Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

အောင်ဝေး - ကြ ယ် ေ ၾကြ တ ေ ယ ာ

$
0
0

အောင်ဝေး - ကြယ်ကြွ
(မိုးမခ) ဇန်န၀ါရီ ၃၊ ၂၀၁၆

ဒီည
ကျနော်ကြေကွဲနေတယ်။
ကမ္ဘာတစ်ခြမ်းမှာနေ
ကမ္ဘာတစ်ခြမ်းမှာည။

ဒီည
ကျနော်ကြေကွဲနေတယ်။

မစ်ရှီဂန်မှာ
ငမိုးရိပ်မှာနေ့။

ဆစ်ဒနီမှာ
ဆရာဦးဝင်းခက်ကွယ်လွန်သွားတယ်။

ဒီည
ကျနော်ကြေကွဲနေတယ်။

ဟို့အဝေးမှာ
ကြယ်တစ်စင်းကြွေသွားတယ်။

အနီးမှာ
အဝေးမှာ
မနီးမဝေးမှာ
ကြယ်အစင်းစင်းကြွေခဲ့ကြတယ်။

ဒီညမှာ
ကျနော်ဆရာဦးတင်မိုးကိုသတိရတယ်။
ပြည်တော်မပြန်နိုင်တဲ့
ညတွေဟာ
ပိုပြီးမှောင်မိုက်လွန်းလှတယ်။

ဒီညမှာ
ကျနော်အထူးကြေကွဲနေတယ်။

တက္ကသိုလ်ရိပ်သာလမ်း
ခြံအမှတ်(၄၄)မှာ
ကျနော်ပြန်သွားရှာရမယ်။

အဲဒီမှာ
ဆရာဦးတင်မိုးရှိတယ်။

အဲဒီမှာ
ဆရာဦးဝင်းခက်ရှိတယ်။

တိုင်းပြည်က
သောကများလွန်းလှတယ်။
ကျနော်တို့ကြောင့်
တိုင်းပြည်ကိုထပ်ပြီး
သောကမရောက်စေချင်ပါဘူး။

ဒီညမှာ
ကျနော်ကတယောကိုထိုးနေတာလား
တယောကကျနော့်ကိုထိုးနေတာလား။

ပြည်ပြေးတစ်ယောက်ရဲ
ညတွေက
ပိုပြီးမှောင်မိုက်လွန်းတော့တယ်လေ။

င်

(ဇန် - ၂၀၁၆)

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>