Image may be NSFW.
Clik here to view.
ရွှေဘဏ်(ရွှေကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက်) စတင်ဖွင့်လှစ်
ရန်နောင်(ဗိုလ်တထောင်) မိုးမခ ဇန်န ဝါရီ ၁၁ - ၂၀၁၆
ရွှေဘဏ် သစ် ဖွင့်လှစ်ပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါဘဏ်သစ်တည်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ၊ ကျောက်တံတားမြို့နယ် ၊ ကုန်သည်လမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်၊ အမှတ်( ၆၆-၇၆) တွင် ကျင်းပပြုလုပ်ခဲ့သည်။
Image may be NSFW.
Clik here to view.
ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကို ဘဏ်အဆောက်အဦမျက်နှာစာ တွင်ကျင်းပရာ သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုး ဝင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန ဝန်ကြီးဒေါ်စန်းစန်းနွယ်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နာယက ၊ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင်ကို ဝင်း၊ မြန်မာနိုင်ငံဘဏ်များအသင်း ဥက္ကဋ္ဌ၊ သမ ဝါယမဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး နှင့် ရွှေဘဏ်နာယကကြီး ဒေါ်နီနီတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.
ထို့နောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငနှ်းရင်များအသင်းချုပ် နာယက ၊ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကို ဝင်း မှ ရွှေဘဏ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် မော်ကွန်းကမ္ဗည်းကြေးပြားဖွင့်လှစ်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် မှ မော်ကွန်းကမ္ဗည်းကြေးပြားကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပြီးနောက် ဧည့်သည်တော်များမှ အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကြသည်။
ထို့နောက် ရုံးချုပ်ဘဏ်ခွဲ ပထမထပ်ရှိ စုေ ဝးခန်းမတွင် ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ရှေးဦးစွာရွှေဘဏ်ဥက္ကဋ္ဌ မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ရွှေဘဏ် အနေဖြင့် MPU အဖွဲ့ ဝင်အဖြစ် (၁၅-၁-၂၀၁၅ ) ရက်နေ့တွင်လည်းကောင်း၊ ဗဟိုဘဏ် Cheque Clearing House Member အဖြစ် (၁-၇-၂၀၁၅) ရက်နေ့တွင် လည်းကောင်း ၊နိုင်ငံတကာဘဏ်လုပ်ငန်း အတွက် SWIFT Membership အဖွဲ့ ဝင်အဖြစ် (၁၆-၇-၂၀၁၅) ရက်နေ့တွင်လည်းကောင်း ၊မြန်မာနိုင်ငံဘဏ်များ အသင်း ဝင်အဖြစ် (၃၀-၁၁-၂၀၁၅) ရက်နေ့တွင်လည်းကောင်း ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။` ရွှေဘဏ် ´ မှ အများပြည်သူသို့ ခေတ်မီဘဏ် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် Oracle Flexcube Universal Core Banking System ကိုတပ်ဆင်အသုံးပြုထားပြီး Data Center ကိုလည်း ကောင်းမွန်သော နည်းစနစ်များဖြင့် တည်ဆောက်ထားကြောင်း သိရသည်။
` ရွေဘဏ် ´ အနေဖြင့် ပြည်တွင်းဘဏ် ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် အပ်ငွေလက်ခံခြင်း၊ ချေးငွေထုတ်ချေးခြင်း၊ ငွေလွှဲခြင်း၊ ငွေပေးအမိန့်(P.O) ထုတ်ပေးခြင်း၊ ဘဏ်အာမခံ (GUARANTEE) အမျိုးမျိုး ထုတ်ပေးခြင်း၊ လက်ဆောင်မွန်ချက်လက်မှတ်များ (GIFT CHEQUE ) များထုတ်ပေးခြင်း၊ DEBIT CARD ၊ CREDIT CARD များ ထုတ်ပေးခြင်း၊ ATM စက်များ၊ POS စက်များချထား၍ ဝန်ဆောင်မှုပေးခြင်း၊ MOBILE BANKING , Internet Banking စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
` ရွှေဘဏ်´ အနေဖြင့် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် နိုင်ငံခြားငွေစာရင်းများ ဖွင့်လှစ်ပေးခြင်း၊ သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းရှင်များအတွက် LC/ TT များ ဖွင့်လှစ်ပေးခြင်း၊ Money Changer များဖွင့်လှစ်၍ နိုင်ငံခြားငွေရောင်း ဝယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း ၊ Master Card, Visa Card များ ထုတ်ပေးခြင်း ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရိှပါသည်။