လင်းသက်ငြိမ် - လက်သန်းများရဲ့ နောက်ဆက်တွဲ
(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၅
လက်စွပ်မဝတ်ရပဲ
လက်သည်းနီမဆိုးရပဲ
အပြာရောင်မှင်နဲ့ လက်သန်းတွေလှသွားတယ်
လက်သန်းတွေ နာမည်ကြီးသွားတယ်
လက်သန်းတွေ အောင်မြင်သွားတယ်
လက်သန်းတွေ ကမ္ဘာကျော်သွားတယ်
လက်သန်းဟာ သမိုင်းအသစ်ပေါ့
လက်သန်းဟာ စနစ်အသစ်ပေါ့
လက်သန်းတွေဟာ မှင်ပြာလေးနဲ့ရာဇဝင်တွင်ခဲ့ပေါ့
လက်သန်းရဲ့ မနက်ဖြန်ဟာ
မျှော်လင့်ခြင်းအရောင်တလက်လက်နဲ့
လက်သန်းတွေဟာ မိစ္ဆာတွေကိုနှင်နိုင်ခဲ့တယ်ပေါ့
ဂျာနယ်တွေထဲက လက်သန်းများ
facebookပေါ်မှာ လက်သန်းများ
မဂ္ဂဇင်းတွေ၊ တီဗွီချယ်နယ်တွေ
လက်သန်းတွေ၊ လက်သန်းတွေ
ထိပ်ဖျားမှာ မှင်ပြာပြာလေးနဲ့လက်သန်းတွေ
နိုဝင်ဘာဟာ လက်သန်းများရဲ့လပဲ
၂၀၁၅ ဟာ လက်သန်းများရဲ့နှစ်ပဲ
တနင်္ဂနွေ ၈ ရက်နေ့ဟာ လက်သန်းများရဲ့နေ့ပဲ
အရိပ်ဆိုးကြီးကို ခုတ်ချိုင်ပစ်ခဲ့တဲ့လက်သန်းတွေ
အာဏာရှင်ယန္တရားကို ချိုးဖျက်ပစ်လိုက်တဲ့ လက်သန်းတွေ
လူ့အခွင့်အရေးကို အပီအပြင်ရရှိလိုက်တဲ့ လက်သန်းတွေ...
အဲ့ဒီနောက်.....
လက်သန်းတချို့ အောင်မြင်မှုဒဏ်မှာ
ခြေလှမ်းတွေယိုင်နဲ့လာကြတယ်
လက်သန်းတချို့ ငါ့စကားနွားရဖြစ်လာတယ်
လက်သန်းတချို့ ဘဝင်မြင့်လာတယ်
ငါလုပ်ခဲ့တဲ့အပြောင်းအလဲ
ငါပြောင်မြောက်ခဲ့တဲ့တော်လှန်ရေး
လက်သန်းတချို့သူ့အမှန်တရားနဲ့သူ ခေါင်းထောင်ကြ
လက်သန်းတချို့သူ့ဝါသနာနဲ့သူ မှိုင်းမိကြ
လက်သန်းဟာ လက်သန်းလေးပြာဖို့
လက်သန်းရဲ့တန်ဖိုးကို ဘယ်သူမြှင့်ပေးခဲ့တယ်ဆိုတာ
လက်သန်းတချို့သတိမေ့သွားကြတော့
လက်သန်းတချို့စကားကြီးစကားကျယ်ပြောကြ
လက်သန်းတချို့စောင့်ကြည့်ရေးအဖွဲ့ဖွဲ့ကြ
လက်သန်းတွေ လက်သန်းတွေ
လက်သန်းဟာ လက်သန်းလိုနေဖို့
ပြန်လိုအပ်နေပြီ လက်သန်းတွေ။
လင်းသက်ငြိမ်
(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၅
လက်စွပ်မဝတ်ရပဲ
လက်သည်းနီမဆိုးရပဲ
အပြာရောင်မှင်နဲ့ လက်သန်းတွေလှသွားတယ်
လက်သန်းတွေ နာမည်ကြီးသွားတယ်
လက်သန်းတွေ အောင်မြင်သွားတယ်
လက်သန်းတွေ ကမ္ဘာကျော်သွားတယ်
လက်သန်းဟာ သမိုင်းအသစ်ပေါ့
လက်သန်းဟာ စနစ်အသစ်ပေါ့
လက်သန်းတွေဟာ မှင်ပြာလေးနဲ့ရာဇဝင်တွင်ခဲ့ပေါ့
လက်သန်းရဲ့ မနက်ဖြန်ဟာ
မျှော်လင့်ခြင်းအရောင်တလက်လက်နဲ့
လက်သန်းတွေဟာ မိစ္ဆာတွေကိုနှင်နိုင်ခဲ့တယ်ပေါ့
ဂျာနယ်တွေထဲက လက်သန်းများ
facebookပေါ်မှာ လက်သန်းများ
မဂ္ဂဇင်းတွေ၊ တီဗွီချယ်နယ်တွေ
လက်သန်းတွေ၊ လက်သန်းတွေ
ထိပ်ဖျားမှာ မှင်ပြာပြာလေးနဲ့လက်သန်းတွေ
နိုဝင်ဘာဟာ လက်သန်းများရဲ့လပဲ
၂၀၁၅ ဟာ လက်သန်းများရဲ့နှစ်ပဲ
တနင်္ဂနွေ ၈ ရက်နေ့ဟာ လက်သန်းများရဲ့နေ့ပဲ
အရိပ်ဆိုးကြီးကို ခုတ်ချိုင်ပစ်ခဲ့တဲ့လက်သန်းတွေ
အာဏာရှင်ယန္တရားကို ချိုးဖျက်ပစ်လိုက်တဲ့ လက်သန်းတွေ
လူ့အခွင့်အရေးကို အပီအပြင်ရရှိလိုက်တဲ့ လက်သန်းတွေ...
အဲ့ဒီနောက်.....
လက်သန်းတချို့ အောင်မြင်မှုဒဏ်မှာ
ခြေလှမ်းတွေယိုင်နဲ့လာကြတယ်
လက်သန်းတချို့ ငါ့စကားနွားရဖြစ်လာတယ်
လက်သန်းတချို့ ဘဝင်မြင့်လာတယ်
ငါလုပ်ခဲ့တဲ့အပြောင်းအလဲ
ငါပြောင်မြောက်ခဲ့တဲ့တော်လှန်ရေး
လက်သန်းတချို့သူ့အမှန်တရားနဲ့သူ ခေါင်းထောင်ကြ
လက်သန်းတချို့သူ့ဝါသနာနဲ့သူ မှိုင်းမိကြ
လက်သန်းဟာ လက်သန်းလေးပြာဖို့
လက်သန်းရဲ့တန်ဖိုးကို ဘယ်သူမြှင့်ပေးခဲ့တယ်ဆိုတာ
လက်သန်းတချို့သတိမေ့သွားကြတော့
လက်သန်းတချို့စကားကြီးစကားကျယ်ပြောကြ
လက်သန်းတချို့စောင့်ကြည့်ရေးအဖွဲ့ဖွဲ့ကြ
လက်သန်းတွေ လက်သန်းတွေ
လက်သန်းဟာ လက်သန်းလိုနေဖို့
ပြန်လိုအပ်နေပြီ လက်သန်းတွေ။
လင်းသက်ငြိမ်