Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ဆောင်းလူ - လေ

$
0
0
ဆောင်းလူ - လေ
(မိုးမခ) ဇန်န၀ါရီ ၁၆၊ ၂၀၁၆

မတူညီ ခြားနားမှုတွေနဲ့အတူ ... ခံနိုင်ရည်ရှိသလောက် အားတင်းထားလိုက်ပါဦး ...။ ဒီလေကိုပဲ ..ရှုနေရတာ ...။ ဒီလေကိုပဲ ... အမော ဖောက်မတတ် ... ရှုရှိုက်နေကြရတာ ...။

ဟိုးအရင်ကလည်း ဟပ်ဟပ်ထိုး ရှုခဲ့တယ် ...။
ခုလဲ ရှုဆဲ ...။
နောင် ရှေ့ဆက်ပြီး လောဘဇောတိုက် ရှုရဦးမယ် ...။

လေတွေ ... ဖောက်ပြန်လာလိုက်တာ ...
တခါတလေ ...စိမ်းစိမ်းတွေ ...
လေတွေ ... ဖောင်းကာလိုက်တာ ....
တခါတလေ ... ပဆုံ့ကြီးတွေ ..ကားခနဲ .ကားခနဲ ..နဲ့ ...

ဒီလေတွေ ...
အဲ့ဒီလေတွေကိုပဲ ..ဖောဖောသီသီ .. ရှိုက်သွင်း ... ရှုသွင်းနေသူတွေရှိတယ် ...။ မစို့မပို့ ရှုနေရသူတွေရှိတယ် ....။ ရှုသွင်းပုံခြင်းကွာခြားလို့ ထင်တယ် ... လောက်ငခြင်း မလောက်ငခြင်း ကွာခြားလို့ထင်တယ် ... တချို့ ဖောင်းကား ... တချို့ ပိန်ကပ် ...။

လေပေး ... လေယူနဲ့ ... အယူတည့်တုံး ... ရှုလိုက်ကြတာ ... ရှိုက်လိုက်ကြတာ ... ဟားဟား .ဟားဟားနဲ့ ....။ အပေးရှိလာပြန်တော့လည်း ရှုလိုက်ကြတာ ... ရှိုက်လိုက်ကြတာ ... ဟီးဟီး .. ဟီးဟီးနဲ့ ...။

လေနဲ့အတူ .... ဒွန်တွဲနေကြတာတွေ ...
လေနဲ့အတူ .... ယှဉ်တွဲနေကြတာတွေ ...
လေနဲ့အတူ .... မရှိ မဖြစ်ကိစ္စတွေ ...

အဆုံးစွန်သော ကိစ္စတွေနောက် ....

တနေ့နေ့ တချိန်ချိန် ... ခုံခုံမင်မင် ... မက်မက်စက်စက် ရှုရှိုက်နေကြရတဲ့ ... ဒီလေဆိုတဲ့အရာက ကိစ္စတိုင်းကို လေယူ လေသိမ်းမကောင်းလို့ ..ဖြတ်တောက်ပစ်လိုက်မယ်ဆိုရင်မှဖြင့် ...

ခုတော့ ..
တချို့က ..ပိန်ကပ် ..
တချို့က ...ဖောင်းကား ...

အဲ့ဒါ အသက်ရှုပုံ .. ရှုခြင်းကြားမှာ ... တိုက်ပွဲတွေကို ဖြစ်လို့ ..။

ဇန်န၀ါရီ ၁၆၊ ၂၀၁၄

Viewing all articles
Browse latest Browse all 9633

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ