Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

လင်းသက်ငြိမ် - နားစွင့်ကြ

$
0
0

လင်းသက်ငြိမ် - နားစွင့်ကြ
(မိုးမခ) ဇူလိုင် ၄၊ ၂၀၁၅

မင်းနဲ့ ငါကြားမှာ ကြားလူက ခြေစွမ်းပြနေတယ်
မင်းတို့နဲ့ ငါတို့ကြားမှာ
စဉ်းလဲကောက်ကျစ်မှုတွေက
နေရာယူထားကြတယ်
ငါတို့ဟာ ရဲဘော်ရဲဘက်တွေ၊ ဆွေရင်းမျိုးရင်းတွေ၊
သံခြေကျင်းခတ်ထားခံရတဲ့ခေတ်ကြီးရဲ့
သားသမီးတွေ.....
ခြေမမကောင်း ခြေမကိုမေ့ပြီး
ခြေထောက်ကို ရိုက်ချိုးတယ်
နားရွက်ကို တံတွေးဆွတ်တယ်
ဘာလဲ ဘာတွေလဲ ငါဆဲမိတော့မယ်
ထစ်ခနဲဆို ပုဆိုးခြုံထဲက လက်သီးပြ
ထစ်ကနဲဆို အမှောင်ရိပ်ခိုပြီး အော်ဟစ်ပြ
တရားကျစရာပဲ မင်းတို့ငါတို့ဟာ ဟာသပဲ
စည်းလုံးခြင်းတဲ့ အဲဒီစကားရဲ့ပြောင်းပြန်အနက်ထွက်နေတဲ့လူမျိုး
ယဉ်ကျေးမှုတဲ့ အပေါ်ယံတွေ မိတ်ကပ်တွေ
ကန်းနေတဲ့အသိဉာဏ်နဲ့ ဆက်ကန်းကြ
ခေါက်လိုက်ရင် ဂလိုင်သံကြားရမယ့် ဦးခေါင်းနဲ့
ဆက်မိုက်မဲကြ
သောက်တလွဲ အတွေးအခေါ်ပဲ
သောက်တလွဲ လိမ္မာခြင်းပဲ
သောက်တလွဲတွေ ....
သောက်တလွဲတွေ ....
သောက်တလွဲတွေပဲကွာ
ကြောက်ရွံ့နေတဲ့သူကို
အတင်းအဓမ္မဖြောင့်ချက်တောင်းပြီး
တကယ့်တရားခံအစစ်ကျ
အသာကလေးလွှတ်ထားရ
ရွှေပြည်ကြီးဟာ ရွှေပြည်သူတွေနဲ့ပဲ
ထိုက်တန်တာ မေ့မနေနဲ့
အစုလိုက်ထားတဲ့ ထင်းစည်းအကြောင်းလည်း သင်ခဲ့ကြရ
ကြားထဲချောင်းနေတဲ့ မြေခွေးအကြောင်းလည်း သင်ခဲ့ကြရ
ဘယ်မှာလဲ အသိပညာ
ဘယ်မှာလဲ မျိုးချစ်စိတ်
ဘယ်မှာလဲ ဘာသာတရားရဲ့ အဆုံးအမ
ရန်ပွဲတွေကိုကြောက်တယ်ဆိုပြီး
ရန်စကားတွေချည်း ပြောနေကြတယ်
ငြိမ်းချမ်းရေးကိုချစ်တယ်ဆိုပြီး
စစ်ပွဲအကြောင်းတွေ အရသာခံနေတယ်
ရပ်တော့ ရပ်ကြတော့ ရပ်ကြပါတော့
မင်းအတွက် မင်းမကြည့်နဲ့
မင့်မျိုးဆက်တွေအတွက်ကြည့်
ငါ့အတွက် ငါမကြည့်ဘူး
ငါ့မျိုးဆက်အတွက် ငါကြည့်မယ်
ယဉ်ကျေးမယ်
သင်ယူမယ်
ရိုးသားမယ်
ကြိုးစားမယ်
မင်းဟာ နိုင်ငံတော်အတွက် ဖြစ်ရမယ်
ငါဟာ နိုင်ငံတော်အတွက် ဖြစ်ရမယ်
မတရားတဲ့ စနစ်
မတရားတဲ့ အဖွဲ့အစည်း
မတရားတဲ့ စည်းမျဉ်းဥပဒေများ
အကုန်လုံးချိုးဖျက်ပစ်ရမယ်
အကုန်လုံးတွန်းလှန်ပစ်ရမယ်
အကုန်လုံးဆန့်ကျင်ပစ်ရမယ်
မင်းအိမ်ဟာ ငါ့အိမ်
ငါ့အမျိုးဟာ မင်းအမျိုး
အားလုံးဟာ တသွေးသားတည်းပဲလေ
မင်းရဲ့ဓားကို ငါ့လည်ပင်းပေါ်ကနေ ဖယ်လိုက်
ငါရဲ့ဓားကို မင်းရင်ဘတ်ပေါ်ကနေ ဖယ်လိုက်မယ်
လက်ဆွဲနှုတ်ဆက်မယ်
ပုခုံးချင်းဖက်မယ်
အမှောင်တွေလွန်ရင်
အလင်းတွေ ဆိုက်ရောက်လာပါလိမ့်မယ်
အလင်းမရောက်ခင်
ငါတို့အသိဉာဏ်တွေ မမှောင်မိုက်ဖို့သာအဓိက
ပစ်မယ့်မြားဆိုတာ
ပစ်မှတ်မမှားဖို့ အထူးလိုအပ်လျှက်ရှိပါတယ်။

လင်းသက်ငြိမ်

Viewing all articles
Browse latest Browse all 9633

Trending Articles


မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ပေါင်မှာ တက်တူးတစ်ခု ထပ်ထိုးခဲ့တဲ့ သင်​ဇာဝင့်ကျော်


TTA Oreo Gapp Installer


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြလေး အပိုင်း(၄)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>