Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

သားဝင့်ကျော် - ရှယ်ယာဝယ်ဖို့ ဘယ်ကစမလဲ Stock exchange

$
0
0

သားဝင့်ကျော် - ရှယ်ယာဝယ်ဖို့ဘယ်ကစမလဲ Stock exchange
(
မိုးမခ) ဒီဇင်ဘာ၃၀၊၂၀၁၅

ရှယ်ယာဝယ်ယူရင်းနှီးမြှုပ်နှံမယ့်သူဟာမိမိဝယ်ယူလိုတဲ့ရှယ်ယာထုတ်ဝေရောင်းချတဲ့ကုမ္ပဏီရဲ့အခြေအနေကိုအကဲဖြတ်ဖို့လိုပါတယ်။ လေ့လာတဲ့အခါအဲဒီကုမ္ပဏီရဲ့နှစ်ဆုံးဘဏ္ဍာရေးရှင်းတမ်းတွေကတဆင့်လေ့လာအကဲဖြတ်ကြရပါ့မယ်။

ဒီလိုဆိုပြန်တော့စတော့ဈေးကွက်(Stock exchange)မှာစာရင်းဝင်(listed) ထားတဲ့ကုမ္ပဏီတွေဟာအများပြည်သူထံသို့၃လတစ်ကြိမ်သို့မဟုတ်၆လတစ်ကြိမ်သို့မဟုတ်တစ်နှစ်တစ်ကြိမ်ပွင့်လင်းမြင်သာမှု့ရှိသောဘဏ္ဍာရေးအစီရင်ခံစာများကိုသက်ဆိုင်အကျိုးဆောင်လုပ်ငန်းများမှတဆင့်လည်းကောင်းစီးပွားရေးစာစောင်များမှတဆင့်လည်းကောင်းအသိပေးထုတ်ပြန်ရပါမည်။

ဘဏ္ဍာရေးရှင်းတမ်းဟုဆိုရာဝယ်ကုမ္ပဏီ၏ပံရိပ်အစစ်အမှန်ကိုဖေါ်ပြနိုင်သောအရှုံးအမြတ်စာရင်း (Statement of profit and loss) နှင့်လက်ကျန်ရှင်းတမ်း(Balance sheet or statement of financial position) တို့ဖြစ်ပါသည်။

စာရင်းရှင်းတမ်းများကိုလေ့လာသောအခါရှင်းတမ်းအောက်ခြေတွင်ရေးသားဖေါ်ပြးတဲ့ရှင်းလင်းချက် (note to the account) ကိုလေ့လာဖတ်ရှု့ရပါလိမ့်မည်။သို့မှသာစာရင်းရှင်းတမ်းမှာဖေါ်ပြထားသောကိန်းဂဏန်းများ၏အဓိပ္ပါယ် ကိုမှန်မှန်ကန်ကန် ဖေါ်ထုတ်နိုင်မည်ဖြစ်သည်

နောက်စာရင်းကိုင်စံကျင့်ထုံးများကိုလည်းအကြမ်းဖျင်းနားလည်ထားရန်လိုအပ်ပါသည်။

သိသင့်သိထိုက်သောစာရင်းကိုင်အယူအဆများတွင်

ဆက်လက် ရှင်သန်နေလိမ့်မယ် ဆိုတဲ့ အယူအဆ(going concern concept) မှာစာရင်းကိုင်သည်ရှင်းတမ်းများကိုရေးဆွဲရာတွင်ဘယ်လောက်ပဲလုပ်ငန်းအခြေအနေဆိုးနေပါစေမြတ်နိုင်သောကာလတစ်ခုအထိလုပ်ငန်းဆက်လက်ရှင်သန်နေမည်ဟုယုံကြည်ယူဆထားရမည်။

ရှေ့နောက်ညီညွတ်မှု့ရှိရမယ်ဆိုတဲ့အယူအဆ (consistency concept) ဆိုတာကစာရင်းကိုင်ပညာမှာ  ပထမနှစ်မှာအသုံးပြုခဲ့သောတွက်နည်းအတိုင်းနောက်နှစ်တွေမှာလည်းတွက်ချက်ရမည်။သုံးလေးနှစ်ကြာလို့ကာလံဒေသံအရကိုက်ညီမှု့မရှိလို့ပြောင်းလဲအသုံးပြုလိုပါကစာရင်းရှင်းတမ်းအောက်ခြေမှာထည့်သွင်းဖေါ်ပြရမှာဖြစ်ပါသည်။

ကျစ်လစ်သိပ်သည်းမှု့ (conservatuon concept) ဆိုတာကတော့ Assetsလို့ခေါ်တဲ့ရပိုင်ခွင့်သို့မဟုတ်လုပ်ငန်းသုံးပစ္စည်းများတန်ဖိုးဖြတ်ရာတွင်အနည်းဆုံးတန်ဖိုးဖြင့်သတ်မှတ်ရမည်။ဥပမာ-နှစ်ဆုံးလက်ကျန်ကုန်တန်ဖိုးတွင်ဝယ်ဈေးနှင့်ရောင်းဈေးနှစ်မျိုးရှိရာအနက်မှအနည်းဆုံးဈေးဖြင့်တန်ဖိုးသတ်မှတ်ရမည်။

လျာထားရမယ် (accrual concept) ဆိုတဲ့အယူအဆကတော့စရိတ်ပိုင်းနဲ့ပိုပြီးသက်ဆိုင်ပါတယ်။
ငွေမပေးရသေးပဲပေးဖို့ကျန်နေသောစရိတ်များကိုဒီနှစ်အတွက်ကုန်ကျစရိတ်မှာထည့်သွင်းတွက်ချက်ရမယ်ဆိုတဲ့အယူအဆပါ။

ဒီလိုစာရင်းကိုင်အခြေခံအယူအဆလေးတွေကိုသိမှတ်ထားနိုင်ရင်လုပ်ငန်းတစ်ခုရဲ့ဘဏ္ဏာရေးရှင်းတမ်းများမှလည်ကောင်းလုပ်ငန်း၏အခြေအနေကိုအကဲဖြတ်ဆုံးဖြတ်နိုင်မှာဖြစ်ပါသည်။

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>