လွန်ခဲ့တဲ့ ၆ နှစ်ကျော်လောက်က ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းမှာနေခဲ့ရစဉ် ရေးဖြစ်ခဲ့တဲ့ ကဗျာလေးတပုဒ်ကိုပါ။
ဒီကဗျာရေးစဉ်က နှင်းခါးခါးတွေ ပိန်းပိတ်နေအောင်ကျနေတတ်တဲ့ ဆောင်းရက်တွေပေါ့။ ဆောင်းတွင်းမီးဖိုလေးတခုမှာ အနွေးဓာတ်လှုံနေကြတဲ့ ကရင်မိသားစုလေးတခုကိုမြင်ပြီး ခံစား ရေးဖွဲ့ခဲ့တာပါ။
သူတို့အပါး (ကလေးတွေရဲ့အဖေ) ကတော့ ဘယ်ဆီဘယ်ဝယ်ရောက်နေလဲဆိုတာ ကျနော် မမေးရဲခဲ့တော့ ဇာတ်ကောင် တယောက်လိုနေတဲ့ကဗျာတပုဒ်ကို ဖြည့်တွေး ဖတ်ပေးကြဖို့ပါ။ ဒါဟာ ပြည်တွင်းစစ်မီးတောက်တွေထဲက ဖျတ်ခနဲမြင်ကွင်း လေးတခုပဲပေါ့။
=======
ခင်လွန်း - ဆောင်းရဲ့ပုံတူ
(မိုးမခ) ဇန်န၀ါရီ ၉၊ ၂၀၁၆
နှင်းတွေထူထဲလိုက်တာ
ရှေ့ကိုဘာမှမမြင်ရဘူး...
ကလေးက ပြောတယ်
တောင်တန်းကြီးတွေမရှိတော့ဘူး
ရွာကိုပြန်ကြစို့လားအမိုးရယ်တဲ့
သောကကို
မီးဖိုထဲထိုးထည့်လို့
ကိုယ့်အပူကိုယ်ရှာကြရတဲ့ ဆောင်းမနက်များ
ခါတိုင်းနေ့တွေလို
မီးခိုးတအူအူ။
အမေက
နှင်းတွေဖုံးထားလို့
တောင်တွေမရှိတော့ပေမယ့်
တောစိမ်းစိမ်းကြီးတွေရှိနေသေးတယ်ဖိုးခွားရေ
ကလေးအတွေးထဲ
တောမီးတွေ တဖြောင်းဖြောင်းမြည်ကာ
တညလုံးလောင်ကျွမ်းလို့
ဒုက္ခသည်စခန်းထဲမီးကူးမှာ ကြောက်နေတာလေ။
မနက်လင်းပြန်တော့
အမိုးရယ်
ဖိုးခွားရယ်
တောင်ကိုတက် တောကိုတိုးလို့
တနေ့တာ စားအိုးအရေး
ဟင်းစားလေးရှာရပေအုံးတော့မယ်။ ။
-----
ခင်လွန်း
၁၂း၃၀ နာရီ
ဒီဇင်ဘာ (၁၁) ရက်၊ ၂၀၀၉
(မိုးမခ) ဇန်န၀ါရီ ၉၊ ၂၀၁၆
နှင်းတွေထူထဲလိုက်တာ
ရှေ့ကိုဘာမှမမြင်ရဘူး...
ကလေးက ပြောတယ်
တောင်တန်းကြီးတွေမရှိတော့ဘူး
ရွာကိုပြန်ကြစို့လားအမိုးရယ်တဲ့
သောကကို
မီးဖိုထဲထိုးထည့်လို့
ကိုယ့်အပူကိုယ်ရှာကြရတဲ့ ဆောင်းမနက်များ
ခါတိုင်းနေ့တွေလို
မီးခိုးတအူအူ။
အမေက
နှင်းတွေဖုံးထားလို့
တောင်တွေမရှိတော့ပေမယ့်
တောစိမ်းစိမ်းကြီးတွေရှိနေသေးတယ်ဖိုးခွားရေ
ကလေးအတွေးထဲ
တောမီးတွေ တဖြောင်းဖြောင်းမြည်ကာ
တညလုံးလောင်ကျွမ်းလို့
ဒုက္ခသည်စခန်းထဲမီးကူးမှာ ကြောက်နေတာလေ။
မနက်လင်းပြန်တော့
အမိုးရယ်
ဖိုးခွားရယ်
တောင်ကိုတက် တောကိုတိုးလို့
တနေ့တာ စားအိုးအရေး
ဟင်းစားလေးရှာရပေအုံးတော့မယ်။ ။
-----
ခင်လွန်း
၁၂း၃၀ နာရီ
ဒီဇင်ဘာ (၁၁) ရက်၊ ၂၀၀၉