Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ချင်းရဟန်းတော် အရှင်ပညာသာမိ၏"နှလုံးသားထဲက ငယ်ဆရာ"စာအုပ်ထွက်ရှိ

$
0
0

ချင်းရဟန်းတော် အရှင်ပညာသာမိ၏"နှလုံးသားထဲက ငယ်ဆရာ"စာအုပ်ထွက်ရှိ
Sk ရှန်လိန်း၊ မိုးမခစာအုပ်စင်၊ ဇန်န၀ါရီ ၂၉၊ ၂၀၁၆


စာရေးသူရဟန်းတော်၏ ရွှေရတုမွေးနေ့အမှတ်တရ အဖြစ် ထွက်ရှိလာသည်။ စာအုပ်တွင် အပိုင်း ၃ ပိုင်း ပါဝင်သည်။ (၁) နှလုံးသားထဲက ငယ်ဆရာ၊ (၂) နှလုံးသားထဲက မွေးရပ်မြေ ၊ (၃) နှလုံးသားထဲက စာစုများ တို့ဖြစ်သည်။ ပထမ နှင့် ဒုတိယမှာ အတွေ့အကြုံနှင့် ခံစားမှုကို ရောမွှေထားသော အတွေးရသ ဆောင်းပါးရှည်များ ဖြစ်ပြီး တတိယမှာ ရဟန်းတော် သဘောကျ နှစ်ခြိုက်သော ကဗျာနှင့် စာစုအချို့ကို ဖေါ်ပြထားခြင်းဖြစ်သည်။ ဖေါ်ပြထားသော ကဗျာအချို့တွင် မူရင်းဖန်တီးရှင်များကို မတွေ့ရပေ။ စာကို ယူငင် သုံးစွဲထားသော်လည်း ပိုင်ရှင်ကိုမျှ ဖေါ်ပြနိုင်ခြင်း မပြုနိုင်လောက်အောင် ကျေးဇူးကန်းကြရသလားဟု စာရေးဆရာကြီးတစ်ဦး က ပြောဖူးတာကို သတိရစရာ ဖြစ်ရသည်။သို့သော် စာအုပ်တနေရာတွင်( ကူးယူမှတ်သားခဲ့ရာတွင် မူရင်းရေးသားသူ အမည်အချို့  ပါမလာပါ) ဟု ဖေါ်ပြတောင်းပန်ထားသည်။

ကျေးဇူး၏မြစ်ဖျား ၊နှလုံးသား၏မှတ်တိုင် ခေါင်းစဉ်ဖြင့် ဆလိုင်းရွှေလင်းက အမှာစာတိုလေး ရေးပေးထားရာ  အောက်ပါအတိုင်း ဖြစ်သည်။

ချင်းကလေးငယ်တစ်ဦး၏ ဘ၀အစ။ သူ့ကို ပေါက်ခေါင်းမြို့နယ်တွင် မွေးဖွားသည်။ ငှက်တော်ဦး၊ အရှိုချင်း ကျေးရွာတွင် ကြီးပြင်းသည်။ အသက် ၄ နှစ် အရွယ်တွင် ဖခင်ဆုံးပါးသည်။ အသက် ၁၀ နှစ် အရွယ်တွင် မိခင်ဆုံးပါးသည်။ မွေးချင်း မရှိ။ တစ်ကောင်ကြွက်။ အပေါင်းအသင်းမှားပြီး ပေပေတေတေ ဆိုးဆိုးသွမ်းသွမ်း နေခဲ့ဖူးသည်။ သူ့မိခင်၏ အစ်မနှင့် အိမ်ထောင်ကျသူ ဘကြီးက လူငယ်လေး၏ အနာဂါတ်ကို စိုးရိမ်ပြီး လူငယ်ကို လက်ဆွဲကာ ပညာဇောတာရုံဆရာတော် ဦးနန္ဒိယထံ အပ်နှံခဲ့သည်။ တောရဆရာတော် ဦးတေဇိန္ဒက စာပေများ သင်ကြားပေးခဲ့သည်။ မြင့်မြတ်သောလမ်း၊ မှန်ကန်သောလမ်းတွင် ရှင်ရဟန်းဘဝဖြင့် လျှောက်လှမ်းနိုင်ခဲ့သည်။ ထိုရဟန်းသည် သင် ယခုဖတ်ရှုနေသော စာအုပ်ကို ရေးသားစုစည်းသူ အရှင်ပညာသာမိ ဖြစ်သည်။အရှင်၏ ကလောင်ခွဲတစ်ခုမှာ ချင်းလေး(ပေါက်ခေါင်း)ဖြစ်သည်။ ဆရာသမားတို့၏ ကျေးဇူး၊ စာပေ၏ကျေးဇူး၊ ဗုဒ္ဓသာသနာတော်၏ ကျေးဇူးများကို ထိုအရှင်မြတ်၏နှလုံးသားမှ အစဉ်ထာဝရ သိမှတ်နေကြောင်း သက်သေတစ်ခုမှာ ယခုစာအုပ်ထွက်ပေါ်လာခြင်းပင် ဖြစ်ါပေသည်တမုံ့ ။

ဦးဆလိုင်းရွှေလင်း (အမှတ် ၀၀၆၇၀)က ထုတ်ဝေပြီး ဓမ္မဒါန ဖြန့်သည်။၂၀၁၆ ဖေဖေါ်ဝါရီလတွင် ပထမအကြိမ်အဖြစ် အုပ် ၁၀၀၀ ထုတ်ဝေသည်။

Viewing all articles
Browse latest Browse all 9633

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>