Image may be NSFW. Clik here to view. ![]() |
စောငို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်က ဆွဲတဲ့ ကာတွန်း |
ရန်လိုကျွဲ - ပြန်ကြားရေးဝန်ကြီးဌာန ဆက်လက် ရှိသင့်သည့် အကြောင်းရင်း ၇ ချက်
(Friday Times Journal) မိုးမခ၊ ဇန်န၀ါရီ ၁၀၊ ၂၀၁၆
၂ဝ၁၆ နှစ်သစ်သို့ ကူးပြောင်းပြီဖြစ်သောကြောင့် အစိုးရ အပြောင်းအလဲ ဖြစ်ရန် အချိန် အနည်းငယ်သာ လိုတော့သည်။ အစိုးရသစ်လက်ထက်တွင် ဝန်ကြီးဌာနအရေအတွက်ကို လျှော့ချမည်ဟု ဆိုသည်။ ဤတွင် စာနယ်ဇင်းသမားတို့ကြ ပန်ကြားရေးဝန်ကြီးဌာနကို မျက်စောင်းထိုးလာသည်ကို တွေ့နိုင်သည်။
ဤအခင်းအကျင်းနှင့် ပတ်သက်ပြီး မိတ်ဆွေတို့ရော မည်သို့ ယူဆပါသလဲ။ ကျွန်ုပ်ကတော့ နိုင်ငံတော်အတွက် အကျိုးပြုလွန်းသြော ပန်ကြားရေးဝန်ကြီးဌာနကို မည်သို့မျှ မထိမတို့ဘဲ ဒီအတိုင်း ထားစေချင်သည်။
ပြန်ကြားရေးဝန်ကြီးဌာန ဆက်ပြီး ရှိသင့်သည့် အကြောင်းရင်း ၇ ခု ကို ဖော်ပြလိုက်သည်။
၁။ အစဉ်အလာ ကြီးမားခြင်း
ဤဌာနကား အစဉ်အလာ ကြီးမားလှသည်။ နိုင်ငံရေးလှုပ်ရှားသူ အများအပြားကိုေ ထာင်ထဲထည့်ရာတွင် အားကြိုးမာန်တက်ရှိလှသော၊ စစ်ရေးအတွေ့အကြုံရှိသောေ ခါင်းဆောင်ကြီးများဖြစ်သည့် ဦးနေဝင်း၊ ဦးစောမောင်၊ ဦးသန်းရွှေ၊ ဦးသိန်းစိန်တို့ လက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဌာန တည်ရှိခဲ့သည်။ ထိုသူတို့ခေါင်းဆောင်သော အစိုးရ၏အသံကို ထိုဌာနက ပြန်ကြားပေးရသည်။ ထို့ကြောင့် အစဉ်အလာ ကြီးမားလှသည်။
၂။ ပြည်သူတို့ အားကိုးသည့် အစိုးရမီဒီယာ
အစိုးရအာဘော် သတင်းစာကို ပြည်သူတို့ လွန်စွာ အားကိုးသည်။ ယခင် ခေတ်များက အစိုးရသတင်းစာဖတ်လျှင် စာဖတ်သူ အများအပြားက နာရေးကြော်ငြာကို ဦးစွာ လှန်လှောတတ်သည်။ ဘယ်သူတွေ ကိုယ့်ရှေ့ကနေ ထွက်သွားကြပြီလဲ ဟူသော သတင်းအချက်အလက်အတွက် ထိုကြော်ငြာများဖတ်လျှင် သိနိုင်သောကြောင့်ြ ပည်သူအကျိုးပြု သတင်းစာများဟု ဆိုလျှင် မှားမည်မဟုတ်ပေ။
စီးပွားရေးသမားတို့ကလည်း အစိုးရအာဘော် ရေဒီယို၊ ရုပ်သံတို့ကို ကြော်ငြာ အကြီးအကျယ် ထည့်ကြသည်။ ပုဂလိကဘက်တွင် အနည်းငယ်သာ ကြော်ငြာရကြခြင်းမှာ သူတို့ထိုက်နှင့် သူတို့ကံ ဖြစ်သည်။ သူတို့မကျေနပ်လျှင် သူတို့အလုပ် ဖျက်သိမ်းပြီး အစိုးရမီဒီယာတွင် ဝင်ရောက်လုပ်ကိုင်နိုင်သည်မဟုတ်လော။
ပြည်သူတို့ အားကိုးသည့် အစိုးရမီဒီယာ ရာသက်ပန် တည်မြဲစေရန်ြ ပန်ကြားရေးဝန်ကြီးဌာန မရှိမဖြစ် လိုအပ်ပါသည်။
၃။ အကြီးဆုံး၊ လူအများဆုံး သတင်းဌာန
ပြန်ကြားရေးဌာနအောက်တွင် သတင်းဌာန၊ သတင်းစာ၊ ရုပ်သံ၊ ရေဒီယို ဌာန များစွာ ရှိသည်။ ထိုဌာနများအတွက် သတင်း၊ ဓာတ်ပုံ၊ ရုပ်သံ ရရှိရန်အတွက် မြို့နယ်ပေါင်း သုံးရာကျော်တွင် ဝန်ထမ်းများစွာ ခန့်ထားသည်။ သတင်းလုပ်ငန်းအတွက် ဝန်ထမ်းအင်အား ခန့်ထားမှုမှာ တစ်သောင်းကျော်ပင် ရှိနိုင်သည်။ အရေအတွက်၊ အမျိုးအမည် များပြားလှသော အစိုးရအာဘော် မီဒီယာတို့ကို ပုဂ္ဂလိကလက်သို့ ထည့်လိုက်ပါက အကြီးဆုံး၊ လူအများဆုံး သတင်းဌာန ဟူသော ဂုဏ်ပုဒ် ရှိတော့မည် မဟုတ်ပေ။ အစိုးရအဆက်ဆက်၏အာဘော်ကိုေ ရးသားထုတ်လွှင့်နေသော မီဒီယာ စုစည်းမှုကြီး အစိတ်စိတ်အမွှာမွြှာ ပန့်ကြဲသွားပြီး ပုဂ္ဂလိကပိုင်လက်ထဲသို့ ကျရောက်သွားနိုင်သည်။ ထို့ကြောင့် ထိုမီဒီယာတို့ကို ချုပ်ကိုင်မောင်းနှင်နေသော ပြန်ကြားရေးဝန်ကြီးဌာနကို မဖျက်သင့်။
၎။ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်
မည်သည့်အရာမဆို တစ်ဘက်စွန်းရောက်သွားလျှင် မကောင်း။ လွတ်လပ်စွာေ ရးသားထုတ်ဝေခွင့်သည်လည်း ထိုနည်းလည်းကောင်းပင်။ ယခုအခါ စာပေလွတ်လပ်ခွင့်များစွာ ရနေပြီ ဖြစ်သော်လည်း စာပေလောကသားတချို့က မကျေနပ်ကြချေ။
ပုံနှိပ်လုပ်ငန်းကို အနည်းငယ် ထိန်းချုပ်ထားခြင်း၊ စာအုပ်စာစောင်များ ထုတ်ဝေသည့်အခါ ပြန်ကြားရေးဝန်ကြီးဌာနသို့ မိတ္တူ လေးငါးအုပ်နှင့် စာဖိုင် ဒီဗွီဒီ မဖြစ်မနေ ပေးရခြင်းတို့ကို ၎င်းတို့က ကလန်ကဆန် လုပ်ချင်နေသည်။
ယခင်က စာပေကင်ပေတိုင်အဖွဲ့ ဓားချက်အောက်တွင် ခေါင်းမဖော်ဝံ့သည့် စာပေလောကသားတို့သည် ယခုအခါ ရွှေရည်စိမ်ဒီမိုကရေစီ ခမောက်ကို ဆောင်းပြီးေ ရာင့်တက်နေကြမှာ အမြင်ကပ်စရာ ကောင်းလှသည်။ မည်သည့်အရာမဆို တစ်ဘက်စွန်းရောက်သွားလျှင် မကောင်း။ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ကိုလည်း အလုံးစုံ ပေးလိုက်လျှင် မကောင်းပါ။
သို့ပါသောကြောင့် စာပေ၊ စာနယ်ဇင်း ထုတ်ဝေသူများကို ဆက်လက်၍ ဦးချိုးထားနိုင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာန ရှိမှ ဖြစ်ပါမည်။
၅။ စာကြည့်တိုက် လူလာအောင်လုပ်ဖို့ ပင်ပန်းမယ်
မြို့နယ်တိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ခံ စာကြည့်တိုက်များ ရှိပါသည်။ အဆိုပါ အမည်ခံစာကြည့်တိုက်များကို ပိုမို အသက်ဝင်၊ လူသုံးများလာစေရေး ဆောင်ရွက်ရန်အတွက် စီစဉ်မည် ဆိုပါက ဘတ်ဂျက်များစွာ ကုန်ကျ၊ အလုပ် လွန်စွာ များပြားပါလိမ့်မည်။ အစိုးရသစ် လက်ထက်တွင် နာလန်ထူစရာ လုပ်ငန်း အများအပြား ရှိနေခြင်း၊ အစိုးရဟောင်းအဆက်ဆက် လူတတ်ကြီးလုပ်ပြီး နေရာတကာတွင် ပေါက်ကရ ဆောင်ရွက်ခဲ့မှုကို ပြုပြင်ပြောင်းလဲရန် အရေးတကြီးလိုအပ်နေခြင်းကို ထင်ရှားစွာ တွေ့နေရသည်။
အစိုးရသစ် လွန်စွာ အလုပ်များပါလိမ့်မည်။ စာကြည့်တိုက်များကို ဒီအတိုင်း ထားလိုက်ပါက အလုပ် သက်သာ၊ အသက်ရှူချောင်မည် ဖြစ်ပါသည်။ ထိုသို့ အသက်ရှူချောင်စေခြင်း အလို့ငှာ ထိုစာကြည့်တိုက်များ ဆက်လက် အိပ်ငိုက်စေရန် စီစဉ်ပေးမည့် ပြန်ကြားရေးဝန်ကြီးဌာနကို လုံးဝ (လုံးဝ) မဖျက်သင့်ပါ။
၆။ ဘယ်တိုင်းပြည်မှာမှ မရှိ
ဆင်ဖြူတော်သည် မည်သည့်နိုင်ငံတွင်မျှ မရှိ၊ မြန်မာနိုင်ငံတွင်သာ ရှိသည်။ ထို့ကြောင့် မြန်မာပြည် ဂုဏ်တက်သည်။ ထိုနည်းလည်းကောင်းပင် -ြ ပန်ကြားရေးဝန်ကြီးဌာန ဆိုသည်ကို တခြားသောနိုင်ငံတို့တွင် တွေ့ရန် ခက်ခဲလှသည်။ အများအားဖြင့် ဖွဲ့စည်းထားခြင်း မရှိ။ မြန်မာပြည်တွင်သာတွေ့ရသော ဝန်ကြီးဌာန ဖြစ်သည့်အတွက် ဤအရာသည် ကျွန်ုပ်တို့နိုင်ငံ ဂုဏ်ယူစွာ လက်မ ထောင်ရမည့်အချက်ဖြစ်သည်။
ဤသို့ ဆိုသည့်အတွက် ပြန်ကြားရေးဝန်ကြီးဌာနကို ဆင်ဖြူတော်များကဲ့သို့ သံကြိုးဖြင့် ချည်နှောင်ထားသင့်သည်ဟု ဆိုလိုခြင်း အလျဉ်း မဟုတ်ပါ။ တခြားနိုင်ငံများတွင် တွေ့ရခဲသည့်သဘော နှိုင်းယှဉ်ပြလိုခြင်းသာ ဖြစ်ပါသည်။
၇။ အတိုက်အခံတို့ကို နှိပ်ကွပ်ရေး
မည်သည့်အစိုးရမဆို အတိုက်အခံတို့ ရှိလာစမြဲ။ေ ဒ်ါအောင်ဆန်းစုကြည်အစိုးရတွင်လည်း အတိုက်အခံများ သေချာပေါက် ရှိမည်။ ဤတွင် အတိုက်အခံတို့ကို နှိပ်ကွပ်ရန် မီဒီယာလက်နက် လိုလာသည်။ အစိုးရအဆက်ဆက် အတိုက်အခံပြုလာသူတို့ကို အားရပါးရ နှိပ်ကွပ်ရာတွင်ပြန်ကြားရေးဝန်ကြီးဌာနက သူ့နည်းသူ့ဟန်ဖြင့် အလွန်တရာ တာဝန်ကျေ အသုံးတည့်ခဲ့သည်။ ပြန်ကြားရေးဝန်ကြီးဌာန ထိုသို့ အသုံးဝင်လှသောကြောင့် ထို့ဌာနကို ဖျက်သိမ်းပစ်ရန် ဒေါ်အောင်ဆန်းစုကြည်အစိုးရ မိုက်မိုက်မဲမဲ စဉ်းစားမည် မဟုတ်ဟု ယူဆပါသည်။ ။