Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ရဲရင့်သက်ဇွဲ - ခရစ်စမတ်ည ဘုရားသခင်နှင့် အထီးကျန်ကမ္ဘာ

$
0
0


ရဲရင့်သက်ဇွဲ - ခရစ်စမတ်ညဘုရားသခင်နှင့်အထီးကျန်ကမ္ဘာ
(မိုးမခ) ဒီဇင်ဘာ ၂၆၊ ၂၀၁၅

ခရစ်စမတ်ညမှာဘုရားသခင်ဟာအလုပ်မအားရှာဘူး….
ခရစ်စမတ်ညမှာတတ်နိုင်သူတွေကအပျော်တွေကိုအရည်ဖျော်
ဝမ်းထဲမှာမီးတောက်သောကရောက်စရာဆိုလို 
ဒီညအတွက်စီမံထားတဲ့ကြက်ဆင်သားနဲ့ဗျစ်ရည်လောက်ပါ့မလား
ဘုရားသခင်ကိုဖိတ်ကြားထားတာရောက်ပါ့မလား…….

အရိုးထိအောင်စူးတဲ့ဒီလိုအေးခဲညမျိုးမှာ 
ဘုရားသခင်ကိုတမ်းတမငြိမ်းချမ်းတဲ့ဘ၀တွေမှာ
မတတ်နိုင်သူများကတော့ဒုက္ခနဲ့စစ်ပြေးနေရ
တောတိုးတောင်ကျော်ဆာလောင်မူနဲ့ဝမ်းမီးတောက်
သောကရောက်စရာအသက်နဲ့ကိုယ်တွဲရက်သာ
နေရပ်ကိုပြန်ရောက်ပါ့မလား….
တတွတ်တွတ်နဲရေရွတ်နေတဲ့နှုတ်ဖျားကဘုရားသခင်ရဲအမည်နာမ
အမိုးရဲမျက်ရည်တာရိုးကိုရိုက်ချိုးသွားခဲ့တယ်……

မီးဝင်းဝင်းတောက်နေတဲ့မျက်ဝန်းအစုံရဲ့နောက်ကွယ်မှာ
တောက်ပတဲ့အနာဂတ်ဟာပြာချခံခဲ့ရပြီပဲ….
ဖိုးခွားလေးရဲအတွေးထဲမေးခွန်းများကပလုံစီထလာ
ဘုရားသခင်ဘယ်မှာလဲဘုရားသခင်ဘယ်ရောက်နေသလဲ
ဒီလိုခရစ်စမတ်ညမျိုးမှာဘုရားသခင်ဟာတို့နဲ့အတူရှိနေမယ်လို
ဆရာလေးစောစံဖိုးရဲပြောစကားဟာအမှန်တရားလား
ဖိုးခွားလေးရဲအတွေးများခြာခြာလည်
လူမှန်းသိတတ်စကထဲကတပြေးထဲပြေးနေခဲ့ရတာ
ငါတို့နဲ့အတူရှိနေတာကစစ်အာဏာရှင်စနစ်နဲစစ်ပြေးဘဝ
အမှန်တရားအတွက်ဘုရားသခင်ရှိတယ်…. ငါမယုံကြည်နိုင်ဘူး……

ဒီလိုကြေကွဲစရာခရစ်စမတ်ညမျိုးနဲငါတို့ဘ၀တွေကို
ဘုရားသခင်က
အထီးကျန်ကမ္ဘာထဲမှာထားခဲ့တယ်…….

Photo - http://www.pri.org/stories/2013-12-24/christmas-santa-will-be-looking-somewhere-new-many-refugees 

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>