Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ဆောင်းလူ - စိတ်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ အယ်လ်နီညို

$
0
0

ဆောင်းလူ - စိတ်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ အယ်လ်နီညို
(မိုးမခ) ဇန်န၀ါရီ ၂၈၊ ၂၀၁၆


ခုတော့ ရုတ်တရက် ကျူးကျော်ခံလိုက်ရတဲ့ လေနုအေးတွေကြား ကျုံ့သွားတဲ့စိတ်ကူးတွေ ကျူးကျော်ခံလိုက်ရတာက စ တာပဲ။

ကမ္ဘာလား ..တဲတဲလေး ကျန်ပါတော့တယ်။ ပျက်ဖို့ ....။

သူ့ကြောင့် ...
ငါ့ကြောင့်နဲ့ ....
ထိုးထားတဲ့ လက်ညှိုးတွေလည်း အယ်လ်နီညိုအောက်မှာ ကွေးကွေးပြီး ကိုယ့်ဘက်ပြန်ပြန်လှည့်လာတယ်။

အယ်လ်နီညိုလှိုင်းလုံးကြီးအောက်မှာ ဖက်ရှင်ဒီဇိုင်းမျိုးစုံနဲ့ ပျက်ကာနီး ကမ္ဘာကလည်း အရောင်သွေးစုံလို့ ...။

ကမ္ဘာတခြားမှာတော့ ခါးတ၀က်လောက်နှင်းတွေကို ဂေါ်ပြားတွေနဲ့ တူးတူးကော်ပြီး အလုပ်များနေသလောက် ... တခြား ကမ္ဘာခြားမှာတော့ ပုရစ်ဖူးတွေနဲ့ နွေဦးရဲ့ အရသာကို ခံစားလို့ပါလား။

၁၀ ဒီဂရီ စက်ဆဲလ်ရက်ဆိုတာ အင်္ဂလန်နိုင်ငံသားက သူ့အတွက် နေသာထိုင်သာ အခြေအနေလောက်ပဲရှိတယ်ပြောပေမယ့် ကိုယ့်မှာတော့ နိုင်ငံနာမည်မပါတဲ့ ဆင်တွေ၊ ကျားတွေရဲ့ အသွေးအသားတွေကို မျှောမျှာပြီး ကိုယ်ပူဆာလှုံနေရတဲ့ဘ၀ ...။

ဒီကြားထဲ ထိုင်ဝမ်သမတသစ်ရဲ့ ၀က်အူချောင်းကိစ္စကြားမိပြန်တော့ ... ဒါလည်း အယ်လ်နီညို ဖြစ်မှာပါလေ .။

သူများကမ္ဘာက ကိုယ့်ကမ္ဘာပြန်ကြည့်ခဏတော့ ...
အယ်လ်နီညိုလှိုင်းကြောင့်လား ...?
ဘဘုန်းလည်း တက်တူးမယ်တွေကို ပွတ်ကြည့်နေလေရဲ့ ....။
လူမမယ်လေးတွေကလည်း ကျူးကျော်လာတဲ့ ဘူဒိုဇာဆိုတာကြီးကို ပြူးကြည့်လို့ ..။
ဒီဘူဒိုဇာကြီးတွေပဲလေ ...။ လက်ပတောင်းက ဘုရားကို ဒေသာစာရီကြွဖို့ ပင့်ချီကြဖူးတယ် ...။
ဒီဘူဒိုဇာကြီးတွေကပဲ ...
ဒီဘူဒိုဇာကြီးတွေကပဲ ....
ဒီဘူဒိုဇာကြီးတွေကပဲ ... တာဝန်ဆိုတဲ့ လက်ပတ်နီနီကြီးတွေပတ်လို့ ...။
ဒါနဲ့ပဲ ... ဒါကြောင့်ပဲ ...
အယ်လ်နီညိုကြောင့်ထင်ပ ...
ဟို အလုပ်လုပ်နေကြတဲ့ လွှတ်တော်ထဲက ကျူးကျော်ကြီးတွေလည်း အိပ်မောကျလို့ ...။

သြော် .. ကိုယ်တိုင်တောင်မှ
အယ်လ်နီညိုရောက်လာမှ သီချင်းဟောင်းတွေ အဆက်မပြတ်နားထောင်ရင်း ..
ကိုထီးရဲ့ နွေနံနက်ခင်းသီချင်းသံစဉ်အောက်မှာ ...

မျက်နှာမသစ်ပဲ ကိုယ်ပူဆာလှုံဖို့ မျှောမျှောချနေတဲ့ ၀ီစကီတခွက်က .... မြောက်ဝန်ရိုးစွန်းသွားရင် ၀တ်ရမယ့် ဘောင်းဘီတိုတိုကို စိတ်ကူးပေးနေပြန်ပေါ့။

ဘောင်းဘီတိုတိုနဲ့ စိတ်ကူးတွေကလည်း ကျုံ့ကျုံ့သွားပြန်ပေါ့ ...။
ဒါလည်း အယ်လ်နီညိုကြောင့် ဖြစ်မှာပါလေ ...။

အယ်လ်နီညိုရယ် ... ခင်ဗျားကြောင့် ... ကျုပ်ထိုးထားတဲ့ လက်ညှိုးလည်း ကျုပ်ဘက်ပြန်ပြန်လှည့်လာပြန်ပြီ။

Viewing all articles
Browse latest Browse all 9633

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>