Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

လင်းလွန်းခင်စာပေတိုက်( ၉) နှစ်ပြည့် အမှတ်တရ စာအုပ်သစ်များ မိတ်ဆက်ပွဲ ပြုလုပ်

$
0
0


လင်းလွန်းခင်စာပေတိုက်( ၉) နှစ်ပြည့် အမှတ်တရ စာအုပ်သစ်များ မိတ်ဆက်ပွဲ ပြုလုပ်
ရန်နောင်(ဗိုလ်တထောင်) မိုးမခ ဇန်နဝါရီ ၁၉ - ၂၀၁၆

လင်းလွန်းခင် စာပေတိုက် (၉) နှစ်ပြည့် အမှတ်တရ စာအုပ်သစ်များ မိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ ဒဂုံမြို့နယ် စကားဝါလမ်း ရှိ မင်းကွန်းတိပိဋက ရွှေရတုကျောင်းဆောင်တွင် ဇန်နဝါရီလ (၁၉) ရက် ညနေ (၄) နာရီ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အလင်္ကာဝတ်ရည် မြန်မာသံတေးဂီတ ဝိုင်းနှင့်တွဲဖက်၍ တေးသံရှင်များဖြစ်ကြသော ဦးမောင်မောင်ကြီး၊ ဦးမင်းနောင်၊ဦးမောင်မောင်အေး၊ ဒေါ်မာမာအေး၊ဒေါ်ရီရီသန့်၊ သီသီမာ စသည်တို့မှ တေးသံသာများဖြင့် ဖျော်ဖြေပေးခဲ့ကြသည်။ တော်ဝင်ဦးကိုကိုထွေးမှလည်း တေးသီချင်းသီဆို၍ ဂုဏ်ပြုပေးခဲ့သည်။


ဆက်လက်၍ စာအုပ်များမိတ်ဆက်ပွဲ အခမ်းအနားကို အခမ်းအနားမှူး စာရေးဆရာမ အဖြူရောင်(ရွှေ) မှ အစီအစဉ်များကို မိတ်ဆက်ပေးခြင်းဖြင့် စာအုပ်များ မိတ်ဆက်ပွဲ အခမ်းအနားကို စတင်ခဲ့သည်။

ဆရာကြီးမြဝင်း(ဒဿန) မှ မင်္ဂလာစကားပြောကြားပေးခဲ့ပြီး



ဆရာကြည်မင်းမှ ထုတ်ဝေသည့် စာအုပ်သစ်များ နှင့်ပတ်သက်၍ အမှာစကား ပြောကြားပေးခဲ့သည်။

ဆက်လက်၍ ဆရာမဒေါ်မာမာအေး မှ မုဒိတာ စကားပြောကြားပေးခဲ့သည်။



ထို့နောက် ဆရာလေးကိုတင် မှ လင်းလွန်းခင်စာပေစစ်တမ်းကို လည်းကောင်း၊ 

ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ) မှ မုဒိတာစကားပြောကြားပေးခြင်းဖြင့်လည်းကောင်း၊



ဆရာဦးဘုန်း(ဓါတု)မန္တလေးမှ လင်းလွန်းခင် နှင့် ဦးဘုန်း၊ ဦးဘုန်း နှင့် လင်းလွန်းခင် အကြောင်း ဖြင့်လည်းကောင်း၊ ဆရာမဝင်းဝင်းမြင့် (နန်းတော်ရှေ့) မှ လွမ်းချင်းဖွဲ့သစ္စာနှင့် ပတ်သက်၍ ခံစားရသမျှ တင်ပြခြင်းဖြင့်လည်းကောင်း အသီးသီးပြောကြားခဲ့ကြသည်။

ဆရာဦးဘုန်း (ဓါတု) အလှည့်တွင် ဆရာက ` မ ရင်ထဲကမင်း ´ သီချင်းဖြင့်ပါ သီဆိုဂုဏ်ပြုခဲ့သေးသည်ကိုလည်း တွေ့ရှိခဲ့ရသည်။


ထို့နောက် လင်းလွန်းခင် စာပေတိုက်မှ ဦးသိန်းလွင်(ကျောက်ပုထိုး)မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး 


လင်းလွန်းခင် စာပေတိုက် ဖြစ်မြောက်ရေးအတွက် အကြံပေး ညွှန်ပြပြောဆိုပေးခဲ့ကြသော ဆရာကြီး၊ဆရာမကြီးများအား ဂါရဝပြု ကန်တော့ခြင်းကို ပြုလုပ်ခဲ့သည်။

ဆရာကြီး မြဝင်း(ဒဿန)၊ ဆရာကြီးမောင်မိုးသူ၊ ဆရာကြီးတင်မောင်မြင့်၊ ဆရာကြီး တင့်ဇော်၊ ဆရာကြီးမောင်စိမ်းနီ၊ ဆရာကြီးဝင်းငြိမ်း၊ ဆရာမကြီး ခင်ဆွေဦး၊ ဆရာမကြီး ဒေါ်ကြွယ်ကြွယ်၊ ဆရာမကြီးဒေါ်မာမာအေး၊ ဆရာမကြီးဒေါ်ခင်စောတင့် နှင့်ဆရာမကြီးဒေါ်စမ်းစမ်းနွဲ့(သာယာဝတီ) တို့အား ကန်တော့ခဲ့သည်။


လင်းလွန်းခင် စာပေတိုက်မှ အသစ်ထုတ်ဝေလိုက်သောစာအုပ်များမှာ ပါရဂူ- ဗုဒ္ဓအဘိဓမ္မာနှင့် နိုင်ငံရေးဝါဒများ၊ မာမာအေး - ပြောပြစရာတွေတပုံကြီး (၅) ၊ တင့်ဇော် - အင်္ကျီအစင်းကျားနှင့် ကောင်ကလေး၊ ဝင်းဝင်းမြင့်(နန်းတော်ရှေ့) - လွမ်းချင်းဖွဲ့သစ္စာ ၊လေးကိုတင် --ဧရာဝတီရုပ်ပုံလွှာများ ၊ ဦးဘုန်း(ဓာတု) မန္တလေး - အပျိုကြီးပုံပြင် (အတွေးရသပုံပြင်များ)၊ တင်မောင်မြင့် - ကျိန်စာသင့် အတိတ် ချစ်ဆိပ်ရည်ချို ၊ လင်းလွန်းခင် စိတ်ကြိုက် ရာသီစက်ဝန်းထဲမှ အက်ဆေးများ(၂) ၊ မောင်နှင်းပန်း -- ကောင်းကင်စီးကြောင်းနှင့် မဂ္ဂဇင်းဝတ္တုတိုများ စသည်ဖြင့် စုစုပေါင်း ကိုးအုပ်အား မိတ်ဆက်ခဲ့သည်။

လင်းလွန်းခင်စာပေတိုက် သည် စစ်အာဏာရှင်ခေတ်ကျပ်ထဲတွင် ရသစာပေကို ထွန်းကားအောင် ထုတ်နေသော တိုက်အဖြစ် စာပေလောကတွင် နာမည်ရနေသော တိုက်တတိုက်ဖြစ်ကြောင်းလည်း တက်ရောက်သူ ဆရာကြီးတဦးမှ ပြောကြားခဲ့ပါသည်။

Viewing all articles
Browse latest Browse all 9633

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>