Quantcast
Viewing all articles
Browse latest Browse all 9633

ရန်နောင် (ဗိုလ်တထောင်) Colgate - Palmolive မှ ငွေကျပ် ၅၄ သန်းတန်ဖိုးရှိ ပညာသင်ဆု အစီစဉ်စတင်

 Image may be NSFW.
Clik here to view.

ရန်နောင် (ဗိုလ်တထောင်) - Colgate - Palmolive မှ ငွေကျပ် ၅၄ သန်းတန်ဖိုးရှိ ပညာသင်ဆု အစီစဉ်စတင်
(မိုးမခ) ဇန်နဝါရီလ ၆၊ ၂၀၁၆
 
Colgate - Palmolive သည် မြန်မာနိုင်ငံရှိ မိသားစုများနှင့် ကလေးငယ်များ၏ ပညာရေးမျှော်မှန်းချက်များကို အထောက် အကူပြုနိုင်စေရန် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်မှ မတ်လ ၁၅ ရက်ထိ ကြာမြင့်မည့် ငွေကျပ် ၅၄ သန်းတန်ဖိုးရှိသည့် Colgate ပညာသင်ဆုအစီစဉ်ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် စတင်လိုက်ကြောင်း ဇန်န၀ါရီ ၅ ရက်နေ့တွင် စတင်ကြေညာ လိုက်သည်။

Colgate ၏ ၇၀ ဂရမ်၊ ၁၄၀ ဂရမ် အရောင်းမြှင့်တင်ရေး သွားတိုက်ဆေးဘူးများကို ဝယ်ယူသုံးစွဲရုံဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းမှ ပြည်သူများအားလုံးသည် ၎င်းတို့၏ကလေးငယ်များအတွက် အဆိုပါပညာသင်ဆုကို ရရှိနိုင်မည်ဖြစ်သည်။ သွားတိုက်ဆေး တစ်ဘူးလျှင် ခဲခြစ်ကတ်ပြားတစ်ခုပါမည်ဖြစ်ပြီး အဆိုပါခဲခြစ်ကတ်ပြားကိုခြစ်၍ ပညာသင်ဆုများကို ရရိှနိုင်မည်ဖြစ်သည်။ ခဲခြစ်ကတ်ပြားကိုခြစ်၍ ပညာသင်ဆုကိုရရှိပါက ဖုန်းနံပါတ် ၀၉ ၂၆ ၂၆ ၁၉၀၉၅ သို့ ဆက်သွယ်အကြောင်းကြား၍ ပညာ သင်ဆုကို ထုတ်ယူနိုင်မည်ဖြစ်သည်။

"Colgate  အနေနဲ့ မြန်မာနိုင်ငံမှာ ပညာရေးဆိုင်ရာအခွင့်အလမ်းတွေ ပိုမိုတိုးတက်လာအောင် လုပ်ဆောင်ဖို့ စိတ်အား ထက်သန်တဲ့အပြင် ကလေးငယ်တွေရဲ့ ပညာရေးကိုအကောင်းဆုံးထောက်ပံ့ပေးချင်တဲ့ မိခင်တွေကို တတ်နိုင်သမျှ အကူ အညီပေးသွားဖို့လည်း တစိုက်မတ်မတ်လုပ်ဆောင်နေပါတယ်။ သွားနဲ့ခံတွင်းကျန်းမာရေး အထောက်အကူပြု ပစ္စည်းဈေး ကွက်မှာ ထိပ်တန်းက ဦးဆောင်နေတဲ့အမှတ်တံဆိပ်တစ်ခုဖြစ်လာတာနဲ့အညီ မြန်မာနိုင်ငံဈေးကွက်ထဲကို ဝင်ရောက် နိုင်အောင် လက်ခံကြိုဆိုခဲ့ကြတဲ့ မြန်မာပြည်သူတွေအတွက် လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ပေးဖို့ဟာ ကျနော်တို့ တာဝန်လို့ မှတ်ယူထားပါတယ်။ အခုလို ပညာသင်ဆုအစီစဉ်ကို မြန်မာနိုင်ငံမှာ စတင်နိုင်တာကိုလည်း ဂုဏ်ယူမိပါတယ်။ ဒီပညာသင်ဆုတွေဟာ မြန်မာနိုင်ငံက ကလေးငယ်တွေအနေနဲ့ သူတို့ရဲ့ အနာဂတ်ရည်မှန်းချက်တွေဆီ ရောက်ရှိအောင် ကြိုးစားခဲ့တဲ့နေရာမှာ အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်သလို အားလုံးပဲ ပညာသင်ဆုကံစမ်းမဲတွေ ဆွတ်ခူးနိုင် ကြပါစေလို့ ကျနော်တို့ ဆုတောင်းပေးပါတယ်"ဟု ကိုးလ်ဂိတ် အင်ဒိုချိုင်းနား၏ အထွေထွေမန်နေဂျာဖြစ်သူ Mr Kunal Chandha က ပြောပြခဲ့သည်။

   Image may be NSFW.
Clik here to view.

ကလေးများအတွက် ပညာရေးဆိုင်ရာလိုအပ်ချက်များအား ကူညီထောက်ပံ့ပေးခြင်းသည် ကိုးလ်ဂိတ်၏ အဓိကကျသည့် လူမှုအကျိုးပြုဆိုင်ရာ သန္နိဌာန်တခုဖြစ်ပြီး ကိုးလ်ဂိတ်မှ ကမ္ဘာတဝှမ်းရှိ အမှန်တကယ် လိုအပ်လျက်ရှိသည့် ကလေးငယ် များအတွက် လုပ်ဆောင်ပေးခြင်း အစီအစဉ်များ၏ တစိတ်တဒေသလည်း ဖြစ်သည်။ ကလေးများအတွက် နှစ်စဉ် လုပ်ဆောင်ပေးလျက်ရှိသည့် သွားနှင့်ခံတွင်းကျန်းမာရေးလနှင့် `တောင်ပသောအပြုံး တောက်ပသောအနာဂတ်များ´ အစီ စဉ်များမှတဆင့် ယနေ့အချိန်ထိ ကလေးငယ်ပေါင်းသန်း ၈၀၀ ကျော်ကို အကူအညီပေးနိုင်မည်ဖြစ်သည်။

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>