Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

လင်းသက်ငြိမ် - မနက်​ခင်းတစ်ခု​မှာ​ ပျောက်​ဆုံးသွားသူတယောက်​အ​ကြောင်း

$
0
0

လင်းသက်ငြိမ် - မနက်​ခင်းတစ်ခု​မှာ​ ပျောက်​ဆုံးသွားသူတယောက်​အ​ကြောင်း
(မိုးမခ) ဇန်န၀ါရီ ၂၁၊ ၂၀၁၆
 
ဒီ​နေ့မနက်​စာဟာလည်း ​မေတ္တာဓာတ်​မပါတဲ့အစားအစားပါပဲလို့ သူစားပွဲဘေးထိုင်​ရင်း​တွေးမိသည်​။ အေးစက်​​နေတဲ့ အစား အစာ​တွေကိုစားပြီး​ အေးစက်​​နေတဲ့ အလုပ်​ဝတ်​အင်္ကျီကိုဝတ်​ဆင်​ပြီး မ​နေ့ကအတိုင်းပဲ အလုပ်​ခွင်​ထဲ ​အေးစက်​စွာပြန်​ဝင်​ရ​ပေလိမ့်​မည်​။ သူ့ဘဝသည်​ အဆင်မ​ပြေမှုများနှင့်​သာ အမြဲတမ်းဖက်​လှဲတကင်း​လွန်းလှသည်​ဟု ​တွေးမိတဲ့အခါတိုင်း ကျွန်​ပိုင်​ရှင်​​ခေတ်​ရဲ့ပုံရိပ်​များကိုသာ သူမြင်​​ယောင်​မိ​နေသည်​။ လူကိုလူခြင်း အဖိနှိပ်​ခံရခြင်းသည်​ ​ငွေမရှိသူများရဲ့သမိုင်း​ပေး တာဝန်​လား။ သူ့အ​တွေးတို့ ဟိုဒီပြန့်​ကြဲလို့ ဆယ့်​သုံးနှစ်​သားဘဝက ပန်းရံအလုပ်​သမားဘဝဆီရောက်သွားသည်​။ ​မြေကျင်း တူခဲ့ရတဲ့ဘဝကို​ရောက်​သွားသည်​။ ကြံရည်​တွန်းလှည်း​နောက်​က ကြံ​ချောင်း​တွေကို ကြိတ်​စက်​နဲ့လှည့်​ကြိတ်​​နေတဲ့ဘဝကို​ရောက်​သွားသည်​။ အရက်​ဆိုင်က စားပွဲထိုးဘဝ၊ ကားဝပ်​​ရှော့တခုရဲ့ပညာသင်​ဘဝ၊ လက်​ဖက်​ရည်​ဆိုင်က စားပွဲထိုးဘဝ၊​ ကုန်​စုံဆိုင်​က အ​ရောင်းစာ​ရေးဘဝ၊ ​ကျောက်​​ခွေ​လောင်း​နေတဲ့ဘဝ၊ စာအုပ်​အငှားဆိုင်​က​လေးဖွင့်​ခဲ့တဲ့ဘဝ၊ အခု ဘဝအချိုး အ​ကွေ့အဖြစ်​မြို့ကြီးတမြို့မှာ ဘဝကိုပစ်​တင်​ထားရပြန်​ပြီ။

အလုပ်​​တွေသာ ​ပြောင်းလဲသွားခဲ့သည်​ သူ့ဘဝက​တော့ ​ကျောက်​ချထားတဲ့သ​ဘောင်္လိုပဲဟု မကြာခဏသူ​တွေးမိသည်​။ အ​ပျော်​တမ်းလက္ခဏာကြည့်​တတ်​တဲ့မိတ်​​ဆွေတစ်​​ယောက်​က မင်းဟာ အမြဲတမ်းရုန်းကန်​​နေရမယ်​တဲ့။ တုန်​လှုပ်​ခဲ့​ကြောင်း ကို သူဝန်​ခံရဲပါသည်​။ သူသည်​ စိတ်​ထိခိုက်​လွယ်​ပြီး၊ ဆုံးဖြတ်​ချက်​ မပြတ်​သားသူဖြစ်​​ကြောင်းလည်း သူ့ကိုယ်​သူ တံဆိပ်​ကပ်​ခဲ့ပြီးဖြစ်​သည်​။ သူဟာ ဘဝမှာ တကြိမ်​တခါ​လောက်​​တော့ အ​ကောင်းဆုံးမိုက်​မဲကြည့်​ချင်​ခဲ့ဖူးသည်​။ သူ့ကိုယ်​သူ မြင်​​ယောင်​ကြည့်​လိုက်​တိုင်း ကျာပွတ်​​အောက်​ကမြင်းတကောင်​ကို​ တွေ့ရသည်​။ တခါတရံ တယောက်​တည်း ငိုတတ်​တဲ့အကျင့် ကို သူမုန်းသည်။ အခု​တော့ မျက်​ရည်​မကျတာကြာပြီလို့ သူသတိရမိ၏။

ငယ်​ငယ်​ကတည်း ပင်​လယ်​ကိုမမြင်​ဘူး​ခဲ့ပေမယ့်​ လှိုင်းကို​တော့ မကြာခဏ ခံစားခဲ့ရသူလို့လည်း ဒိုင်​ယာရီထဲ​ရေးမှတ်​ခဲ့ဖူး သည်​။ ဘဝကို အလိုနည်းစွာတည်​​ဆောက်​သူ၊ အဖြူစင်​ဆုံးရှင်​သန်​သူ၊ အရဲရင့်​ဆုံး​တော်​လှန်​သူ​တွေအားလုံးကို သူ​လေးစား အားကျခဲ့​ပေမယ့်​ လှုပ်​ရမ်း​နေတဲ့​ရေအိုး​ဟောင်းတခုလို ​မိုက်​မဲလိုက်​၊ လိမ္မာလိုက်​၊ ရိုင်းစိုင်းလိုက်​၊ ယဉ်​​ကျေးလိုက်​နဲ့ အနည်​မထိုင်​ခဲ့မှန်းလည်း သူသိခဲ့ရသည်​။ သူ့အ​မေက သူ့ကိုစိတ်​မချဘူး။ သူ့အ​ဖေက သူ့ကို အားမရဘူး။ အားနာခြင်း၊ နှုတ်​မရဲခြင်း၊ ယုံကြည်​လွယ်​ခြင်းဟာ သူ့ရဲ့အဓိကအားနည်းချက်​ဆိုတာ အသက်​အရွယ်​အရ သူနည်းနည်းရိပ်​မိလာပြီဖြစ်​သည်​။

ဘဝမှာ​ငွေထက်​အ​ရေးကြီးတာ​တွေအများကြီးလို့ ခပ်​တည်​တည်​ရယ်​သွမ်း​သွေးခဲ့ဖူး​ပေမယ့်​ ​ငွေစ​ကြေးစ​တွေအတွက်​ သူ့ခံ စားချက်​ကို အကြိမ်​ကြိမ်​စ​တေးခဲ့ရသူ။ နောင်​တဟာ သူ့ရဲ့မိတ်​​ဆွေငြီး​ငွေ့မှုက သူ့ကဗျာ၊ မ​အောင်​မြင်​မှုဟာ သူ့သူငယ်​ချင်း၊ ဒုက္ခဟာ သူရဲ့စိတ်​ဆိုးတတ်​တဲ့ချစ်​သူဖြစ်​၏။ သူ့ဘဝသူအားမရတိုင်း နံရံကိုလက်​သီးနဲ့ထိုး၊ ချစ်​သူနဲ့ အကြိမ်​ကြိမ်​ ရန်​ဖြစ်​။ပျော်​ရွှင်​မှု​တွေဟာ တဖြည်းဖြည်းချင်း သူ့ကိုစွန့်​ခွာသွားကြ​တော့သည်​။

အိပ်​မက်​အကြီးကြီး​တွေနဲ့ သူဟာ ကမ္ဘာ​ကျော်​ချင်​ခဲ့ဖူးသည်​။ ပိုက်​ဆံများများ ကိုင်​ဖူးချင်​ခဲ့သည်​။ ကားတစီး​လောက်​​အော်​ဒါငှားပြီး မြို့ကို တပတ်​တိတိ ပတ်​ချင်​ခဲ့ဖူးသည်​။ ပိုက်​ဆံလာ​ချေးသည့်​မိတ်​​ဆွေ​တွေကို မငြီးမငြူထုတ်​​ချေးချင်​ခဲ့သည်​။ သူ့ အ​ဖေနဲ့အ​မေကို ဘုရားဖူးပို့ချင်​ခဲ့ဖူးသည်​။ အိပ်​မက်​​တွေဟာ အပြင်​​လောကမှာ မပွင့်​မှန်းသူသိခဲ့ရတယ်​။ အဆင်​​ပြေမှုဟာ သူနဲ့အမျိုးမ​တော်​မှန်း သိခဲ့ရတယ်​။ မြို့ထဲကိုလမ်း​လျှောက်​တိုင်း ဟန်​​ဆောင်​ရင်​​ကော့ထား​လေ့ရှိတဲ့သူဟာ ​သောက​တွေနဲ့ တနှစ်​ထက်​ တနှစ်​ အရပ်​ပုပုလာတယ်​လို့ ခံစားရတာကြာပြီ။

ကံကံရဲ့အကျိုးကိုယုံကြည်​သက်​ဝင်​​ပေမယ့်​ သူ့အဖြစ်​အပျက်​​တွေအရ အ​ကောင်းမြင်​ဝါဒနဲ့ အဆက်​အဆံမလုပ်​ဖြစ်​​တော့ တာ ​လေးနှစ်​တိတိရှိပြီဖြစ်​သည်​။ သူ့အတွက်​ မနက်​ဖြန်​ဆိုတာ ​သေဆုံးဖို့အတွက်​ ပွင့်​လာတဲ့ပန်းဖြစ်​ပြီး၊ ပစ္စုပ္ပန်​ဟာ အဆင်​မ​ပြေမှုရဲ့ မြေဆီ​မြေနှစ်​ဖြစ်​သည်​။ နာကျင်​ဖွယ်​အတိတ်​ကို​တော့ လက်​ရှိမ​ပျော်​ရွှင်​မှုများနှင့်​ ဖုံးအုပ်​ထားလိုက်​သည်​။ နေ​ရောင်​ခြည်​ဟာ မိစ္ဆာ​တွေရဲ့ရန်​သူဖြစ်​သလို ​အ​ကောင်​ဆုံးဆိုတဲ့အရာ​တွေဟာ သူနဲ့မသက်​ဆိုင်​ကြပါ။ လမ်းများသည်​ သူ၏ မိတ်​​ဆွေဖြစ်​ပြီး။၊ ရော့ခ်​သီချင်းများသူ၏ တရားဓမ္မဖြစ်​သည်​။ သူသည်​ ခါးသက်​​သော နေ့ရက်​များကို အရွယ်​နဲ့မမျှ​အောင်​ရရှိခဲ့ခြင်း​ကြောင့်​ ​ငွေ​ကြေးများရန်​အတွက်​ ဉာဏ်​ပညာနုံနဲ့ရခြင်းများလားဟုလည်း မကြာခဏ​တွေးတတ်​၏။
ကောင်းကင်​ပြာကြီး​အောက်​ သာမညအစက်​အ​ပျောက်​က​လေး​မှန်း သူ့ဖြစ်​တည်​မှုကို သူသိသည်​။ နေ​လောင်​​နေတဲ့သစ်​ရွက်​​တွေရဲ့ ထူးမခြားနား အ​ဆွေးသီချင်းမှာ သူဟာလည်း အပါအဝင်​ဖြစ်​ကြောင်း​​ သူသိ၏။ သူ၏သိခြင်းဟာ သူ့ရင်​ဘတ်​ကို ထိုး​အောင့်​​စေတဲ့ဆူးဖြစ်​မှန်းကိုလည်း သူသိခဲ့တာ နှစ်​လတိတိရှိခဲ့ပြီလည်းဖြစ်​သည်​။ ကျီးကန်းတို့၏ အုပ်​စုဖွဲ့​အော်​သံ​တွေမှာ သူ့အ​တွေးတို့ ပြတ်​​တောက်​သွားခဲ့ပြီး အလုပ်​သွားရန်​ သူပြင်​ဆင်​ပြီးထွက်​လာသည်​။ မြို့ကြီးသည်​​နေ​ရောင်​​တွေ​အောက်​မှာ မည်း​မှောင်​​နေသည်​ကို သူမြင်​​တွေ့လိုက်​ရ​တော့ နာကျင်​စွာရယ်​​မောရင်း ဒုန်းစိုင်း​ပြေးဝင်​သွားတာဟာ သူ့ကို​နောက်​ဆုံးမြင်​​တွေ့လိုက်​ရခြင်းပဲဖြစ်​သည်​။     ။

လင်းသက်​ငြိမ်

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...