Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

အဲလိုထူး - “ဆယ်အိမ်ခေါင်း”

$
0
0

အဲလိုထူး - “ဆယ်အိမ်ခေါင်း”
(မိုးမခ) ဇန်န၀ါရီ ၁၅၊ ၂၀၁၆

နိုင်ငံက….…တောင်လိုလို မြောက်လိုလို လမ်းပေါ်မှာ၊ ကျွန်တော် ကလည်း တောင်လိုလို မြောက်လိုလိုကောင်။

ကျွန်တော်ငယ်ငယ်က လမ်းစဉ်လူငယ် သင်တန်း တက်ခဲ့ဘူးတယ်ဗျာ။ ကျောင်းမှာ… အသင်းခေါင်းဆောင်…. မော်နီတာတွေ ဘာတွေလည်း လုပ်ခဲ့ဘူးပါတယ်။

 ခေါင်းဆောင်မှုပညာလား၊ တပည့်တပန်းမွေးနိုင်ရင် ဆရာဖြစ်တာပဲ ဟာကို၊ ကျွန်တော့်မှာလည်း မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်း ရှိပါတယ်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆို တပ်ရင်းမှုးတွေ ဘာတွေဖြစ်နေပြီ၊ အခု အသစ်တက်မယ့်အစိုးရထဲမှာလည်း လွှတ်တော်အမတ် နှစ်ယောက်လောက် ပါတယ်ဗျာ၊ ဘယ်.. ဒီကောင်တွေက အိမ်သာထဲ ဆေးလိပ်ခိုးသောက်ရင်.. ကျွန်တော့်အကျန် အတိုလောက် ဖွာရတဲ့ ကောင်တွေ။

 ကျွန်တော်က ဒီကောင်တွေလို ဆယ်တန်းသာ မအောင်တာ... ကျောင်သားအရေးအခင်းဖြစ်တော့ လက်သီးလက်မောင်းတန်းခဲ့တာ ကျွန်တော်ပဲ၊ တကယ် ပစ်ဟယ်ခတ်ဟယ် ကြားထဲမှာနော်။ သတ္တိက... အသက်ချင်းလဲပစ်လိုက်မယ်.. ဘာမှတ်လဲ..။ ဒီမှာ.. အမေကိုယ်တိုင် အင်းစိန်ဂျီတီအိုင်ထဲ လိုက်တွေ့တာတောင် ကျုပ်က ပြောဆိုလွှတ်တာ၊ ခံယူချက်ကိုလာပြီးလေ မလျှော့နဲ့.. မရဘူး မှတ်။ စစ်ဖိနပ်နဲ့ ရင်ဝဆောင့်ကန်လည်း ကျောင်းသားက တစ်ပြားမှ မလျှော့ဘူး။

ကဲ... ဖြတ်သန်းမှုချင်း တိုင်းမလား.. လာခဲ့လေ။ ထောင်ထွက်လက်မှတ်နဲ့၊ ကဲ.. ဘယ်သူက ထမင်းလာကျွေးမလဲပြော..။ ကိုယ့်ဝမ်းစာ ကိုယ်ရှာစားရတယ်၊ ကိုယ့်တိုးတက်မှု ကိုယ်ဖမ်းဆုပ်ရတယ်၊ ဘဝနေထိုင်ရေး အဆင်ပြေမှ ကိုယ်လုပ်ချင်ရာလုပ်လို့ရမဲ့ ဘဝတွေ။

ကိုယ့်ဘဝကိုယ်တွေးပြီး နိုင်ငံတော်အဆင့်နဲ့ လက်တွဲ၊ အဘ ခေါ်ရတော့ရော... သေသွားတာမှ မဟုတ်တာ။ ကျွန်တော့်အဆင့်နဲ့ ရပ်ကွက်ကလေးမှာ လူတန်း သူတန်းစေ့တာ ကျွန်တော့်ရဲ့ကြိုးစားမှု။

လူ့ဘဝကြီးကို.. ဘယ်လိုလျှောက်လှမ်းရမလဲ… ။ တိုတိုကလေးနော်..။ လူတန်းစေ့ သူတန်းစေ့ဖြစ်ဖို့ ကျွန်တော်တို့ တော်တော် အားထုတ်ကြရပါလိမ်မယ်။ ဒီနေရာမှာ.. ဘယ်ဟာ အရေးကြီးဆုံးလဲ ဆိုတာ စဉ်းစားဆုံးဖြတ်ဖို့ လိုအပ်လာပါပြီ၊

ဒီကွေ့မှာ ဒီတက်နဲ့လှော်.. ဟိုကွေ့မှာ ဟိုတက်နဲ့လှော် ဆိုတဲ့ လှော်… ဆိုတဲ့ ဒသနက တော်တော်ကို အရေးပါ အရာရောက်ခဲ့ပါတယ်။ ကျွန်တော့်လို ငွေကြေးအင်အား အသင့်အတင့်ရှိပြီး နောက်လိုက်နောက်ပါတွေအတွက် အလျှော်အစား ခင်းနိုင်သူ တစ်ယောက်အတွက် အပိုင်လူကြီးတစ်ယောက်ဖြစ်ဖို့ မခဲယဉ်းလှပါဘူး။

ဧည့်စာရင်းစစ်ပြီး… ရန်ပုံငွေ ရှာပေးခဲ့တယ်။ ရဲမှုရေးရာတွေမှာ ကျွန်တော်က အသုံးတည့် အင်အားတစ်ခုပေါ့။ တာဝန်ရှိသူတွေနဲ့ ထိစပ်ပတ်သက်နေခြင်းက ကျွန်တော့်လုပ်ငန်းအတွက် ဝင်ငွေတိုးစေတာ အမှန်ပါပဲ။

လူက… … ကိုယ့်လမ်းကိုယ် ဖောက်တဲ့နေရာမှာ ကိုယ့်တစ်ကိုယ်စာအတွက် ဦးစားပေးစဉ်းစားခြင်းက အမှန်တရား တစ်ခုပါပဲ။ ကျွန်တော့် လုပ်ပိုင်ခွင့်တွေက နေရာပိုကျလာခဲ့ပါတယ်။

နိုင်ငံခြားအသံလွှင့်ဌာနတစ်ခုက သံဃာတော်တွေနှိမ်နှင်းရေးနဲ့ပတ်သက်ပြီး နံမည်တပ် စွပ်စွဲချက်က ကျွန်တော့်လုပ်ငန်းတာဝန်နဲ့ ပတ်သက်ပြီး အရောင်တင် ဂုဏ်မြင့်ပေးလိုက်တယ်လို့ ထင်ပါတယ်။ တကယ့်တော့.. အဲဒီအရေးအခင်းမှာ ကျွန်တော်က.. ဝါးရင်းတုတ်ကိုင်တယ် ဆိုတာ ဟုတ်ပါတယ်။ ကားပေါ်မှာ ပါတယ် ဆိုတာလည်း ဟုတ်ပါတယ်။ ဒါပေမယ့်… ရိုက်တဲ့အထဲမှာ ကျွန်တော်မပါဘူး။ အဲဒီလောက် ကျွန်တော် မလုပ်ရဲပါဘူး။ ဒါပေမယ့်… ကျွန်တော် မှိန်းနေလိုက်တယ်။ ဒါ… ကျွန်တော့်တက်လမ်းအတွက် ဂုဏ်ထူးဆောင်လက်မှတ် တစ်ခု။ အဲဒီစွမ်းဆောင်ရည်တွေအတွက် ကျွန်တော့်ကို ဂုဏ်ပြုလက်မှတ်တစ်ခု ချီးမြှင့်ခြင်းခံရပါတယ်။

လူက.. တူရာ တူရာ အုပ်စုဖွဲ့တယ် ဆိုတာ ပါပဲ..။ ကဲ… အခုထိ ကျွန်တော် ဆယ်အိမ်ခေါင်းဖြစ်နေတယ် ဆိုတာသာ ကြည့်တော့….။

Viewing all articles
Browse latest Browse all 9633

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>