်ထင်ပြ
ဘုရင်နဲ့အတူအားလုံးကိုတရားပြတဲ့
တရားရစေတဲ့မဟာကဏှဇာတ်
ခုတလောမကြာမကြာသတိရမိပါရဲ့၊
ကမ္ဘာလောကကြီးသာယာဖို့
လောကကြီးကိုအလှပြန်ဆင်နိုင်ဖို့
မုဆိုးကြီးလို၊ခွေးနက်ကြီးလို
ဘိုးသိကြားရဲ့ပါဖောမ်မန့်နဲ့
မာတလိရဲ့ပါဖောမ်မန့်နဲ့
ညစ်ပွဲတွေစစ်ပွဲတွေရပ်တန့်စေဖို့
မုဆိုးကြီးရေ . . . လာပါတော့
ခွေးနက်ကြီးရေ . . . လာပါတော့ . . . ။။
လောကကြီးကိုအလှပြန်ဆင်နိုင်ဖို့
မုဆိုးကြီးလို၊ခွေးနက်ကြီးလို
ဘိုးသိကြားရဲ့ပါဖောမ်မန့်နဲ့
မာတလိရဲ့ပါဖောမ်မန့်နဲ့
ညစ်ပွဲတွေစစ်ပွဲတွေရပ်တန့်စေဖို့
မုဆိုးကြီးရေ . . . လာပါတော့
ခွေးနက်ကြီးရေ . . . လာပါတော့ . . . ။။
ငါးရာ့ငါးဆယ်ဇာတ်တော်၊ ဒွါဒသကနိပါတ်၊ မဟာကဏှဇာတ်တော်ကိုမှီးပါသည်။