အဲလိုထူး - ရထားလမ်းဘေး အတွေး
(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၁၅
(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၁၅
မိတ်ဆွေစာရေးဆရာတယောက်ကပြောပါတယ်။ အဲဒီမတိုင်ခင်ကတည်းက ရထားစီးရတာ အဆင်ပြေတယ်ဗျ။ နံပါတ် တစ် ငါးဆယ်ပဲပေးရတယ်။ ကားဆို အနည်းဆုံးတစ်ရာနှစ်ရာ။ ပြောင်းစီးရဦးမယ်ဆို နှစ်ခါကုန်။ ဒါကပြဿနာမရှိပါဘူး။ တတ် နိုင်ကြပါတယ်။ အလဟသဆုံးရှုံးသွားတာ ကျွန်တော်တို့အချိန်တွေဗျ။ သင့်တော်ရာကားကို စောင့်ရတဲ့အချိန်၊ လူအများကြီးနဲ့ ကြပ်ကြပ်ညပ်ညပ် တိုးခွစီးရတယ်။ ဒီကြားထဲ ရိုင်းရိုင်းပြပြစပါယ်ယာနဲ့တိုးရင် နေရင်း ထိုင်ရင်း ပိုက်ဆံပေးပြီး ဒေါသပွားရ တယ်။ မောင်းတဲ့လူလက်ထဲ ကိုယ့်အသက်ပေးထားရသလို ဘုရားတနေရမယ်။ အဆိုးဆုံးက လမ်းမှာကားပိတ်တာဗျ။ နည်းနည်းတိုးလိုက် ရပ်လိုက်နဲ့။ အဲ ရထားကျတော့ သူ့အချိန်နဲ့သူ။ လွဲတဲ့အခါ ရထားပျောက်တဲ့အခါလည်း ရှိတော့ ရှိပါ တယ်။ ဒါပေမယ့် တခါ တလေမှပါ။ နောက်တစ်စီးစောင့်ရ နာရီဝက်ပေါ့။ ရထားပေါ်မှာ ပေါ့ပေါ့ပါးပါး အေးအေးဆေးဆေးဗျာ စကားပြောလို့ရတယ်။ မုန့်ဝယ်စားလို့ရတယ်။ ဆေးလိပ်သောက်လို့ရတယ်။ ဘေးဘေးဘီဘီကိုငေးပြီး လေလေးတဖြူးဖြူးနဲ့ ဗျာ” လို့ ဆွယ်တရားဟောဘူးပါတယ်။
ရထားကြီး ပုဇွန်တောင်ဘူတာကထွက်တဲ့ထိ ဘာမှ မထူးခြားသေးပါဘူး။ ပြတင်းပေါက်ကနေ အပြင်ကို ငေးနေရပေမယ့် အတွေးထဲမှာ ဘာမှရှင်းရှင်းလင်းလင်း ပေါ်မလာသေးဘူး။ ရထားစီးခရီးသည်အများစုကလည်း ဖုန်းပွတ်နေကြတာများ တယ်။ သက်တောင့်သက်သာရှိလှသကိုး။
တဖြည်းဖြည်းနဲ့ ရထားလမ်းဘေးအခြေအနေတွေက ရုပ်လုံးပေါ်လာတယ်။ ကန်စွန်းခင်းတွေ၊ တဲအိမ်ကလေးတွေ၊ ရထား လမ်းနဲ့က အလှမ်းကွာသွားပြီ။ ဆိုပါတော့ ရထားလမ်းဘေးကပ်လျှက်မှ လူသွားလမ်းရှိနေပါတယ်။ ကျယ်ပါတယ်။ စက်ဘီး စီးသွားကြတဲ့သူတွေတောင် ရှိတယ်။ အကျယ်အ၀န်းအလုံအလောက်ရှိတဲ့လမ်းလို့ ပြောချင်တာပါ။ အဲဒီလမ်းကရေးရဲ့ ဘေးမှာတော့ မြေအနိမ့်ပိုင်းတခုရှိနေတတ်ပါတယ်။ ကန်စွန်းခင်းတွေရှိနေတတ်ပါတယ်။ ရေစပ်ကျင်းနဲ့ ရေအိုင်တွေရှိနေ တတ်ပါတယ်။ မရှိဘူးဆို ပေနှစ်ဆယ်အကျယ်လောက်ဖြစ်မလားပဲ။ ရထားလမ်းဘေးမှာရှတဲ့ ရထားဘူတာတခုကို ပြေးမြင် လိုက်ပါ။ သူလည်း ရထားလမ်းဘေး မြေနေရာမှာတည်ရှိနေတာပါပဲ။ အချို့နာမည်ကျော်ဘူတာတွေဆို ခန့်ခန့်ထည်ထည် ဧရာမကြီးတွေ။ ထားပါ။ အဆောက်အဦကြီးတခု ဆောက်လုပ်လို့ရတယ်ဆိုတဲ့ အသိတခုရရင် တော်ပါပြီ။ ဘူတာကို ရထားက ကျော်လာပြီ။ ဘူတာနဲ့ကပ်နေတဲ့ ရထားဝန်ထမ်းတန်းလျားကိုလည်း ကျော်ဖြတ်လာခဲ့ပါပြီ။
အခြေနေမဲ့လို့ပြောမလား၊ ပျံကျလို့ပြောမလား၊ ကျူးကျော်လို့ပြောမလား၊ တဲစုတ်ကလေးတွေ၊ အင်္ကျီချွတ်နဲ့ လူကြီးတွေ၊ ထမီရင်လျှားနဲ့အမျိုးသမီးတွေ၊ ဖိနပ်မပါတဲ့ ဗိုက်ပူနံကားကလေးတွေ၊ ဈေးဗန်း ဈေးခုံတွေ၊ ဈေးရောင်းနေတဲ့နေရာမှာ သုံးတဲ့ စက်ဘီး ဒါမှမဟုတ် တွန်းလှည်း၊ ရထားလမ်းဘေးရေအိုက်ကြီးအစပ်မှာ။ ပီနံအိတ်ခွံ၊ စက္ကူပုံးခွံအပြန့်တွေကာရံထားတဲ့ အိမ်သာ၊ အိမ်နဲ့ရင်ဘောင်တန်းလျှက် ချက်တဲ့ပြုတ်တဲ့မီးဖိုးနေရာနဲ့ကပ်ပြီး လူတော့ လူတွေပါပဲ။ မိသားစုတခုအဖြစ် တည်ထောင်ထားတဲ့လူအုပ်စုတွေ၊ လျှပ်စစ်မီးတွေ နောက်ဖေးရပ်ကွက်ကြီးမှာ လင်းထိန်လို့၊ အိမ်ရှေ့လမ်းကျဉ်းကလေးမှာ ဥဒဟိုသွားလာလှုပ်ရှားနေကြတယ်။
ရထားက နောက်တဘူတာမှာ ခဏ၀င်နားတယ်။ ၁ မိနစ်လောက်ပါပဲ။ ရပ်ကွက်ထဲက လူတချို့ထွက်လာပြီး ရထားပေါ် တက်ကြတယ်။ ရထားပေါ်က လူတချို့ ရပ်ကွက်ထဲဆင်းသွားကြတယ်။ ချက်ခြင်းပဲ ရထားက ငြိမ့်ကနဲ ဆက်လက်ထွက်ခွာ။
မြို့ပြမှာရှာဖွေစားသောက်ဖို့ ဒီလောက်အခက်အခဲမရှိဘူးလို့ ပေါ့ပေါ့ပါးပါး ပြောကြတယ်။ ကန့်ကူလက်လှည့် အရောင်း အ၀ယ် ကန့်ကူလက်လှည့် အရောင်းအဝယ်ကလေးက တစ်ယောက်စာဈေးဘိုးတော့ ကာမိတယ်ဆိုတဲ့အကြောင်း၊ ဖြေရှင်း လို့ မနိုင်မနင်းဖြစ်နေတာက ကျောတခင်းစာနေထိုင်ရာပဲ။ အငှားတွေးဈေးကွက်ဖြစ်ထွန်းနေတာကလည်း ကောင်းတဲ့နိမိတ်ပုံ တခုတော့ မဟုတ်ပါဘူး။ ရထားလမ်းဘေးဝဲယာတောက်လျှောက်မြင်ကွင်းတွေက ထပ်တလဲလဲ ဒါတွေချည်းပါပဲ။ သတင်းစာ တွေမှာ မကြာခဏ မြင်တွေ့နေရတာလည်း တန်ဘိုးနည်းအိမ်ယာတွေ၊ တန်ဘိုးသင့်အိမ်ယာတွေ၊ အစွန်အဖျားနေရာတွေ မှာ ဆောက်လုပ်နေပါတယ်ဆိုတဲ့အကြောင်း။
ရထားကြီးက ဆက်လက်ထွက်ခွာမြဲ။ လမ်းဘေးဝဲယာ ကျူးကျော်ပျံကျတဲကလေးတွေကလည်း ခေါင်းကြောမာမာ တန်းစီ လို့။ ပြဿနာက အပေါ်ပိုင်းမှာကို အခက်အခဲရှိနေပါတယ်။ ဒီမြေနေရာတွေကို စည်ပင်သာယာက ပိုင်တာလား၊ မီးရထားကပိုင်တာလားဆိုတဲ့အကြောင်း ...။
နိုင်ငံတော်က ပိုင်တယ်၊ ပြည်သူပြည်သားတွေကပိုင်တယ်ဆိုရင် ပြီးပါတယ်။ ဒါပမေယ့် နိုင်ငံတော်က စီမံကွပ်ကွဲပြီး ရထားလမ်းဘေးဝဲယာတောက်လျှောက် အိမ်ယာတွေဆောက်ပြီး .... ကိုယ့်အိမ်ယာနဲ့နီးစပ်ရာဘူတာကို ဆိုက်ရောက်ရင် ရထားပေါ်ကဆင်းရပါလိမ့်မယ်။ အချိန်အများကြီး မရပါဘူး။ ရထားပြတင်းပေါက်ကတော့ ရထားလမ်းဘေးမြင်ကွင်းတွေကိ ဆက်လက်ပြသပေးသွားမှာ ဖြစ်ပါတယ်။
အဲလိုထူး