အောင်ကျော်သွင် - ဆောင်းကိုဆွဲခွာကြည့်ခြင်း
(မိုးမခ) ဒီဇင်ဘာ ၂၈၊ ၂၀၁၅
ကိုယ့်အတ္တနဲ့ ကိုယ်ဖွံ့ထွားလို့
ရေရာသေချာစွာဖွင့်ကြည့်ဖို့
ဆောင်းဟာ ရာသီတစ်ခုလုံးကိုလွှမ်းခြုံရရင်
အေးမြစွာ စိတ်ကြီးဝင်ခဲ့လေရဲ့။
စိမ်းစိုနေတဲ့တောမှောင်မှောင်မှာ
မြူတွေကလည်းဖုံးလို့
အာခေါင်ကိုခြစ်အော်ကြည့်လိုက်တော့
အသံကလည်း ထုံ့ပိုင်းပိုင်း
တံတိုင်းလေးဘက်ချမထားတဲ့မြို့ကြီးမှာ
ကိုယ်ပိုင်ဘုရားတွေနဲ့။
ကိုယ်ပိုင်သံစဉ်တွေနဲ့
ကိုယ်ပိုင်လမ်းတွေနဲ့ခုတ်မောင်း
သူ့ မေတ္တာတွေ ကိုယ့်မေတ္တာတွေနဲ့ ဝင်းပ
ငတ်မွတ်ခေါင်းပါးသူတို့ဟာ ငိုပြီလေ…
နက်နက်ရှိုင်းရှိုင်းတိုးဝင်ကြည့်ရင်
လတ်ဆတ်သီးနှံတွေဖြစ်လွန်းတဲ့ အခုလို ဆောင်းမှာ
မြေယာမဲ့နေသူတွေအများကြီးရှိတယ်
ကိုယ့်ဝမ်းကိုယ် သထာရေစာမဲ့မဲ့ဘဝမှာ
ဘယ်သူက ဘယ်သူ့ကိုများ ကြည်ဖြူနိုင်ဦးမလဲ …
ဆင်းရဲမှုဟာ မျိုးဆက်ကို
တံစို့ထိုးသလိုဖြတ်စီးသွားခဲ့ပြီးပြီ
မာယာတွေနဲ့ဟစ်အော်ခဲ့တာမှမဟုတ်ဘဲလေ
တစ်ခြမ်းသာကျန်တဲ့ အလင်းရောင်ဟာ
ဆောင်းကိုအနွေးဓါတ်ပေးနိုင်မတဲ့လား။
လမ်းပေါ်မှာကြွေးကြော်ရင်းကျပျောက်ခဲ့တဲ့
လူငယ်ဘဝတစ်ခုမကတွေ
အားကိုးတကြီးနဲ့ပြေးလာခဲ့ပြီးမှ
သတိဆွဲအလေးပြုခိုင်းမလိုလား…
ခုထိ အိမ်ကိုပြန်မလာနိုင်ကြသေးတဲ့
အလံကိုင်ပြီးထွက်သွားတဲ့ သားတွေကို
မယ်ကြီးအိုတွေက
ဗိုက်ခေါက်ကြောလိမ်ဆွဲလို့
သတိပေးဆုံးမရတော့မလို့လား။
မလိမ်မိုး မလိမ္မာဘဝနဲ့
မိုက်ပြီးချစ်ခဲ့ကြတာမှ မဟုတ်ပဲလေ
အဲဒီဗိုက်ကြီးနဲ့ ဓားထိုးမခံချင်စမ်းပါနဲ့
ဒီစမ်းသပ်မှုဟာ အခန့်မသင့်ရင်
ငရဲကြီးသွားနိုင်ရဲ့…
အခုလိုဆောင်းမှာမှ အနာရင်းခဲ့ရင်
ပိုလို့နာရချည့်ဆောင်း …။ ။
အောင်ကျော်သွင်
(မိုးမခ) ဒီဇင်ဘာ ၂၈၊ ၂၀၁၅
ကိုယ့်အတ္တနဲ့ ကိုယ်ဖွံ့ထွားလို့
ရေရာသေချာစွာဖွင့်ကြည့်ဖို့
ဆောင်းဟာ ရာသီတစ်ခုလုံးကိုလွှမ်းခြုံရရင်
အေးမြစွာ စိတ်ကြီးဝင်ခဲ့လေရဲ့။
စိမ်းစိုနေတဲ့တောမှောင်မှောင်မှာ
မြူတွေကလည်းဖုံးလို့
အာခေါင်ကိုခြစ်အော်ကြည့်လိုက်တော့
အသံကလည်း ထုံ့ပိုင်းပိုင်း
တံတိုင်းလေးဘက်ချမထားတဲ့မြို့ကြီးမှာ
ကိုယ်ပိုင်ဘုရားတွေနဲ့။
ကိုယ်ပိုင်သံစဉ်တွေနဲ့
ကိုယ်ပိုင်လမ်းတွေနဲ့ခုတ်မောင်း
သူ့ မေတ္တာတွေ ကိုယ့်မေတ္တာတွေနဲ့ ဝင်းပ
ငတ်မွတ်ခေါင်းပါးသူတို့ဟာ ငိုပြီလေ…
နက်နက်ရှိုင်းရှိုင်းတိုးဝင်ကြည့်ရင်
လတ်ဆတ်သီးနှံတွေဖြစ်လွန်းတဲ့ အခုလို ဆောင်းမှာ
မြေယာမဲ့နေသူတွေအများကြီးရှိတယ်
ကိုယ့်ဝမ်းကိုယ် သထာရေစာမဲ့မဲ့ဘဝမှာ
ဘယ်သူက ဘယ်သူ့ကိုများ ကြည်ဖြူနိုင်ဦးမလဲ …
ဆင်းရဲမှုဟာ မျိုးဆက်ကို
တံစို့ထိုးသလိုဖြတ်စီးသွားခဲ့ပြီးပြီ
မာယာတွေနဲ့ဟစ်အော်ခဲ့တာမှမဟုတ်ဘဲလေ
တစ်ခြမ်းသာကျန်တဲ့ အလင်းရောင်ဟာ
ဆောင်းကိုအနွေးဓါတ်ပေးနိုင်မတဲ့လား။
လမ်းပေါ်မှာကြွေးကြော်ရင်းကျပျောက်ခဲ့တဲ့
လူငယ်ဘဝတစ်ခုမကတွေ
အားကိုးတကြီးနဲ့ပြေးလာခဲ့ပြီးမှ
သတိဆွဲအလေးပြုခိုင်းမလိုလား…
ခုထိ အိမ်ကိုပြန်မလာနိုင်ကြသေးတဲ့
အလံကိုင်ပြီးထွက်သွားတဲ့ သားတွေကို
မယ်ကြီးအိုတွေက
ဗိုက်ခေါက်ကြောလိမ်ဆွဲလို့
သတိပေးဆုံးမရတော့မလို့လား။
မလိမ်မိုး မလိမ္မာဘဝနဲ့
မိုက်ပြီးချစ်ခဲ့ကြတာမှ မဟုတ်ပဲလေ
အဲဒီဗိုက်ကြီးနဲ့ ဓားထိုးမခံချင်စမ်းပါနဲ့
ဒီစမ်းသပ်မှုဟာ အခန့်မသင့်ရင်
ငရဲကြီးသွားနိုင်ရဲ့…
အခုလိုဆောင်းမှာမှ အနာရင်းခဲ့ရင်
ပိုလို့နာရချည့်ဆောင်း …။ ။
အောင်ကျော်သွင်