Quantcast
Viewing all articles
Browse latest Browse all 9633

မောင်လူရေး - အကြောင်ဇယားနဲ့ အားလို့ လုပ်တဲ့နိုင်ငံရေး မဖြစ်ဖို့

Image may be NSFW.
Clik here to view.
၂၀၁၅ ရွေးကောက်ပွဲတောင် ဘယ်နေမှန်း မသိခင်တုန်းက စောငိုရေးခဲ့တဲ့ ကာတွန်း

မောင်လူရေး - အကြောင်ဇယားနဲ့ အားလို့ လုပ်တဲ့နိုင်ငံရေး မဖြစ်ဖို့
(မိုးမခ) ဇန်န၀ါရီ ၂၅၊ ၂၀၁၆

ကာချုပ်နဲ့ ဒေါ်စုတွေ့ကြအုံးမလို့တဲ့။
ဘာရယ်မဟုတ်ဘူး၊ ကာချုပ်နေရာက စဉ်းစားကြည့်မိတယ်။
ဒေါ်စုကို သမတကြီးအဖြစ် “ဂါ” မလား။ ဒေါ်စုရွေးလိုက်တဲ့ ဘယ်သူ့ကိုမဆို သမတကြီးအဖြစ် “ဂါ” မလားဆိုတာ ... ။ အနိုင်ရသူက သမတဖြစ်လို့ မရပေမဲ့ အဲဒီလူက ခန့်တဲ့ ဘယ်သူမဆို သမတဖြစ်မယ့် ဥပဒေကြီးနဲ့ ဆိုတော့လေ။ နောက် - ကိုယ်ရွေးတဲ့ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးတွေက ကိုယ့်ထက် ရာထူးကြီးနေ သလိုလိုမျိုးကလဲ ဖြစ်နေပြန်။

ပီးတော့ ဒေါ်စုနေရာက စဉ်းစားကြည့်ပြန်တော့လဲ...
သမတ အထက်ဘဲ တက်ထိုင်ရမှာ လိုလို
လွှတ်တော် အထက်ဘဲ တက်ထိုင်ရမှာ လိုလို
သမတကိုညွှန်ကြားပြီး သမတအောက်က ဝန်ကြီးဘဲ ဆင်းလုပ် ရ မလိုလို။
ပါတီကိုဘဲ အပီအပြင် ကိုင်ရ မလိုလို။

တိုင်းရင်းသားတွေဘက်က ကြည့်ပြန်တော့လဲ ကိုယ့်ပြည်နယ်မှာ ကိုယ် မဲနိုင်အုံးတော့ တပြည်လုံး မနိုင်နိုင်တော့ ကိုယ်ပိုင်အစိုးရ ဘယ်တော့မှ မဖွဲ့နိုင်သလို။ ဒီအတွက် ဖက်ဒရယ်ဖြစ်ဖို့ ငြိမ်းချမ်းရေးရဖို့ မဖြစ်နိုင်သလိုလို။

နိုင်ငံတကာဘက်ကကြည့်ပြန်တော့လဲ သမတကိုဘဲ တွေ့ရုံနဲ့ မပြီး၊ ဒေါ်စုနဲ့ချည်းဘဲလဲ ဥပဒေနဲ့ မညီ၊ ကာချုပ်ဆီကိုလဲ ဝင်ရ အချိန်ရော ငွေရော ထပ်ပိုး ကျမယ့်ကိန်း။

တပ်အမတ်တွေဘက်က ကြည့်ပြန်တော့လဲ စစ်ဝတ်စစ်စားကြီးနဲ့ “ငါဟဲ့ ... အမတ်” ဆိုပြန်တော့လဲ ဘယ်သူကမှ ရွေးတာမဟုတ် တဲ့အပြင် အမတ်လုပ်ဖို့ ဆည်းပူးလေ့လာခဲ့တာလဲ မဟုတ်တော့ ဟန်ရပန်ရအမတ်ကလဲ မဖြစ်ပြန်။ “ငါဟဲ့ စစ်သား” လို့ ကြုံးဝါးပြန်တော့လဲ လက်ထဲမှာ ဘောလ်ပင်ဘဲရှိ။

နောက်ဆုံးတော့ ဘာမှ မ ဘာ ရဘဲနဲ့ သမတ နဲ့ ကာချုပ်အထက်က အကျအန အုပ်ချုပ်ခွင့်ရတာကတော့ ပြည်ထဲရေးဝန်ကြီးဘဲ ရှိတော့တာဟာ....

ဒီထက်မက ကမောက်ကမတွေနဲ့  ဂျောက်ကျနေတာဟာ... ဖွဲ့စည်းပုံ၂၀၀၈ကြီးကြောင့်။

ဒါကြီးကို ဒို့ ပြည်ထောင်စုမြန်မာနိုင်ငံတော် “ဖဲ့စည်းပုံအခြေခံဥပဒေ” လို့ဆိုမလား။ ဒို့ ပြည်ထောင်စု မြန်မာနိုင်ငံတော် “ဖျက်ဆီးပုံအခြေခံဥပဒေ” လို့ခေါ်မလား။ ဖျက်ချင်ဖျက် ပြင်ချင်ပြင် မဟုတ်ရင်တော့ အမည်ပြောင်းခေါ်ရမယ့်ကိန်း။

တကယ်တန်းကျတော့လဲ အဲဒါကြီးက ဘယ်သူရေးခဲ့မှန်း ဘယ်သူမှ တိတိကျကျ သိတာမဟုတ်ဘူး။ ညီလာခံ တက်ခဲ့တဲ့သူတွေလဲ တယောက်မှ ရေးခဲ့ရတာ မဟုတ်ဘူး။ တကယ်တန်းကျ ညောင်နှစ်ပင်တက်သူတွေဟာ ဘယ်က ရောက်လာမှန်းမသိတဲ့စာတွေကို ဆွေးနွေးချင်ယောင် ဆောင်ခဲ့ရတာ။ အဲဒါကြီးကို ဟိုဟာကြီးမသေခင် အင်တာဗျူးထားသင့်တယ်။ မဟုတ်ရင် လင်ကောင်မပေါ်ဘဲ မွေးသလိုလို၊ လေဥဘဲ ဥသလိုလိုနဲ့ ကမ္ဘာ့သမိုင်းတလျှောက်လုံး ဟာသလုပ်ခံရမဲ့ မြန်မာ့ နိုင်ငံရေးပြက်လုံး ဖြစ်နေအုံးမယ်။

ဒါကြီးကို “မဖြစ်မနေ ကာကွယ်စောင့်ရှောက်မယ်” ဆိုတဲ့သူတွေကလဲ ဘယ်သူရေးမှန်း ဘာတွေရေးမှန်း သဲကွဲတာမဟုတ်ဘူး။ “ကာကွယ်စောင့်ရှောက်မယ်” လို့ သစ္စာဆိုသူတွေကလဲ တကယ်တန်းကျ ပြင်ကိုပြင်ရမယ်လို့ သစ္စာဆဲနေကြတဲ့ ဟာကြီး။

မကြာခင် မာလကီးယားတော့မဲ့ ကြံ့ပါတီအစိုးရခေါင်းဆောင် မောင်ဌေးဦးလေးကတောင် သူများတွေ ၄၃၆ပြင်မယ် လက်မှတ်တွေ ရောက်လာတော့မှ ဖတ်ကြည့်မလို့ ရှိသေးတယ်ဆိုပြီး ထုတ်ဖော်ဝန်ခံခဲ့သေးတဲ့ ဟာကြီး။

ဒီတခါ ကာချုပ်ကြီးနဲ့ မာမီကြီးတွေ့ရင် အဲဒီဟာကြီး အဲသလိုဟာကြီးကို “တာတီး” လိုက်ရင်ကောင်းမှာဘဲ။
မဟုတ်ရင် မြန်မာ့နိုင်ငံရေးဟာ မြက်ထုံးနဲ့ အလေးချိန်ညီအောင်လို့ဆိုပြီး ကျောက်တုံးပါ တဖက်က ချိပ်ပြီး လမ်းလျှောက်နေရသလို ဖြစ်နေအုံးမှာဘဲ။

ကမ္ဘာကြီးမှာ ကျုပ်တို့လောက် ကြောင်တဲ့သူတွေရော ရှိသေးရဲ့လားဗျာ။

မောင်လူရေး

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...