လင်းသက်ငြိမ် - ရာသီစာတွေနဲ့ကမ္ဘာ
(မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂၀၁၅
ငါ့ဖုန်းထဲလေးလံလာ
အနိဌာရုံများ
ငါ့ဖုန်းထဲလေးလံလာ
အယူဝါဒများ
ငါ့ဖုန်းထဲလေးလံလာ
ကာမတဏှာများ
ငါ့ဖုန်းထဲလေးလံလာ
ဘုန်းတော်ဘွဲ့များ၊ အလံရှူးများ၊
လေကြီးလေကျယ်များ၊ လော်ဘီများ
ငါ့ဖုန်းထဲလေးလံလာ
မြေတူးစက်ကြီးတွေ
ငါ့ဖုန်းထဲလေးလံလာ
ကျင်းချိုင့်ကြီးတွေ ချောက်ကမ်းပါးကြီးတွေ
ငါဖုန်းထဲလေးလံလာ
ငါတို့ရဲ့မနက်ဖြန်တွေ
ငါတို့ရဲ့သတင်းတွေ
ငါတို့ရဲ့ဆဲရေးသံတွေ
ငါ့ဖုန်းထဲကနေ အပြင်ကိုထွက်ကျတဲ့အထိ
လေးလံမှုတွေပျော်ကျလာ
လေးလံမှုပျော်ရည်ဟာ ငါ့ကိုပုံဆောင်ပြီးအေးခဲသွား
ငါလေးလံမှုပုံဆောင်ခဲကြီးကိုဖြတ်သန်းပြီး
လေးလံမှုပျော်ရည်ဟာ ဆက်စီးဆင်းသွား
ခင်ဗျားတို့ဆီလာနေပြီ လေးလံမှုပျော်ရည်များ
သတိထား.....
သတိထား.....
သတိထား..... ။
(မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂၀၁၅
ငါ့ဖုန်းထဲလေးလံလာ
အနိဌာရုံများ
ငါ့ဖုန်းထဲလေးလံလာ
အယူဝါဒများ
ငါ့ဖုန်းထဲလေးလံလာ
ကာမတဏှာများ
ငါ့ဖုန်းထဲလေးလံလာ
ဘုန်းတော်ဘွဲ့များ၊ အလံရှူးများ၊
လေကြီးလေကျယ်များ၊ လော်ဘီများ
ငါ့ဖုန်းထဲလေးလံလာ
မြေတူးစက်ကြီးတွေ
ငါ့ဖုန်းထဲလေးလံလာ
ကျင်းချိုင့်ကြီးတွေ ချောက်ကမ်းပါးကြီးတွေ
ငါဖုန်းထဲလေးလံလာ
ငါတို့ရဲ့မနက်ဖြန်တွေ
ငါတို့ရဲ့သတင်းတွေ
ငါတို့ရဲ့ဆဲရေးသံတွေ
ငါ့ဖုန်းထဲကနေ အပြင်ကိုထွက်ကျတဲ့အထိ
လေးလံမှုတွေပျော်ကျလာ
လေးလံမှုပျော်ရည်ဟာ ငါ့ကိုပုံဆောင်ပြီးအေးခဲသွား
ငါလေးလံမှုပုံဆောင်ခဲကြီးကိုဖြတ်သန်းပြီး
လေးလံမှုပျော်ရည်ဟာ ဆက်စီးဆင်းသွား
ခင်ဗျားတို့ဆီလာနေပြီ လေးလံမှုပျော်ရည်များ
သတိထား.....
သတိထား.....
သတိထား..... ။